ဒီေလာက္ေတာင္ မွားရတယ္လို႔... ေတာက္... ေဒါသထြက္လိုက္တာ..

တပ္ကုန္းျမိဳ႕ မယင္းႀကီးေက်းရြာတြင္ေနထိုင္္ေသာ မိခင္ေလာင္း မခင္မ်ိဳးႏြယ္သည္္ ကိုယ္ဝန္ေဆာင္ခ်ိန္(၃၂)ပတ္ရွိေသာ အခါပ်ဥ္းမနားကုတင္ ၂၀၀ ေဆးရုံသို႔ မိမိလြယ္ ထားေသာ ကိုယ္ဝန္အား သြားေရာက္၍ ျပသ အပ္ႏွံခဲ႔သည္ ။တာဝန္က်ဆရာဝန္၏ ညႊန္ႀကားခ်က္အတိုင္းဓာတ္ခြဲခန္းမွာ ေသြးစစ္ပါသည္။ေသြးစစ္ခ်က္ အေျဖတြင္ HIV ပိုးရွိသတဲ႔။ ဒါ့ေႀကာင့္ HIV ကာကြယ္ေဆး ေသာက္ခိုင္းတယ္။ ေဆး ၃ႀကိမ္ေသာက္ခဲ့သည္။ေဆးေသာက္ျပီးခ်ိန္မွစ၍ မေနနိုင္ မထိုင္နိုင္ေအာင္ ဗိုက္နာလာပါသည္။ အဲ႔ဒါနဲ႔႔ ည AM9:00 တြင္ေဆးရုံ ပို႔လိုက္ရသ ည္။ ေဆးရုံေရာက္လ်ွင္ ကူးစက္ေရာဂါအခန္းတြင္ ထားသည္။ ယင္းအခန္း၌ပင္ တာဝန္က် ဆရာမက ၎ေဆးအား မျဖစ္မေနေသာက္ရမည္ ဆိုကာ သူ႕ေရွ႕တြင္ေသာက္ခိုင္းသည္။

မိခင္ေလာင္းကလည္း မိမိႏွင့္ရင္ေသြးေလး ဘဝ ဆံုးရွံုးပါျပီ မိသားစုႏွင့္မၾကာခင္ခြဲခြါရေတာ့မည္ ေဆြမ်ိဳးအသိုင္းအဝန္း မ်ားႀကား မ်က္ႏွာ မျပဝံ႕ဟု ေတြးေတာငိုေႀကြးေနသည္ကိုအေဒၚျဖစ္သူက သိရွိသြားေတာ့သည္။သို႔ႏွင့္အေဒၚျဖစ္သူက မခင္မ်ိဳးႏြယ္၏ခင္ပြန္း ကိုနိုင္လင္းအား ဘို အထူးကုေဆးခန္းတြင္ HIV ပိုးရွိ/မရိွ စစ္ေဆးရာ ပိုး မ ရွိေႀကာင္း အေျဖစာရြက္ရရွိခဲ႕သည္။ယင္းအေျဖအား တာဝန္က်ဆရာမထံျပသခဲ႔႔ရာ ခင္ပြြန္းမွာ မရွိလည္း မိန္းမမွာ ရွိတ တ္တယ္လို႔ေျပာသည္။ တဖန္ အေဒၚျဖစ္သူက မိခင္ေလာင္းအား ဘို အထူးကုေဆးခန္းတြင္ သြားေရာက္ စစ္ေဆးရာ HIV ပိုး မရွိေႀကာင္း အေျဖထြက္ခဲ႔သည္။ အေျဖစာရြက္အား ဆရာဝန္ထံ ျပခဲ့သည္။တာဝန္က်ဆရာမက အေဒၚျဖစ္သူအား အဲ႔ေလာက္တတ္ေနလ်ွင္ ေဆးရုံကို လာမေနနဲ႕ လို႔ ျပစ္တင္ေျပာဆိုခဲ့သည္။ ေဆးရုံအုပ္ႀကီးလာမွ ျပန္စစ္ေပးမည္ဟု ေျပာကာ ျပန္ထြက္သြားခဲ့သည္။ 1:00 ခန္႔တြင္ ေဆးရုံအု ပ္ႀကီးမွ ခင္ပြန္းသ ည္အားေခၚကာ သားေႀကာျဖတ္ရန္ ေဆြးေႏြးခဲ႔သည္။

