အမြန်လမ်း လူ ရှစ်ဦး သေဆုံးခဲ့တဲ့ အန်စာတုံးကား မီးလောင်မှု ဘာဆက်ဖြစ်သလဲ


အမြန်လမ်းကားမီးလောင်မှု ရှစ်လောင်းပြိုင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကားမောင်းသူ ကိုအောင်ခန့်ကို သင်္ကာ မကင်း ဖြစ်နေတာတွေရှိကြောင်း   သေ ဆုံးသူရဲ့ ကာယကံရှင် တစ်ဦးက ဝေဖန် ပါ တယ်။အမြန်လမ်းအန်စာတုံးကားမီးလောင် မှုနဲ့ ပတ်သက်ပြီး အမှုအခြေအနေကို ကာယကံရှင်တွေဆီ  ရဲတပ်ဖွဲ့ဘက်က အကြောင်းပြန်တာမျိုး၊ ထပ်မံစစ်ဆေးတာ မျိုး မလုပ်သေးကြောင်း သေဆုံးသူမသင်းသင်းမော်ရဲ့ခင်ပွန်းဖြစ်သူ ပြောပြချက်အရ သိရပါတယ်။
သည်ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာဆိုရင်လည်း ကားမီးလောင်မှုမှာ လူရှစ်ယောက် စလုံးသေဆုံးပြီး အ သက်ရှင်ကျန်ရစ်သူတစ်ယောက်ပဲ လွတ်သွားတာကြောင့် ကားမောင်းကျွမ်းကျင်သူတချို့က ဝေဖန်ပြောဆိုနေ ကြပါတယ်။ တချို့ကတော့ အသက်ရှင်လွတ်မြောက်သူ နဲ့ သေဆုံးသူတွေအကြား ရန်ငြိုးရန်စတစ်စုံ တစ်ခုကြောင့် ကြံစည်တာလည်း ဖြစ်နိုင် ကြောင်း  သူတို့ရဲ့အမြင်ကို  ရေးသားကြပါ တယ်။သည်ကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူတွေရဲ့ ကာယကံရှင်တွေဘက်ကို စီအိုင်ဒီက  ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် တွေ့ဆုံစစ်ဆေးခဲ့ပေမဲ့ လက်ရှိအချိန်အထိ အကြောင်းပြန်တာမျိုးတွေ၊ စစ်ဆေးမေး မြန်းမှုလုပ်ဆောင်တာမျိုးတွေမရှိကြောင်း သေဆုံးသူတစ်ဦးရဲ့ ခင်ပွန်းဖြစ်သူ ကို အောင်ကိုဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်နေ့ မနက် ၈းဝ၀နာရီ အမြန်လမ်းမပေါ်ရှိ ရန်ကုန် ဘက်အပြန် လေးမိုင်အကွာလောက်မှာ  အန်စာတုံးကား မီးလောင်ခဲ့တာကြောင့် ကားမောင်းသူရဲ့ ပေါ့ဆမှုနဲ့ အတူ သင်္ကာမ ကင်းဖြစ်တာကြောင့် အသက်ရှင်ကျန်ရစ်သူ ကိုအောင်ခန့်ကို  အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
