အဓမ္မပြုကျင့်ဖို့ကြံစည်သူ၏ အ၀ှာကို ဓားနဲ့ဖြတ်တောက်


အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဂါနာဂါမြို့မှာပါ။ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်တယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးရဲ့လိင်အင်္ဂါကို ဒေသခံတွေက ဖြတ်လိုက်ကြတာပါ။အဆိုပါသတင်းက အိန္ဒိယသတင်းဌာနကနေ တက်လာတဲ့သတင်းပါ။ သတင်းမှာတော့ အသက်(၄၀)အရွယ် သံသယရှိသူအမျိုးသားဟာ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေစဉ် အဲ့ဒီမိန်းကလေးရဲ့ အော်သံကြောင့် ဖြတ်သွားဖြတ်လာတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် အဓမ္မပြုကျင့်ဖို့ကြံစည်တဲ့ အမျိုးသားကို အသားရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ဆွဲခေါ်သွားပြီး ရိုက်နှက်ကာ သားလှီးဓားနဲ့ လိင်အင်္ဂါကို ဖြတ်တောက်ခဲ့ကြပါတယ်။ မျက်မြင်သက်သေတွေကလည်း မြေကြီးပေါ်မှာ သူ့ရဲ့လိင်အင်္ဂါကို မြင်တွေ့နေကြပေမဲ့လည်း အဓမ္မပြုကျင့်တဲ့အတွက် ပြစ်ဒဏ်ပေးတာလို့ နားလည်ထားတာကြောင့် ကူညီမဲ့သူမရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ရဲတပ်ဖွဲ့က ရောက်လာပြီး ဝင်ရောက်ထိန်းသိမ်းကာ သံသယရှိသူအမျိုးသားကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီအမျိုးသားရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ဖို့ ကြံစည်ခံရတဲ့ မိန်းကလေးကိုတော့ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ဒါ့အပြင် ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ လိင်အင်္ဂါကို ဓားနဲ့ခုတ်ခဲ့သူတွေကို ဖမ်းဆီးထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအနေနဲ့ မိမိဘာသာ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ရဲအရာရှိက ပြောကြားခဲ့ပါတယ်။

အဆိုပါအမှုအရ မိန်းကလေးငယ်တွေအနေနဲ့သတိထားကြဖို့ရှာဖွေတင်ပြလိုက်ပါတယ်။

Source: 'Sex attacker' has penis cut off with a cleaver in India

Aung

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...