ခင္ပြန္းျဖစ္သူက မိမိတြင္ HIV ပိုးမရွိ၍သားေႀကာ မျဖတ္နိုင္ေႀကာင္း ျပန္လည္စစ္ေဆးေပးေစလိုေႀကာင္းေတာင္းပန္ခဲ့သည္။ သို႔ႏွင့္ေဆးရံုတြင္ ျပန္စစ္ရာ ခင္ပြန္းႏွင့္တကြမိခင္ေလာင္းတြင္ပါ HIV ပိုးမရွိေႀကာင္း အေျဖထြက္ခဲ့သည္။ေဆးရံုအုပ္ႀကီးမွ ဓာတ္ခြဲခန္းတာဝန္က်ဆရာအားေမးျမန္းရာ သက္တမ္းလြန္ (expire date)ေဆးသံုးခဲ႕မိသည့္အတြက္ အေျဖမွားယြင္းခဲ့ေႀကာင္း ျပန္လည္ေျဖႀကားခဲ႔သည္။ မိခင္ေလာင္းသို႕လည္းဓာတ္ခြဲခန္းတာဝန္က် ဆရာက မိမိတို႔ဖက္မွ မွားယြင္းေႀကာင္း ေပါ႔ေပါ႕ေလး ေျပာခဲ့သည္။စာေရးသူ၏ဆႏၵမွာ ဒီလိုအမွားမ်ိဳးသည္ မည္သူ႔ကိုမ်ွ မနစ္နာေစလိုပါ။ ကာယကံရွင္မိသားစုအတြက္ မိုးႀကိဳးအပစ္ခံရ သည္႕အျဖစ္ထက္ အဆေပါင္းမ်ားစြာ ခံစားရမည္ထင္ပါသည္။ေနာက္ေနာင္ ဒီအျဖစ္မ်ိဳးေတြ ဘယ္သူ႕ကိုမွ မႀကဳံေစ ခ်င္လို႕ပါ

REF: KO TOO
Credit To :စာအုပ္ၿမိဳ႕ေတာ္
=========

တပ်ကုန်းမြို့ မယင်းကြီးကျေးရွာတွင်နေထိုင််သော မိခင်လောင်း မခင်မျိုးနွယ်သည်် ကိုယ်ဝန်ဆောင်ချိန်(၃၂)ပတ်ရှိသော အခါပျဉ်းမနားကုတင် ၂၀၀ ဆေးရုံသို့ မိမိလွယ် ထားသော ကိုယ်ဝန်အား သွားရောက်၍ ပြသ အပ်နှံခဲ့သည် ။တာဝန်ကျဆရာဝန်၏ ညွှန်ကြားချက်အတိုင်းဓာတ်ခွဲခန်းမှာ သွေးစစ်ပါသည်။သွေးစစ်ချက် အဖြေတွင် HIV ပိုးရှိသတဲ့။ ဒါ့ကြောင့် HIV ကာကွယ်ဆေး သောက်ခိုင်းတယ်။ ဆေး ၃ကြိမ်သောက်ခဲ့သည်။ဆေးသောက်ပြီးချိန်မှစ၍ မနေနိုင် မထိုင်နိုင်အောင် ဗိုက်နာလာပါသည်။ အဲ့ဒါနဲ့့ ည AM9:00 တွင်ဆေးရုံ ပို့လိုက်ရသ ည်။ ဆေးရုံရောက်လျှင် ကူးစက်ရောဂါအခန်းတွင် ထားသည်။ ယင်းအခန်း၌ပင် တာဝန်ကျ ဆရာမက ၎င်းဆေးအား မဖြစ်မနေသောက်ရမည် ဆိုကာ သူ့ရှေ့တွင်သောက်ခိုင်းသည်။