‘ရဲတွေဘက်က အခုထိ ဘာမှအကြောင်းမပြန်သလို အဆက်အသွယ်လဲ မလုပ်သေးဘူး၊ ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ ဘာမှဆက်မလုပ်ချင်တော့ ဘူး၊ အမှုက အေးနေတယ်”လို့ ကိုအောင်ကိုဦးက ပြောပါတယ်။ကားမီးလောင်ကျွမ်းတဲ့ ယာဉ်ပေါ်မှာ သေဆုံးခဲ့တဲ့သူတွေကတော့ ရန်ကုန်မြို့ ဆဋ္ဌဂံမြန်မာဆောက်လုပ်ရေးကုမဏီ ဝန်ထမ်းအမျိုးသမီးခုနစ်ဦးနဲ့ ကုမဏီရဲ့စီအီး အို အမျိုးသားတစ်ဦး၊ စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ကားမီးလောင်မှုမှာ  အသက်ရှင်လွတ်မြောက်ခဲ့တဲ့ စွပ်စွဲခံရသူကို ပြီးခဲ့တဲ့ ဖေဖော် ဝါရီလလယ်လောက်က စီအိုင်ဒီဘက်က စစ်ဆေးခဲ့ပါတယ်။

အဖြေနှစ်မျိုး

သေဆုံးသူ ကာယကံရှင်မိသားစုဝင်တွေ အကုန်လုံးကို အမှုနဲ့ပတ်သက်ပြီး စီအိုင်ဒီအနေနဲ့ စစ်ဆေးခဲ့ပါတယ်။ ကားမီးလောင်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကိုအောင်ခန့်ဟာ  အမှတ်  (၃) အမြန်လမ်းရဲ စခန်းရဲ့ စစ်ဆေးမှုအပေါ်  ထွက်ဆိုချက်အဖြေတစ်မျိုးနဲ့ အခု စီအိုင်ဒီဘက်က စစ် ဆေးခဲ့တဲ့အပေါ် နောက်ထပ်ထွက်ဆိုချက် အဖြေတစ်မျိုးဖြစ်နေကြောင်း စီအိုင်ဒီဘက်က ရှင်းပြတဲ့ အကြောင်း သေဆုံးသူ  အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ  ကိုအောင်ကို ဦးက ပြောပါတယ်။အမြန်လမ်းရဲတပ်ဖွဲ့စစ်ဆေးမှုအပေါ် ကိုအောင်ခန့်ရဲ့ ထွက်ဆိုချက်က ကားကို ကီလိုမီတာ ၁၀ဝကျော် အနေအထား လောက်နဲ့ မောင်းလာတာဖြစ်ပြီး မောင်းတဲ့ အချိန်မှာ ကားဘီးပေါက်ပြီး လမ်းလယ်ကြောကို ပွတ်ဆွဲသလိုဖြစ်ကာ ရပ်တဲ့အချိန်မှာ ဆီတိုင်ကီပွတ်ဆွဲအားကြောင့် ကားမီးလောင်မှုဖြစ်ခဲ့တယ်လို့ ဖြစ်ပါတယ်။
စီအိုင်ဒီစစ်တဲ့အခါမှာတော့ ကားဘီး ပေါက်တာ မဟုတ်ဘူးဆိုတဲ့  အဖြေတစ်ခု ထပ်ထွက်လာပါတယ်။ ရှေ့ကကားကို ကျော်တက်တဲ့အခါမှာ အရှိန်မထိန်းနိုင်ဘဲနဲ့ ဘေးကလက်ရန်းတိုင်တွေကို ဝင်တိုက်မိပြီးအထဲကိုနှစ်ပေခွဲမြှုပ်ထားတဲ့ တိုင်ရှစ် တိုင်တိတိကို ဝင်တိုက်ခဲ့တယ်လို့ ဖြစ်ပါတယ်။ကားပေါ်ကနေ လူနှစ်ယောက်ဆင်းလာတာကို မြင်တယ်လို့ မျက်နှာဖုံးသတင်းတင်ခဲ့တဲ့ ပြည်တွင်းဂျာနယ်တစ်ခုမှာ အမြန်လမ်းက တောင်သူမျက်မြင်သက် သေခုနစ်ဦးကို မေးမြန်းပြီး သံသယဖြစ်ဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပါတယ်။သည်ကိစ္စနဲ့ပတ်သက်ပြီး စီအိုင်ဒီ ဘက်က အမြန်လမ်းမှာရှိတဲ့ အဲသည်မျက် မြင်သက်သေ ခုနစ်ဦးထဲက လူသုံးဦးကို သွားရောက်စစ်ဆေးခဲ့ရာ လူနှစ်ယောက် ကို