ပြည်တွင်းပြည်ပမင်းသားမင်းသမီးဖြစ်စေ၊ ကိုယ်လိုချင်တဲ့ပုံစံကို စိတ်ကြိုက်မှာလို့ရတယ်


လူကြီးကစားစရာ ဆီလီကွန်အရုပ်များရှိသင့်၊ မရှိသင့်နှင့်ပတ်သက်ပြီး လွန်ခဲ့သည့် လအနည်းငယ်က သတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အပြောင်အပြက်စနောက်သည့် သဘောဖြင့် အတော်ပင် ဂယက်ရိုက်ခတ်ခဲ့သည်။ ယင်းကဲ့သို့ လက်ခံခြင်း၊ လက်မခံခြင်းထက် လက်ရှိအချိန်တွင် မိမိကြိုက်နှစ်သက်သည့် ရုပ်ရှင်မင်းသား၊ မင်းသမီး ပုံစံတူများဖြင့် ဆီလီကွန်အရုပ်များကိုပါ အထူးအော်ဒါ မှာယူ၍ရနိုင်ပြီး မှာယူမှုများလည်း ရှိနေသည်ဟု သိရသည်။ လူကြီးကစားစရာအရုပ်ဖြစ်သည့် ဆီလီကွန် Sex Doll အရုပ်များနှင့်ပတ်သက်ပြီး လက်ခံခြင်း၊ လက်မခံခြင်း တရားမ၀င်တင်သွင်းခြင်းများနှင့် ပတ်သက်၍ ဆီလီကွန်အရုပ် တင်သွင်းဖြန့်ဖြူး ရောင်းချသူနှင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။
မေး-ဆီလီကွန်အရုပ်ကို ဘယ်လိုစရောင်းဖြစ်တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ-ကျွန်တော်တို့စစချင်းက မြန်မာနိုင်ငံမှာ လိုအပ်ချက်ရှိနေပြီး တခြားရောင်းတဲ့သူလည်း မရှိဘူးလေ။ ပြောရရင် ကျွန်တော်တို့ MDL(Myanmar Doll Lover) ကစပြီး ရောင်းခဲ့တာလေ။ စပြီးရောင်းတာက နည်းနည်းတော့ကြာပြီဗျ။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က စတာ။ သို့သော်လည်း လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ Hot ဖြစ်သွားတာ ရောင်းဖြစ်သွားတဲ့ အဓိကရည်ရွယ်ချက်က လူပျိုကြီးတွေ ကျန်းမာရေးအခြေအနေကြောင့် လိုအပ်တဲ့သူတွေကို ရောင်းပေးချင်တဲ့ ဒီဆန္ဒကြောင့်ပါ။
မေး-အဲဒီလိုရောင်းတော့ အစ်ကိုတို့ရဲ့ အခက်ခဲက ဘာတွေရှိမလဲ။
ဖြေ-နံပါတ်(၁)အခက်အခဲက အရင်ကကျွန်တော်တို့ရောင်းတဲ့အခါမှာ ပစ္စည်းတွေက ဈေးနှုန်းကြီးမြင့်တယ်။ ဈေးနှုန်းကြီးမြင့်တဲ့အခါမှာ ကြုံရတာက Customer တွေမှာ ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ၀ယ်ပြီးသုံးနိုင်ကြတယ်။ အဲလိုဖြစ်နေတော့ နောက်ပိုင်းရောင်းတဲ့အခါမှာ ဆိုရှယ်မီဒီယာမှာလည်း တော်တော်များများသိလာတော့ ကျွန်တော်တို့ လိုအပ်ချက်တခုကိုသွားတွေ့တာက အခြေခံလူတန်းစားတွေ တကယ်လိုအပ်တဲ့သူတွေအတွက် ဒီပစ္စည်းက လက်လှမ်းမီတာမရှိဘူးဗျ။ ဒါကိုသွားတွေ့ရတယ်ဗျ။ အဲဒီတော့ ဈေးနှုန်းသက်သာပြီး အခြေခံလူတန်းစားတွေ လက်လှမ်းမီနိုင်တဲ့ အမှန်တကယ်သုံးချင်တဲ့သူတွေ ရောင်းနိုင်အောင်ဆိုပြီးတော့ ဂျပန်ဆီလီကွန်အပြင် အခြားဆိုဒ်အသေးထဲက ဈေးသက်သာတဲ့ Quality ပိုင်းတော့မလျော့ဘူးပေါ့။ ဆိုဒ်တော့ နည်းနည်းသေးတာပေါ့။ ဈေးသက်သာတဲ့အုပ်စုကို ကျွန်တော်က ပြန်ပြီးစီစဉ်ပေးတယ်။ အဲလိုစီစဉ်ပေးတော့ အရင်ထက် ပိုပြီးရောင်းအားလည်း ပိုပြီးကောင်းလာတယ်။ ပြီးတော့ လူတန်းစား တော်တော်များများ အခြားငွေကြေး သိပ်မသုံးချင်တဲ့သူတွေ၊ မသုံးနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေသွားတယ်။ အခက်ခဲက ဘာဖြစ်လဲဆိုတော့ ရှေ့ပိုင်းမှာက ကျွန်တော်တို့ ထိုက်သင့်တဲ့ အကျိုးမြတ် ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဓိကရောင်းအားထက် ကျွန်တော့်မှာလည်း Feeling တခုရှိတယ်ဗျ။ ဒီသက်ငယ်မုဒိမ်းတွေဖြစ်နေတာကို ကျွန်တော့်ကဏ္ဍကနေ တစိတ်တပိုင်းဖြေရှင်းနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ဒါဟာ ကျွန်တော့် အမြင်သက်သက်ပါ။ ဒီဟာကို တန်ဖိုးသက်သက်သာသာရောင်း ပေးနိုင်ရင် ထိုက်သင့်တဲ့မှုခင်းလေးတွေတော့ ကျဆင်းမယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မှုခင်းဖြစ်နေတဲ့သူတွေဟာ များသောအားဖြင့် မသုံးနိုင်တဲ့သူတွေ ဖြစ်နိုင်ခြေများတယ်။ အဲတော့ ဈေးနှုန်း သက်သက်သာသာနဲ့ သူတို့ကို သူ့ရဲ့စိတ်ဆန္ဒကို ဖြည့်နိုင်ရင် ဒီကိစ္စတွေဟာ အထိုက်အလျောက် လျော့ကျသွားနိုင်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒီအခက်ခဲလေးတွေကို အာဏာပိုင်တွေဘက်ကလည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့ လုံးဝလွှတ်ပေးရမယ် မဟုတ်ဘူး။ ထိုက်သင့်တဲ့ ဥပဒေလေးတွေ ချမှတ်ပြီး နည်းဥပဒေလေးတွေနဲ့ ကျွန်တော်တို့ကို ကိုင်တွယ်သွားမယ်။ စည်းကမ်းလေးတွေ ချမှတ်သွားမယ်ဆိုရင် အရမ်းကောင်းပါတယ်။ အခွန်ဥပဒေရောပေါ့ တကယ်တမ်းက ဒီဟာသည် နိုင်ငံတကာမှာလည်း အားလုံး ခွင့်ပြုထားတယ်။ ဂျပန်နိုင်ငံမှာလည်း