ကြက်သေသေနိုင်အောင် ပြုလုပ်သွားခဲ့တဲ့ အပြာ ဇာတ်ဝင်ခန်း


တကယ်တော့ ဒီ အမျိုးသမီး ဟာ နတ်ဘုရားတစ်ပါးဖြစ်တဲ့ Queen of Sheba ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲက နတ်ဘုရားဇာတ်ကောင်တွေ အခြေခံထားတဲ့ Queen Of Sheba နတ်ဘုရားဟာ လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းပုံစံမျိုးဖြစ်ပါတယ်။ဒီလို ပထမဆုံးအပိုင်းနဲ့တင် ပရိသတ် တွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့တဲ့ American Gods ဇာတ်လမ်းတွဲ ဟာ စိတ်ကူးယဉ်ဒရာမာ ဇာတ်လမ်းအမျိုးအစားမျိုးဖြစ်ပြီး နာမည်ကျော်စာရေးဆရာကြီး Neil Gaiman ရဲ့ရောင်းအားအကောင်းဆုံးဖြစ်တဲ့တဲ့ စာအုပ်ကို ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲ ဟာ နတ်ဘုရား တွေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ပုံစံဖြစ်ပြီး Ricky Whittle ၊ Emily Browning ၊ Crispin Glover ၊ Bruce Langley ၊ Yetide Badaki ၊ Pablo Schreiber နဲ့ Ian McShane တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။မကြာသေးခင်ရက်ပိုင်းကမှ ထုတ်လွင့်ပြသခဲ့တဲ့ American Gods ဇာတ်လမ်းတွဲ သစ်အတွင်းမှာ ပါဝင်လာခဲ့တဲ့ အပြာဇာတ်ဝင်ခန်းတစ်ခုဟာ ကြည့်ရှုသူ ပရိသတ် များကို ပါးစပ်အဟောင်းသားဖြစ်သွားအောင် ပြုလုပ်သွားနိုင်ခဲ့တယ် သိရှိရပါတယ်။ပထမဆုံးပိုင်း အဖြစ် ထုတ်လွင့်ပြသခဲ့တဲ့ American Gods ဇာတ်လမ်းတွဲမှာ နည်းပညာပိုင်းနဲ့ ပြုလုပ်ထားတဲ့ အပြာဇာတ်ဝင်ခန်းတစ်ခု ပါဝင်လာခဲ့ပြီး ဇာတ်လမ်းတွဲ စောင့်ကြည့်သူများကို ကြက်သေသေနိုင်အောင် ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ဇာတ်ဝင်ခန်း အတွင်းမှာ အမျိုးသား တစ်ဦးကနေ Online Dating Website ပေါ်ကနေ အမျိုးသမီးတစ်ဦးနဲ့ စတင်သိကျွမ်းမိပြီး အိပ်ရာထက်မှာ ချစ်ရည်လူးဖို့ စီစဉ်နေတဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ ဒါဟာ သာမာန်အပြာဇာတ်ဝင်ခန်းမျိုးလို့ ထင်ရပေမယ့် တကယ့်ဇာတ်ဝင်ခန်းကို ကြည့်လိုက်ရပြီးနောက်မှာတော့ ပရိသတ်တိုင်း အံ့အားသင့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီး ဟာ သူနဲ့လိင်ဆက်ဆံနေတဲ့ အမျိုးသား ကို သူမ ရဲ့လိင်အင်္ဂါ ကနေ မျိုချလိုက်လို့ပဲဖြစ်ပါတယ်။
MOMOLAY

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...