စစ်တဲ့အခါမှာတော့ ကိုအောင်ခန့် အ ပြင် နောက်ထပ်အမျိုးသားတစ်ဦးက ကားရဲ့ခေါင်းခန်းကနေ ဆင်းလာတယ်ပြောပါတယ်။ နောက်မျက်မြင်တစ်ဦးကတော့ အဲသည်အမျိုးသားဟာ ကိုအောင်ခန့် မောင်း လာတဲ့ကားပေါ်ကနေ ဆင်းပြီး ညာဘက် ကို ပတ်နေကြောင်းထွက်ဆိုခဲ့ပါတယ်။ ဒါ ပေမဲ့  သည်ထွက်ဆိုချက်တွေက မျက်မြင်သက်သေရွာသားတွေအနေနဲ့ ပညာအရည်အချင်းနိမ့်တာကြောင့် ထွက်ဆိုမှုတွေကို စီအိုင်ဒီက အတည်မယူခဲ့ကြောင်း သိ ရပါတယ်။
“ပညာအရည်အချင်းမတတ်လို့ဆိုပြီး သက်သေတွေကို  အတည်မယူပါဘူး၊ ထည့်မတွက်ပါဘူးလို့ပြောတယ်၊ ဒါက နည်းနည်းမှားယွင်းတဲ့ယူဆမှုလို့ မြင်မိတယ်၊ တရားဥပဒေမှာ ပညာအရည်အချင်း ကန့်သတ်တယ်ဆိုတာ မရှိဘူး”လို့ ကိုအောင်ကိုဦးက မှတ်ချက်ပေးပါတယ်။နောက်ထပ် သင်္ကာမကင်း ဖြစ်စရာတစ်ခုအနေနဲ့ မီးလောင်ထားတဲ့ ကား နောက်ခန်းမှာ ကျွဲရိုင်းလို အချိုရည်ဘူးခွံ ငါးဘူး ခြောက်ဘူးလောက် တွေ့ရတာကြောင့် သူတို့သောက်ခဲ့တဲ့အအေးတွေက သွေးရိုးသားရိုးမဖြစ်နိုင်ကြောင်း၊ နောက် တစ်ချက်က မီးလောင်နေတုန်း တံခါးကို ကြိုးစားဖွင့်တဲ့အရိပ်အယောင်တွေ၊ ရုန်းရင်းဆန်ခတ် ပုံစံမျိုးမတွေ့ရဘဲ အလောင်းတွေအားလုံးက  အနောက်မှာ ထပ်ပြီးဖြစ်နေတာ ကြောင့် ကြိုတင်ကြံ စည်တာမျိုးဖြစ်နိုင်ကြောင်း  သေဆုံးသူရဲ့ ကာယကံရှင်တစ်ဦးက သုံးသပ် ဖြေကြားခဲ့ပါတယ်။
အမှုကိစ္စကို တောက်လျှောက်မျက် ခြည်မပြတ် လိုက်နေတဲ့ သေဆုံးသူ မသင်းသင်းမော်ရဲ့ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ဖေ့စ်ဘုတ်ခ်ကနေ အကောင့်တုတစ်ခုက ခြိမ်းခြောက်အနှောင့်အယှက်ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။သည်အမြန်လမ်းအန်စာတုံးကားမီး လောင်မှုမှာ အသက်ရှင်လွတ်မြောက်လာတဲ့ ကားဒရိုင်ဘာကိုအောင်ခန့်ကို အမှတ် (၃) အမြန်လမ်းရဲစခန်းက ရာဇသတ်ပုဒ်မ ကြီး ၃၀၄(က)/၃၃၇/၂၈၅ နဲ့ တရားစွဲဆိုခဲ့ ရာ လှည်းကူးမြို့နယ်တရားရုံးက အမှုစစ်နေဆဲဖြစ်ပါတယ်။အမှုနဲ့ပတ်သက်ပြီး  အမှုအခြေအနေ အဆက်ပြတ်တာမျိုးတွေ၊ အမှုကို လျှော့ချ လိုက်တာမျိုးတွေ ဖြစ်မှာကို စိုးရိမ်နေ ကြပါတယ်။
kumudranews

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...