Main Product ထဲမှာ ပါတယ်။ အခြားနိုင်ငံတွေမှာ အမေရိကမှာလည်း ခွင့်ပြုတယ်။ မက္ကစီကိုစသဖြင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ အားလုံးခွင့်ပြုကြတယ်ဗျ။ တကယ်လည်း လိုအပ်တဲ့ပစ္စည်းဗျ။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း လိုအပ်တဲ့သူတွေ သုံးကြတယ်။ ပြောရရင် လူငယ်လူရွယ်တွေထက် ဒါက တကယ်လိုအပ်တဲ့ အသက်ရွယ်ပိုင်းတွေ သုံးကြတယ်။ အဲဒီတော့ ဒီဟာကို အခွန်တခုအနေနဲ့သတ်မှတ်ပြီး ဥပဒေဘောင်အောက်ကနေလုပ်ပြီးပေးမယ်ဆို ကျွန်တော်တို့ကလည်း အခု ထက်ပိုပြီး ဈေးနှုန်းလည်းထပ်ပြီး လျှော့ချရောင်းနိုင်မယ်။ ပြီးရင် ၀ယ်တဲ့သူတွေလည်း စိတ်တထင့်ထင့် မဖြစ်ဘဲ တရားဥပဒေဘောင်အတွင်းက ၀ယ်နိုင်မယ်။ ပြီးရင် သက်ငယ်မုဒိမ်းမှုခင်းတွေလည်း အထိုက် အလျောက် ကျဆင်းမယ်။ အပြီးပျောက်ကွယ်သွားမယ်လို့တော့ မဆိုလိုပါဘူး။ အထိုက်လျောက် လျော့ကျမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီအခက်ခဲကို အာဏာပိုင်အဖွဲ့စည်းဘက်က လိုက်လျောမယ်ဆိုရင် ကောင်းတာပေါ့။
မေး-ဈေးနှုန်းတွေက အနိမ့်ဆုံးဘယ်လောက်နဲ့ အမြင့်ဆုံး ဘယ်လောက်ရှိလဲ။
ဖြေ- တန်ဖိုးနိမ့်ဆီလီကွန်မှာ အနည်းဆုံးသုံး သောင်းဝန်းကျင်ကနေပြီး အများဆုံး တသိန်းခွဲ နှစ်သိန်းဝန်းကျင်လောက်ထိရှိတယ်။ တန်ဖိုးမြင့် ဆီလီ ကွန်မှာတော့ အနည်းဆုံးငါးသိန်းကနေပြီး သုံးဆယ့် ငါးသိန်း သိန်းငါးဆယ်စသဖြင့် ရှိတယ်။ သိန်းငါးဆယ်ဆို ကိုယ်လိုချင်တဲ့ပုံစံ ကိုယ်ချစ်သူခင်သူ ကိုယ့်ရည်းစားဖြစ်စေ၊ ကိုယ့်ရဲ့အပေါင်းသင်းမိတ်ဆွေ စသဖြင့်ပေါ့။ ပြည်တွင်းပြည်ပမင်းသားမင်းသမီးဖြစ်စေ၊ ကိုယ်လိုချင်တဲ့ပုံစံကို စိတ်ငါးကြိုက်မှာယူလို့ရတယ်။ ဒါကတော့ စိတ် ကြိုက်ပေါ့နော်။ လောလောဆယ် အဆင်သင့်ထားပေးတာတွေက သုံးဆယ့်ငါးသိန်းက အမြင့်ဆုံးပါပဲ။ အဲဒီလို သီးသန့်အော်ဒါလည်း မှာလို့ရတယ်ပေါ့။ အော်ဒါမှာတဲ့ဟာကြတော့ ကျွန်တော်တို့က သီးသန့်ကိုယ်လိုချင်တာကို ဂျပန်မှာရှိတဲ့ Art Worker တွေဆီကို တဆင့်ပြန်ချိတ်ပြီးတော့ ပုံတူကို 3D ပုံကွန်ပျူတာမှာ ဖန်တီးပြီးတော့ ပြန်အပ်ပေးတာ။
မေး-သီးသန့် ကိုယ်ကြိုက်တဲ့ အော်ဒါဝယ်တာမျိုး အစ်ကိုတို့ဆီမှာ မရှိဘူးလားဗျ။
