ကိုရီးယားမှာ နှာခေါင်းသွားပြင်နေတဲ့ ဆုပန်ထွာ


နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်သူ မေမေဆုပန်ထွာကတော့ ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး နှာခေါင်းခွဲစိတ်ပြုပြင်နေတယ်လို့ သိရပါတယ်။ ယခုက ဒုတိယအကြိမ်ခွဲစိတ်မှုပြုလုပ်တာဖြစ်ပြီး သူမနဲ့အတူ မေသန်းနုလည်း ပါတယ်လို့ သိရပါတယ်။

သူမရဲ့ facebook မှာတော့ ယခုလိုတင်ထားတာတွေ့ရပါတယ်။

"Korea နိုင်ငံ Seoul မြို့မှာ အလှသွားပြင်မလို့ပါ။

ရန်ကုန်ကဆေးခန်းနံမည်က Grand Esta Myanmar Beauty Center ပါ။

Korea ဆေးရုံက JW Plastic Surgery Center ဖြစ်ပါတယ်။

အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသော Grand Esta ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။"

သူမနဲ့အတူ ခင်ပွန်းဖြစ်သူလည်းလိုက်ပါလာတာဖြစ်ပြီး ခင်ပွန်းဖြစ်သူကတော့ ဘေးကနေ အားပေးစောင့်ရှောက်နေတာကို သူတို့ရဲ့ လူမှုကွန်ရက်မှတဆင့်သိရပါတယ်။
ကိုရီးယားရောက်ချစ်သူလေးနဲ့ ဆိုပြီး ခွဲစိတ်ထားပြီး ပတ်တီးတစ်ချို့နဲ့ ဇနီးဆုပန်ထွာနဲ့အတူ ဓာတ်ပုံလေးရိုက်တင်ထားပြီး ပရိသတ်တွေကတော့ ကျန်းမာရေးဂရုစိုက်ပါဆိုပြီး ပြောနေကြတာတွေ တွေ့ရပါတယ် ပရိသတ်ကြီးရေ........

Source: Oakar Kyaw

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...