မယားလေးယောက်ကြားကလူတစ်ယောက်


လူတစ်ယောက်တွင် ဇနီး လေးယောက်ရှိသည်။ မိန်းမလေးယောက်ပိုင်ဆိုင်ထားသော သူ့ဘဝမှာ နုပျိုစဉ်က ကံကောင်းလိုက်တာဟု ထင်ခဲ့သည်။ထိုသူသည် ဇနီး လေးယောက်ထဲတွင် စတုတ္ထမြောက်ဇနီးကို အချစ်ဆုံးဖြစ်သည်။ ပွဲသွား ပွဲလာရာ တွင်မူ တတိယဇနီးနှင့်သာ သွားလေ့ရှိသည်။ သို့သော် သူ့စိတ်ထဲတွင် တတိယဇနီးကို အခြားတစ်ယောက်နှင့် ဖောက်ပြန်နေသည်ဟု သံသယဝင်နေသည်။သူက ဒုတိယဇနီးကိုလည်း အလွန်ချစ်သည်။ စိတ်ပျက်စရာသောက များကြုံလာပါက ဒုတိယဇနီး ထံသွားပြီး ခိုနားလေ့ရှိသည်။သူက ပထမဇနီးကိုတော့ ပစ်ပယ်ထားသည်ကများသည်။ အဘယ်ကြောင့်ဆိုသော် မချစ်ဘဲလက်ထပ်ထားရ သောကြောင့်ဖြစ်သည်။ သို့သော် ပထမဇနီးက သူ့ကို အလွန်ချစ်မြတ်နိုးသည်။ သူ့ကို အမြဲမျှော်လင့်နေသူ တစ်ယောက်ဖြစ်သည်။တစ်နေ့တွင် ထိုသူသည် မကျန်းမာဖြစ်လာပြီး အိပ်ရာထဲ လဲတော့သည်။ သူက“ငါ့ဆီမှာ မိန်း လေးယောက်တောင်ရှိတာပဲ။ ငါ့နားမှာ သေတဲ့အထိ ပြုစုစောင့်ရှောက်ပေးမယ့် တစ်ယောက် လောက်ရှိရင်ကောင်းမယ်” ဟုတွေးပြီး စတုတ္ထဇနီးကို ခေါ်ကာ“ငါနဲ့အတူ သေတဲ့အချိန်လေးအထိ နေပေးပါလားကွာ” ဟုတောင်းပန်ပြောခဲ့သည်။ စတုတ္ထဇနီးက
“ကျွန်မ မနေပေးနိုင်ဘူး … စိတ်မကောင်းပါဘူးရှင်” ဟုပြောကာ ပေါ်မလာတော့ပေ။တတိယဇနီးကို သူက အတူနေပေးရန် တောင်းဆိုပြန်သည်။ သို့သော် တတိယဇနီးက“ကျွန်မက ရှင့်လို အိပ်ရာထဲ လဲနေသူကို ဘာဖြစ်လို့ လာပြီး ပြုစုရမှာလဲ … ရှင်သေရင်တော့ ကျွန်မ နောက်အိမ်ထောင်ပြုမှာ” ဟုပြောင်သလို နောက်သလိုပြောကာ ထွက်သွားသည်။
သူက ဒုတိယဇနီးကိုခေါ်ပြီး တောင်းဆိုပြန်သည်။ ဒုတိယဇနီးကလည်း“စိတ်မကောင်းပါဘူးရှင် … ကျွန်မ မကူညီနိုင်ပါဘူး … ရှင်သေရင်တော့ လာငိုပေးပါ့မယ်”စိတ်မချမ်းသာစွာဖြင့် ဘဝ၏နောက်ဆုံးအချိန်ကို မျှော်လင့်ချက် ကင်းစွာ စောင့်စားနေချိန်တွင် အသံတစ်သံ ကြားလိုက်ရသည်“ကျွန်မ ရှင့်ကို ကူညီမှာပေါ့ … ရှင်နဲ့ တစ်သက်လုံး နေပေးမှာပေါ့ … တမလွန်အထိလိုက်မှာပေါ့” ဆိုသည့် ပြောသံကို ကြားလိုက်ရသည်။သူက မော့ကြည့်လိုက်ရာတွင် သူ၏ ပထမဇနီးဖြစ်နေသည်ကို တွေ့လိုက်ရ သည်။ ပထမဇနီးသည် ဆံပင်တွေ လည်းဖြူ၊ ပိန်လှီပြီး မျက်တွင်းတွေ ချောင်ကျနေသည်။ သို့သော် သူ့လက်ကို လာပြီး ဆုပ်ကိုင် ပေးထားသည်မှာ နွေးထွေးပြီး အားရှိစေသည်။“ဝမ်းသာလိုက်တာကွာ”သူတစ်ခွန်းသာပြောသွားနိုင်ခဲ့သည်။ဤဇာတ်လမ်းသည် သာမန်ကြည့်လျှင် သာမန်သာဖြစ်သည်။သင်မည်သို့ထင်မြင်သနည်း
၁။ စတုတ္ထဇနီးသည် ကျွန်ုပ်တို့၏ “ခန္ဓာ” ဖြစ်သည်။
နုပျိုခြင်း၊ လှပခြင်း၊ ပျိုမြစ်ခြင်းဆိုသည်မှာ တစ်နေ့တွင် ကုန်လွန်လျှော့ကျသွားရမည်သာဖြစ်သည်။ တစ်နေ့တွင် သူတို့အားလုံး “ခန္ဓာ” ဆိုသည့်အရာကို စွန့်ခွာသွားမည်ဖြစ်သည်။
၂။ တတိယဇနီးသည် ကျွန်ုပ်တို့၏ “ဥစ္စာ” ဖြစ်သည်။
ပိုင်ဆိုင်မှု၊ စည်းစိမ်၊ ဥစ္စာမှန်သမျှသည် တစ်နေ့တွင် ကိုယ့်ကိုယ် စွန့်ခွာသွားလိမ့်မည်။ ကိုယ်က မစွန့်သည့်တိုင် သေသွားလျှင် ထားခဲ့ရမည်သာဖြစ်သည်။
၃။ ဒုတိယဇနီးဆိုသည်မှာ ကျွန်ုပ်တို့၏ “မိသားစုနှင့် မိတ်ဆွေများ” ဖြစ်သည်။
မည်မျှ ခင်မင်ရင်းနှီးသည်ဖြစ်စေ ကိုယ့်ထံတွင် အထုပ်မရှိပါက အဖက်လုပ်မည့်သူများမဟုတ်။ သေလျှင် ငိုပြရုံကလွဲပြီး မသာပွဲကို လူစည်အောင်လာလုပ်မည့်သူများဖြစ်သည်။
၎။ ပထမဇနီးဆိုသည်မှာ ကျွန်ုပ်တို့၏ “စိတ်” ဖြစ်သည်။
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ တစ်နေ့တွင် ကိုယ့်စိတ်ကသာ ကိုယ့်ကိုဖန်တီးမည်။ စိတ်ကသာကိုယ့်ကို ထိန်းချုပ်ပေးမည်။ စိတ်သည်သာ ကိုယ့်ကို ကောင်းရာသို့ ပို့ဆောင်နိုင်လိမ့်မည်။
မည်သည့်ဇနီးကို ထာဝရလက်တွဲထားသင့်သည်ဆိုခြင်းမှာ သင့်ဆုံးဖြတ်ချက်သာဖြစ်သည်။
(Four Wives)
တင်ညွန့်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...