လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံနေရသည့် မြန်မာ လုပ်သားနှစ်ဦးအတွက် စည်ဖြိုးဘာတွေဆက်လုပ်မလဲ

လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံနေရသည့် မြန်မာ လုပ်သားနှစ်ဦး အမှုကို ပြန်လည် သုံးသပ်ရန်နှင့် ၄င်းတို့ လွတ်မြောက် မှုအတွက် အတတ်နိုင်ဆုံး ကူညီပေးရန် မြန်မာနိုင်ငံမှ ရှေ့ဖြစ်ဟော အကြားအမြင် ဆရာမကြီး အီးတီ (ခ) ဒေါ်ဆွေဆွေဝင်းက ထိုင်း ဘုရင် မင်းမြတ်ထံ မေတ္တာရပ်ခံ အသနားခံစာ ကို ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးတွင် ထိုင်းသံအမတ်ကြီးအား မေလ ၃ ရက်နေ့ ညနေ ၄နာရီ တွင် သွားရောက် တွေ့ဆုံပေးအပ်ခဲ့ပါတယ်။ အဒေါ်ဖြစ်သူ ဆရာမ အီးတီနဲ့အတူ လိုက်ပါသွားခဲ့ပြီး ဝင်းနဲ့ဇော်အတွက် အတတ်နိုင် ဆုံး ကူညီပေးခဲ့တဲ စည်ဖြိုး က…
 ချစ်သူသက်တမ်း(၄)နှစ်ကျော်ပြီဖြစ်တဲ့ စည်ဖြိုးနဲ့ နဒီထွဋ်ဆွေ(အဆိုတော်ကျော်ထွဋ်ဆွေရဲ့ အမ)
“ကျွန်တော် အစကတည်းက ဒီကိစ္စကို ကြားနေတာပဲလေ။ ဘယ်လို ပဲဖြစ်ဖြစ်မြန်မာ အချင်းချင်းပဲ။ ကျွန်တော် ထင်တယ် ဒီကိစ္စက တချို့က သေး သေးလေး ထင်ကြပေမယ့် ဒီကိစ္စကမသေးဘူးဗျ။ ဒီကိစ္စက တစ်ခုခု ကမောက် ကမဖြစ်သွားခဲ့မယ် ဆိုရင် ထိုင်းနဲ့ မြန်မာ အတွက်လည်း မကောင်းဘူး။ ဒါနောက်ဆုံးမျှော် လင့်ချက်ပါ။ နောင်များအဖြေသည် Yes ဖြစ်ခဲ့သည်ရှိသော်၊ NO ဖြစ်ခဲ့သည်ရှိသော် ဘယ်လိုပဲဖြစ်ခဲ့ သည် ရှိသော် ကိုယ်အတတ်နိုင်ဆုံး လုပ် ပေးခဲ့ရတယ် ဆိုတာကို ကိုယ့်ဘာသာ ကိုယ် လိပ်ပြာလုံနိုင်အောင် ပါ။ ဘာမှ မလုပ်ပေးလိုက်ရဘဲ ပြီးသွားတော့မှ“ဟာငါဘာမှမလုပ်ပေးလိုက်ရဘူး”ဆိုတာကိုအကြောက်ဆုံးပဲ။ အဲဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့အတတ်နိုင်ဆုံးလုပ်ပေးလိုက်တာပါ။
ထိုင်းသံရုံးရှေ့မှာ အဒေါ်ဖြစ်သူနာမည်ကြီးဗေဒင်ဆရာမ အီးတီနဲ့ စည်ဖြိုးတို့ညီအကို၂ယောက်
ကျွန်တော့ အဒေါ်ရဲ့မျက်နှာကြောင့်လည်း ပါ မှာပေါ့လေ။ အဲဒါကြောင့် အဆင်ပြေစွာပဲ စကားပြောဆို ခဲ့ရပါတယ်။ အဆင် ပြေပါတယ်” လို့ ပြောပါတယ်။ လတ်တလောမှာ စည်ဖြိုးက ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေရဲ၊ အိချောပို တို့နဲ့အတူ ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ အမြဲတမ်း ပြုံးနေပြီးတော့ သွေးအေးတတ်တဲ့ ကြေးစားလူမိုက် အနေနဲ့ သရုပ်ဆောင် နေ ပါတယ်။
myanmarcelewiki

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...