ဗုဒ္ဓဘုရားကိုစော်ကားလိုက်တဲ့ တောင်ကိုရီးယားတေးဂီတအဖွဲ့


မြန်မာနိုင်ငံကို ဖျော်ဖြေရန်ရောက်ရှိလာခဲ့တဲ့ EXO တေးဂီတအဖွဲ့ဝင်တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်များ
စိတ်ညစ်ညူးစေမည့် အပြုအမူကို ပြုလုပ်လိုက်ကြောင်း သိရှိရသည်။
ဖျော်ဖြေရေးစီစဉ်မှုအေဂျင်စီမှ
တာဝန်ရှိသူတို့က ရန်ကုန်မြို့၏အထင်ကရ ရွှေတိဂုံဘုရားကို ဖူးချင်သေးသလား ဟု ဝတ္တရားအရ မေးမြန်းရာတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ Sehun မှ မိမိတို့မှာ သန့်စင်သောဝိညာဉ်တော်ကိုသာ ကိုးကွယ်သူများဖြစ်ကြောင်း
၊ အဆင့်နိမ့်သည့်လူသားဘုရားကို လေးစားမှု သွားရောက်ပေးရန် မလိုလားကြောင်း ၊ ပြောပြီး ထွက်သွားခဲ့သည်။
ထိုကိစ္စအပေါ် အနားတွင်ရှိနေသော
မီဒီယာများ တာဝန်ရှိသူ မြန်မာလူမျိုးများက
ဆူညံလာသောကြောင့် အမြန်ထိန်းသိမ်းလိုက်ရပြီး
အဖွဲ့ခေါင်းဆောင် Suho ကမူ
မိမိတို့အဖွဲ့ဝင်၏စကားအတွက် တောင်းပန်ပါကြောင်း ၊ Sehun မှာ မြန်မာနိုင်ငံအပေါ် အမြင်သိပ်မကြည်သူဖြစ်ကြောင်း ၊ တို့ကို ရှင်းပြ တောင်းပန်သွားသည်။
မြန်​မာလှိုင်းသတင်းဂျာနယ်
သထုံ နယ်​စား​လေး







Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...