အိမ်တွင်းကင်မရာတပ်ဆင်ပြီးမှ (၆)နှစ်သားငယ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုသိရှိခဲ့ရ


Cody Wray အမည်ရတဲ့ ဖခင်ဟာ သူ့ရဲ့သားတွေကို လိမ္မာရေးခြားရှိဖို့ အမြဲလိုလို သွန်သင်လေ့ရှိပါတယ်။ ကလေးတွေဟာ ဆိုးဆိုးသွမ်းသွမ်း မဟုတ်ကြဘဲ မိဘတွေရဲ့ ဆိုဆုံးမမှုအောက်မှာ အလွန်နာခံကြတဲ့ ကလေးတွေလို့ သူက ယူဆခဲ့ပါတယ်။
ဒါပေမယ့် အိမ်မှာ လုံခြုံရေးအရ ကင်မရာတပ်ဆင်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ 6 နှစ်အရွယ် သားငယ်ရဲ့အပြုအမူကြောင့် အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ တကယ်လည်း ကလေးရဲ့ လုပ်ဆောင်မှုတွေဟာ တစ်ခြားကလေးတွေရဲ့ အပြုအမူနဲ့ မတူပါဘူး။
သူဟာ ညသန်းခေါင်မှာ ကလေးငယ်ဟာ ဆိုဖာခုံပေါ်မှာ ခုံကို လက်သီးနဲ့ဆက်တိုက် ထိုးခဲ့တာကိုလည်း တွေ့မြင်ရပါ
တယ်။ နောက် အဲဒီဆိုဖာပေါ်ကနေ နောက်ကျွမ်းပစ်ချပြီး၊ ရှေ့တူရှုကိုလည်း လက်ထောက်ကျွမ်း ပစ်ဝင်သွားတာကို တွေ့ ရပါတယ်။ အဲဒီနောက် ဆိုဖာပေါ်ကို ပြန်ပြီး ခုံပေါက်ပြေးတက်သွားတာကို တွေ့ရပါတယ်။
ပြီးတဲ့အခါမှာတော့ အခြားတစ်ဘက်အခန်းထဲကနေ မီးတွေ မှိတ်လိုက်ဖွင့်လိုက်လုပ်ပြီး ဆော့နေခဲ့ပါသေးတယ်။ ဒီအဖြစ်ပအပျက်ကြောင့် ကလေးရဲ့ မိဘတွေဟာ သူတို့ကလေးတွေ ငြိမ်လှချည်ရဲ့လို့ ထင်မြင်နေခဲ့ပေမယ့် တကယ့်တကယ်တမ်း မျက်ကွယ်မှာတော့ အလွန်အဆော့သန်သူတွေ ဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်လို့ ဆိုပါတယ်။ အခြားမိဘတွေလည်း ဒီလို ကြုံဖူုးမယ် ထင်ပါတယ်။

source : viral4real.com
မဒီလေး (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...