အပ်ိဳညပါတီတြင္ သူစိမ္းႏွင့္ အနမ္းေျခြမိသည့္ သူတို႔သမီး



ေနာက္တစ္ရက္မွာ မဂၤလာေဆာင္ေတာ့မယ့္ သူတို႔သမီးတစ္ဦးဟာ မဂၤလာမေဆာင္ခင္ ေနာက္ဆံုး အပ်ိဳေန႔ကို သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ၿပီး ပါတီပြဲဆင္ႏႊဲၿပီးေနာက္ မဂၤလာပြဲ ပ်က္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ ပါတီပြဲမွာ ေတြ႔တဲ့ သူစိမ္းေယာက္်ားတစ္ဦးနဲ႔ အနမ္းေျခြမိခဲ့လို႔ ျဖစ္ပါတယ္။



အမ္မာအလီစီယာလို႔ အမည္ရတဲ့ အဆိုပါအမ်ိဳးသမီးဟာ မဂၤလာမေဆာင္ခင္ တစ္ရက္အလို အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ ေရကူးကန္နံေဘးပါတီပြဲ လုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီမွာ အရက္ေသာက္ၾကၿပီးေနာက္ စတင္သိကၽြမ္းသြားတဲ့ အမ်ိဳးသားနဲ႔ မူးၿပီး လူျမင္ကြင္းမွာ အနမ္းေျခြခဲ့ၾကပါတယ္။ သူတို႔ အနမ္းေျခြေနတဲ့အခ်ိန္ ေဘးနားကသူေတြကလည္း အားေပးအားေျမႇာက္လုပ္ခဲ့ၾကတာကို ဗီဒီယုိဖုိင္ထဲမွာ ေတြ႔ခဲ့ရပါတယ္။




ရည္႐ြယ္ခ်က္ရွိရွိ ေဖာက္ျပန္တာမ်ိဳးမဟုတ္ပဲ မူးလာတဲ့အခ်ိန္ ေဘးကသူေျမႇာက္ေပးလို႔ လုပ္ခဲ့တာလို႔ ယူဆရေၾကာင္း လူမႈကြန္ယက္မွာ ေျပာဆိုေနၾကပါတယ္။ မကၠဆီကိုႏုိင္ငံမွာ ေနထုိင္တဲ့ အဆိုပါအမ်ိဳးသမီးရဲ႕ ဗီဒီယုိဖိုင္ဟာ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္သူမရဲ႕ ခင္ပြန္းေလာင္းလည္း ေတြ႔သြားခဲ့ပါတယ္။
အဲဒီေနာက္ သူမတို႔ မဂၤလာပြဲကို ခင္ပြန္းေလာင္းဘက္က ဖ်က္လိုက္တာျဖစ္ပါတယ္။

Source : The Sun

Credit: duwun




နောက်တစ်ရက်မှာ မင်္ဂလာဆောင်တော့မယ့် သူတို့သမီးတစ်ဦးဟာ မင်္ဂလာမဆောင်ခင် နောက်ဆုံး အပျိုနေ့ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ပါတီပွဲဆင်နွှဲပြီးနောက် မင်္ဂလာပွဲ ပျက်သွားခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ ပါတီပွဲမှာ တွေ့တဲ့ သူစိမ်းယောကျာ်းတစ်ဦးနဲ့ အနမ်းခြွေမိခဲ့လို့ ဖြစ်ပါတယ်။
အမ်မာအလီစီယာလို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ မင်္ဂလာမဆောင်ခင် တစ်ရက်အလို အပြင်မှာ သူငယ်ချင်းတွေနဲ့ ရေကူးကန်နံဘေးပါတီပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အရက်သောက်ကြပြီးနောက် စတင်သိကျွမ်းသွားတဲ့ အမျိုးသားနဲ့ မူးပြီး လူမြင်ကွင်းမှာ အနမ်းခြွေခဲ့ကြပါတယ်။ သူတို့ အနမ်းခြွေနေတဲ့အချိန် ဘေးနားကသူတွေကလည်း အားပေးအားမြှောက်လုပ်ခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါတယ်။
ရည်ရွယ်ချက်ရှိရှိ ဖောက်ပြန်တာမျိုးမဟုတ်ပဲ မူးလာတဲ့အချိန် ဘေးကသူမြှောက်ပေးလို့ လုပ်ခဲ့တာလို့ ယူဆရကြောင်း လူမှုကွန်ယက်မှာ ပြောဆိုနေကြပါတယ်။ မက္ကဆီကိုနိုင်ငံမှာ နေထိုင်တဲ့ အဆိုပါအမျိုးသမီးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်သူမရဲ့ ခင်ပွန်းလောင်းလည်း တွေ့သွားခဲ့ပါတယ်။
အဲဒီနောက် သူမတို့ မင်္ဂလာပွဲကို ခင်ပွန်းလောင်းဘက်က ဖျက်လိုက်တာဖြစ်ပါတယ်။


Source : The Sun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...