၁၄ ႏွစ္အရြယ္ကို ပေထြးက အႀကိမ္ႀကိမ္ သားမယားျပဳက်င့္မႈျဖစ္


ပဲခူးတုိင္းေဒသႀကီး (အေနာက္ပုိင္း) ပန္းေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ၿမိဳ႕မွာ ၁၄ ႏွစ္အရြယ္ ၈ တန္း ေက်ာင္းသူတစ္ဦးကုိ ပေထြးျဖစ္သူက အႀကိမ္ႀကိမ္ သားမယားျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ ျပည္ခရုိင္ရဲတပ္ဖြဲ႔က သိရပါတယ္။
အဲဒီ အသက္ ၁၄ ႏွစ္အရြယ္ မိန္းကေလးငယ္ဟာ အသက္ရႈၾကပ္တယ္လို႔ ေျပာဆုိေနတာေၾကာင့္ ေမလ ၁၀ ရက္ေန႔က ျပည္ၿမိဳ႕ ေဆးခန္းတစ္ခုကုိသြားျပတဲ့အခ်ိန္မွ ကုိယ္၀န္ရွစ္လရွိေနတာကုိ သိခဲ့ရၿပီး မိခင္ျဖစ္သူက ရဲစခန္းမွာ အမႈဖြင့္ခဲ့တာျဖစ္တယ္လု႔ိ သိရပါတယ္။
စစ္ေဆးေပၚေပါက္ခ်က္ေတြအရ ပေထြးျဖစ္သူဟာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလကေန ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလအထိ မိခင္ျဖစ္သူ ေစ်းေရာင္းထြက္တဲ့အခ်ိန္ စေန၊ တနဂၤေႏြရက္ေတြမွာ အလိုမတူဘ ဲသားမယားအျဖစ္ ျပဳက်င့္ခဲ့တာျဖစ္တယ္လုိ႔ ျပည္ခရုိင္ရဲတပ္ဖြဲ႔က တာ၀န္ရွိသူေတြက ေျပာပါတယ္။
အဲဒီအမႈနဲ႔ပတ္သက္ၿပီး ဥသွ်စ္ပင္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင့္ အေရးယူခဲ့ၿပီး ပေထြးျဖစ္သူ အသက္ငါးဆယ္အရြယ္ ဦးတင္ထြန္းကုိ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
Source : MMK
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာ ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူတစ်ဦးကို ပထွေးဖြစ်သူက အကြိမ်ကြိမ် သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။
အဲဒီ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ဟာ အသက်ရှုကြပ်တယ်လို့ ပြောဆိုနေတာကြောင့် မေလ ၁၀ ရက်နေ့က ပြည်မြို့ ဆေးခန်းတစ်ခုကိုသွားပြတဲ့အချိန်မှ ကိုယ်ဝန်ရှစ်လရှိနေတာကို သိခဲ့ရပြီး မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ ပထွေးဖြစ်သူဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ မိခင်ဖြစ်သူ ဈေးရောင်းထွက်တဲ့အချိန် စနေ၊ တနင်္ဂနွေရက်တွေမှာ အလိုမတူဘ ဲသားမယားအဖြစ် ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူခဲ့ပြီး ပထွေးဖြစ်သူ အသက်ငါးဆယ်အရွယ် ဦးတင်ထွန်းကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Source : MMK

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...