မိခင်လောင်းကလည်း မိမိနှင့်ရင်သွေးလေး ဘဝ ဆုံးရှုံးပါပြီ မိသားစုနှင့်မကြာခင်ခွဲခွါရတော့မည် ဆွေမျိုးအသိုင်းအဝန်း များကြား မျက်နှာ မပြဝံ့ဟု တွေးတောငိုကြွေးနေသည်ကိုအဒေါ်ဖြစ်သူက သိရှိသွားတော့သည်။သို့နှင့်အဒေါ်ဖြစ်သူက မခင်မျိုးနွယ်၏ခင်ပွန်း ကိုနိုင်လင်းအား ဘို အထူးကုဆေးခန်းတွင် HIV ပိုးရှိ/မရှိ စစ်ဆေးရာ ပိုး မ ရှိကြောင်း အဖြေစာရွက်ရရှိခဲ့သည်။ယင်းအဖြေအား တာဝန်ကျဆရာမထံပြသခဲ့့ရာ ခင်ပွွန်းမှာ မရှိလည်း မိန်းမမှာ ရှိတ တ်တယ်လို့ပြောသည်။ တဖန် အဒေါ်ဖြစ်သူက မိခင်လောင်းအား ဘို အထူးကုဆေးခန်းတွင် သွားရောက် စစ်ဆေးရာ HIV ပိုး မရှိကြောင်း အဖြေထွက်ခဲ့သည်။ အဖြေစာရွက်အား ဆရာဝန်ထံ ပြခဲ့သည်။တာဝန်ကျဆရာမက အဒေါ်ဖြစ်သူအား အဲ့လောက်တတ်နေလျှင် ဆေးရုံကို လာမနေနဲ့ လို့ ပြစ်တင်ပြောဆိုခဲ့သည်။ ဆေးရုံအုပ်ကြီးလာမှ ပြန်စစ်ပေးမည်ဟု ပြောကာ ပြန်ထွက်သွားခဲ့သည်။ 1:00 ခန့်တွင် ဆေးရုံအု ပ်ကြီးမှ ခင်ပွန်းသ ည်အားခေါ်ကာ သားကြောဖြတ်ရန် ဆွေးနွေးခဲ့သည်။

ခင်ပွန်းဖြစ်သူက မိမိတွင် HIV ပိုးမရှိ၍သားကြော မဖြတ်နိုင်ကြောင်း ပြန်လည်စစ်ဆေးပေးစေလိုကြောင်းတောင်းပန်ခဲ့သည်။ သို့နှင့်ဆေးရုံတွင် ပြန်စစ်ရာ ခင်ပွန်းနှင့်တကွမိခင်လောင်းတွင်ပါ HIV ပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။ဆေးရုံအုပ်ကြီးမှ ဓာတ်ခွဲခန်းတာဝန်ကျဆရာအားမေးမြန်းရာ သက်တမ်းလွန် (expire date)ဆေးသုံးခဲ့မိသည့်အတွက် အဖြေမှားယွင်းခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ မိခင်လောင်းသို့လည်းဓာတ်ခွဲခန်းတာဝန်ကျ ဆရာက မိမိတို့ဖက်မှ မှားယွင်းကြောင်း ပေါ့ပေါ့လေး ပြောခဲ့သည်။စာရေးသူ၏ဆန္ဒမှာ ဒီလိုအမှားမျိုးသည် မည်သူ့ကိုမျှ မနစ်နာစေလိုပါ။ ကာယကံရှင်မိသားစုအတွက် မိုးကြိုးအပစ်ခံရ သည့်အဖြစ်ထက် အဆပေါင်းများစွာ ခံစားရမည်ထင်ပါသည်။နောက်နောင် ဒီအဖြစ်မျိုးတွေ ဘယ်သူ့ကိုမှ မကြုံစေ ချင်လို့ပါ

REF: KO TOO
Credit To :စာအုပ်မြို့တော်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...