ဖြေ-ဟုတ်ကဲ့ရှိပါတယ်ခင်ဗျ။ တော်တော်များများ ရှိကြပါတယ်။ ဒါတွေက သူတို့ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် ကျွန်တော်တို့ကထုတ်ပြီးတော့ မပြောပါဘူး။
မေး-ခွင့်ပြုချက်ယူတယ်ဆိုတာ ဘယ်လိုမျိုးလည်းဗျ။
ဖြေ-ပြည်တွင်းပြည်ပက မင်းသမီးတွေရှိတယ်လေ။ သူတို့ပုံစံကို လိုချင်တဲ့အခါမှာ ဥပဒေကြောင်းအရ မရှိပေမဲ့ ခွင့်ပြုချက်ယူထားတာ ကောင်းတာပေါ့။ ခွင့်ပြုချက် တချို့လည်းယူကြတယ်။ တချို့လည်း မယူကြဘူး။ နိုင်ငံတကာမှာတော့ ခွင့်ပြုချက်မယူကြပါဘူး။ များသောအားဖြင့် ပြည်တွင်းက မင်းသမီးတွေထက် ပြည်ပကမင်းသမီးတွေကို တောင်းဆိုကြတာများတယ်ဗျ။ ဒုတိယ Market ကတော့ သူတို့မိသားစုဝန်းကျင်က သူတို့ချစ်သူခင်သူတွေကို Request လုပ်တာ များတယ်ဗျ။ တချို့ကြတော့ သေဆုံးသွားတဲ့ ကိုယ့်မိသားစုဝင်ပုံကို ဒီ Sex ကိစ္စမပါဘဲနဲ့ အဲဒါတွေမပါဘဲနဲ့ ရုပ်ပုံလေးသက်သက် လုပ်ခိုင်းတာတွေရှိတယ်။ ဒီရက်ပိုင်းထဲမှာပဲ ငါးနှစ်သမီးလေး တယောက်ဆုံးသွားတာကို သူ့မိဘကအပ်လို့ အော်ဒါမှာတာကို ကျွန်တော်တို့ လက်ခံထားရတာရှိပါတယ်။ သူတို့ကလည်း အိမ်မှာအလှထားဖို့ရှိတယ်။ အဲဒီလို လုပ်ကြတာရှိတယ်။
အစ်ကိုတို့ အတွေ့အကြုံအရဆိုရင် ၀ယ်တဲ့သူတွေက ဘယ်လိုလူမျိုးတွေ အများဆုံးဝယ်ကြလဲဗျ။
ပွင့်ပွင့်လင်းလင်းပြောရရင် အသက်ကြီးပိုင်းတွေကပဲ အဓိကမှာယူကြတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေက စကြနောက်ကြတာပဲရှိတာ။ တကယ်တမ်း သူတို့မှာ ချစ်သူခင်သူတွေလည်း ရှိတယ်။ သူတို့ဆန္ဒဖြေဖျောက်ဖို့ ရွယ်တူတန်းတူ ချစ်သူခင်သူတွေလည်း ရှိတယ်။ အသက်အားဖြင့် သုံးဆယ်ကျော်ကနေ ငါးဆယ်ဝန်းကျင်တွေ အမှာ များတယ်။ တချို့ဆိုလည်း ဒုက္ခိတတွေ သူတို့စိတ်ဆန္ဒအရ အခက်ခဲဖြစ်နေတယ်။ သူတို့ရဲ့ ဆက်ဆံဖက်ရှာဖို့ အခက်ခဲရှိတယ်။ များသောအားဖြင့်က ကျန်းမာရေးပြဿနာကြောင့် ပိုများတယ်ဗျ။ ဒုတိယအများဆုံးကတော့ အိမ်ထောင်ရေးပြဿနာပေါ့။ အိမ်ထောင်ရေးပြိုကွဲနေတာဖြစ်စေ၊ ဝေးကွာနေတာဖြစ်စေ၊ ဒီအချက် ပေါ်မှာမူတည်ပြီးတော့ သူတို့က အပြင်မှာလည်း ပျော်ပါးဖို့မ၀ံ့ရဲဘူး။ အဲဒီခါမှာ ကျန်းမာရေးအတွက်လည်း စိုးရိမ်သူတွေက ဘေးဥပဒ်မဖြစ်စေတဲ့အတွက်ကြောင့်လည်း ရွေးချယ်ကြတယ်။
