ရေနစ်သေဆုံး မြန်မာအမျိုးသမီး အလောင်း သာမာန်ဆယ်ယူလို့မရ



မြန်မာနိုင်ငံသား တွေဟာ မြန်မာဘက်ခြမ်း ကနေ ထိုင်းဘက်ခြမ်း မယ်လမတ်မြို့နယ်ရှိ စိုက်ခင်းထဲမှာ နေ့ချင်းပြန်အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဖြစ်ကြောင်း၊ မေ ၁၇ ရက်ညက မယ်လမော့ချောင်းရေကို ဖြတ်ကျော်စဉ် ရေစီးပြင်းထန်လာပြီး ၁၀ ဦးလုံး မျောပါသွားကြောင်း၊ ကျန်တဲ့သူတွေက ရေစီးကိုဆန်ပြီး ကူးခတ်လွတ်မြောက်ခဲ့ပေမယ့် သားအမိ ၂ ယောက် ပေါ်မလာဘူးလို့ မယ်လမတ်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး နိုင်းကလိန်းဆဒ်ဒီ ပွန်တာဘုန်းက သတင်းထောက်တွေကို ပြောပါတယ်။



ကယ်ဆယ်ရေး အဖွဲ့တွေက ရေထဲကျန်ရှိနေသေးတဲ့ သူမ သမီးဖြစ်သူ မဆုမွန်အောင် (၁၆ နှစ်) ကို ဆက်လက်ရှာဖွေနေကြောင်း၊ မယ်လမတ် ကယ်ဆယ်ဆယ်ရေး အဖွဲ့အပြင် မဲဆောက်မြို့နယ် မယ့်ကစ်လုန်ကယ်ဆယ်ရေးအဖွဲ့ပါ ရောက်ရှိလာပြီး ပူးပေါင်းရှာဖွေနေကြပေမယ့် ရေမှာ နောက်ကျိနေပြီး ရေစီးက သန်နေဆဲမို့ ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်း၊ တစ်ညနဲ့ တစ်ရက် ပျောက်ဆုံးနေတာမို့ သူမဟာ သေဆုံးသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆကြောင်း မယ်လမတ်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

Credit :DVB


ရေနစ်သေဆုံး မြန်မာအမျိုးသမီး အလောင်း ထိုင်းသံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီးမှ သယ်ယူ၍ရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ် မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ညက မိုးသည်းထန်ရွာသွန်းပြီး တောင်ကျချောင်းရေမြင့်လာတဲ့အတွက် မြန်မာနိုင်ငံသား ၁၀ ဦး ချောင်းရေ ထဲမျောပါသွားကာ ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေတယ်လို့ မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသား တွေဟာ မြန်မာဘက်ခြမ်း ကနေ ထိုင်းဘက်ခြမ်း မယ်လမတ်မြို့နယ်ရှိ စိုက်ခင်းထဲမှာ နေ့ချင်းပြန်အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဖြစ်ကြောင်း၊ မေ ၁၇ ရက်ညက မယ်လမော့ချောင်းရေကို ဖြတ်ကျော်စဉ် ရေစီးပြင်းထန်လာပြီး ၁၀ ဦးလုံး မျောပါသွားကြောင်း၊ ကျန်တဲ့သူတွေက ရေစီးကိုဆန်ပြီး ကူးခတ်လွတ်မြောက်ခဲ့ပေမယ့် သားအမိ ၂ ယောက် ပေါ်မလာဘူးလို့ မယ်လမတ်မြို့နယ် ဒုအုုပ်ချုပ်ရေးမှူး နိုင်းကလိန်းဆဒ်ဒီ ပွန်တာဘုန်းက သတင်းထောက်တွေကို ပြောပါတယ်။

တောင်ကျချောင်းရေထဲ လူပျောက်ဆုံးကြောင်း သတင်းရရချင်း စစ်တပ်၊ ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေပါ စုစုပေါင်းအင်အား ၅၀ လောက် အခင်းဖြစ်တဲ့နေရာကို ရောက်သွားပြီး ပျောက်ဆုံးနေတဲ့ သားအမိ ကို  နေ့ရောညပါရှာဖွေခဲ့ကြကြောင်း၊ မေလ ၁၈ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ မိခင်ဖြစ်သူ ဒေါ်မာဦး (အသက် ၃၈ နှစ်) ရဲ့ အလောင်းကို အခင်းဖြစ်တဲ့နေရာနဲ့ ၁ ကီလိုမီတာအကွာမှာ ပြန်တွေ့ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် သူမ အလောင်း မှာ အလွန်လေးလံနေပြီး ဘယ်လိုမှ ကုန်းပေါ် ကို ဆွဲတက်လို့ မရကြောင်း၊ ဒေသခံတွေယုံကြည်သက်ဝင်မှုအရ သူမ ဟာ သမီးဖြစ်သူကို နောက်ဆံတင်းနေလို့ ၀ိညာဉ် က အလောင်း ကနေ မခွာနိုင်တာကြောင့် လေးလံနေတာဖြစ်ကြောင်း၊ ဒါကြောင့် သံဃာတော် ၄ ပါးပင့်ဖိတ်ပြီး လာရောက်ရွတ်ဖတ်သရဇ္ဈာယ် ပြီးတဲ့နောက်မှာမှ သူ့အလောင်းကို အလွယ်တကူ သယ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ရေထဲကျန်ရှိနေသေးတဲ့ သူမ သမီးဖြစ်သူ မဆုမွန်အောင် (၁၆ နှစ်) ကို ဆက်လက်ရှာဖွေနေကြောင်း၊ မယ်လမတ် ကယ်ဆယ်ဆယ်ရေး အဖွဲ့အပြင် မဲဆောက်မြို့နယ် မယ့်ကစ်လုန်ကယ်ဆယ်ရေးအဖွဲ့ပါ ရောက်ရှိလာပြီး ပူးပေါင်းရှာဖွေနေကြပေမယ့် ရေမှာ နောက်ကျိနေပြီး ရေစီးက သန်နေဆဲမို့ ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်း၊ တစ်ညနဲ့ တစ်ရက် ပျောက်ဆုံးနေတာမို့ သူမဟာ သေဆုံးသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆကြောင်း မယ်လမတ်မြို့နယ် ဒုအုုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

Credit :DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...