မိတ်ဆွေတစ်ဦးရဲ့ ခေါင်းကို ဖြတ်ပြီး ဒယ်အိုးထဲထည့်ပြုတ်တဲ့ အဘွားအို


တာမာရာဆမ်ဆွန်နိုဗာဆိုတဲ့ အမျိုးသမီးကြီးဟာ မိတ်ဆွေတစ်ဦးရဲ့ အသုပ်ထဲကို အိပ်ဆေး အလုံး ၅၀ ထည့်ပြီး ခေါင်းကို ဖြတ်ကာ ဒယ်အိုးထဲ ထည့်ပြုတ်ခဲ့ကြောင်း ရုရှားရှေ့နေများက ပြောပြခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် ဆမ်ဆွန်နိုဘာဟာ ဒယ်အိုးကို အပြင်ထုတ်ပြီး အိုးထဲမှာ ကျန်နေတဲ့အရာတွေကို အပြင်ကို လွှင့်ပစ်လိုက်ပုံကို CCTV ကင်မရာကနေ မြင်တွေ့ရပါတယ်။
သူမရဲ့ အသက် ၇၉ နှစ်အရွယ် မိတ်ဆွေ ဗယ်လန်တီနာယူလန်နိုဗာကို သတ်မှုနဲ့ တရားစွဲခံထားရတာ ဖြစ်တဲ့အတွက် သြဂုတ်လ ၁၇ ရက်နေ့မှာ သူမကို ရုရှားရဲ့စုံစမ်းစစ်ဆေးရေးကော်မတီက တရားရုံးကို ပို့ဆောင်ခဲ့ပါတယ်။
မစ္စစ်ယူလန်နိုဗာကို အပိုင်းပိုင်းဖြတ်တောက်ဖို့အတွက် ဆမ်ဆွန်နိုဗာက လွှကို အသုံးပြုခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပလတ်စတစ်အိတ်တွေထဲထည့်ကာ လွှင့်ပစ်ခဲ့ပါတယ်။
ဆမ်ဆွန်နိုဗာကို အခန်းငှားသူများ၊ သူမရဲ့ခင်ပွန်းနဲ့ ယောက္ခမအပါအဝင် တခြား လူသတ်မှုများစွာနဲ့လည်း သံသယရှိထားပါတယ်။
ဆမ်ဆွန်နိုဗာဟာ စိတ်ကစဥ့်ကလျားရောဂါဖြစ်နေကြောင်း ရှာဖွေတွေ့ရှိရပြီး သူမကို ဆိုဗီယက်ခေတ် Kazan စိတ္တဇဆေးရုံကို အထူးအစောင့်အကြပ်တွေပါတဲ့ ရထားနဲ့ ပို့ဆောင်လိုက်ပါတယ်။

Source & Photos : Metro
Credit: duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...