မေး-ဒီအရုပ်အပေါ်မှာ လက်ခံသူရှိတယ်၊ လက်မခံသူရှိတယ်။ ဘာကြောင့်လို့ထင်လဲ။
ဖြေ-ကျွန်တော်တို့နိုင်ငံက ယဉ်ကျေးမှု ဓလေ့လေးတွေရှိတယ်။ ရှေးရိုးစွဲ ဓလေ့လေးတွေလည်း ရှိတယ်။ ဒီကိစ္စ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာကို သူတို့လက်မခံချင်ကြဘူး၊ မလိုလားကြဘူး။ ဒါမှန်ပါတယ်။ သူတို့ရဲ့ Right ပါ၊ သူတို့ရဲ့အမြင်ကို လျစ်လျူရှုလို့ မရဘူး။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတခုဖြစ်တယ်။ သို့သော်လည်းပဲ နားလည်ပေးစေချင်တာက ယဉ်ကျေးမှုကိုဖောက်ဖျက်တာမဟုတ်ပေမဲ့ ကျန်းမာရေးအတွက် ဒီကောင်လေးတွေကိုရရှိတဲ့အခါမှာ တော်တော်လေးကို အဆင်ပြေပါတယ်။ တော်တော်စိတ်ချမ်းသာစရာ ကောင်းတယ်ဆိုတာကို သူတို့ကို သိစေချင်ပါတယ်။ ကျွန်တော်ဘယ်လို တွေ့ရလဲဆိုတော့ တကယ်ကို ပြစ်မှုကျူးလွန်နိုင်စရာ အခြေအနေရှိနိုင်တဲ့ လူမျိုးတွေတောင် ဒီပစ္စည်းလေးတွေ သူတို့ဆီကိုရောက်သွားတဲ့ အခါမှာ ပြစ်မှုကျူးလွန်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ လုံးဝမလုပ်တော့ဘူးလို့ ကျွန်တော်ဆိုလိုချင်တာ မဟုတ်ဘူး။ အခွင့်အလမ်းနည်းသွားအောင်လုပ်တာ ဒီသဘောပါပဲ။ လက်မခံနိုင်တဲ့သူတွေကိုလည်း နိုင်ငံတကာမှာလည်း ဒီလို ကျန်းမာရေးပြဿနာကြောင့် လုပ်နေကြပါတယ်ဆိုတာ သူတို့ကို စကားပါးချင်ပါတယ်။ အဓိက ကျွန်တော့် အကျိုးအမြတ်ထက် နောက်ပိုင်းပရဟိတပိုဆန်လာတယ်လို့ ပြောလို့ရပါတယ်။ အရင်က ကျွန်တော် အကျိုးအမြတ်အတွက် ရည်ရွယ်တယ်။ နောက်ပိုင်းမှာ မှုခင်းတွေများလာတဲ့အခါမှာ ဒီကိစ္စကို ၀င်ဖြေရှင်းမယ်ဆိုရင် တစိတ်တဒေသဖြေရှင်းနိုင်မယ်ဆိုတာမြင်လာ တယ်။ ဒါကြောင့်လည်း တန်ဖိုးနည်းပစ္စည်းလေးတွေ သွင်းလာတာပါ။
မေး-အစ်ကိုတို့ မှာယူတင်သွင်းတဲ့ အခက်အခဲတွေက ဘာတွေရှိလဲဗျ။
ဖြေ-တရားဝင်အနေအထားတော့ မဟုတ်သော်လည်း တအားမတင်းကြပ်ပါဘူးဗျ။ ဒါပေမဲ့ မှောင်ခို လမ်းကြောင်းအဆင့်ပဲရှိပါသေးတယ်။
ဟုတ်၊ ကျေးဇူးတင်ပါတယ်ဗျ။
ကိုခက်
Credit:News Watch

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...