တက်တူးအပြည့်နဲ့ ငါးကြီးတစ်ကောင် ဖိလစ်ပိုင်မှာ ဖမ်းဆီးရမိ


ဖိလစ်ပိုင်နိုင်ငံက Misamis အနောက်ဘက်မှာနေတဲ့ ငါးဖမ်းသမား Lopez Jaena ဟာ တက်တူးတွေရှိတဲ့ ငါးကြီး တ စ်ကောင်ကို ဖမ်းဆီးရမိပြီးနောက် ငါးကြီးကိုယ်ပေါ်မှာ တက်တူးတွေ ဘယ်လိုရောက်ရှိနေတာလဲဆိုတာ ဝေခွဲမရဖြစ်ပြီး ငါးကြီးကို ဓာတ်ပုံရိုက်က Online ပေါ်သို့ တင်ခဲ့ပါတယ်။တက်တူးတွေနဲ့ငါးကို ဖမ်းဆီးရမိတာဟာ ငါးဖမ်းသမားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ဖမ်းဆီးရမိခြင်းဖြစ်ပြီး Misamis မှာရှိတဲ့ ငါးဖမ်းသမားအားလုံးစုပြီး တက်တူးတွေနဲ့ငါးအကြောင်းကို ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။တက်တူးနဲ့ငါးဟာ Misamis အနီးတ၀ိုက်မှာရှိတဲ့ အခြားငါးမျိုးစိတ်တွေနဲ့ အရွယ်စားကအစ သိသိသာသာ ကွဲပြားခြား နားနေပြီး ငါးရဲ့ကိုယ်ပေါ်မှာ စာတွေအရုပ်တွေကို တက်တူးဖြင့် သိသိသာသာ ပုံဖော်ထားသလိုမျိုးဖြစ်နေပါတယ်။
မြို့ခံငါးဖမ်းသမားအချို့ဟာလည်း ဒီငါးဟာ ထောင်ချောက်တစ်ခုမှာမိခဲ့ပြီး လွတ်လာချိန်မှာ ငါးရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာ အမာရွတ်တွေဖြစ်လာပြီး နောက်ပိုင်းမှာ တက်တူးပုံစံမျိုးဖြစ်လာတာလို့ပြောဆိုနေကြပါတယ်။တစ်ချို့လူတွေကလည်း ဒီငါးဟာ ဇီဝဗေဒပညာရှင်တွေဖမ်းပြီး အမှတ်အသားပြုလုပ်ကာ ပင်လယ်ထဲကို ပြန်ပြီးလွှတ် လို က်တာလို့လည်း ပြောဆိုနေကြပါတယ်။ Post Online ပေါ်စရောက်လာကတည်းက လူတွေတော်တော်များများဟာ ငါးကိုယ်ပေါ်ကို တက်တူးတွေ ဘယ်လိုရောက်လာလဲဆိုတာ ဝေခွဲရခက်နေကြပါတယ်။
Myo Ko (shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...