https://www.facebook.com/permalink.php?story_fbid=1900194120248372&id=1723697017898084
မူရင်းရေးသားသူ





မင်္ဂလာပါ မအေးသောင်း ကြယ်တွေကို ကြည့်ဘူးပါသလား… ကြယ်ငေးသူတိုင်းဟာ ကြယ်ကိုပိုင်ဆိုင်ချင်လို့မဟုတ်မှန်း မအေးသောင်းလည်း သိမှာပါ… မေခလာကိုချစ်တယ်ဆိုတာ ရေနစ်တိုင်း ဆယ်ခိုင်းဖို့ မဟုတ်ဘူးလေ ဟုတ်တယ် ကျနော်ဟာ မအေးသောင်းနာမည်နဲ့ကြယ်ကိုငေးခဲ့တာ "မအေးသောင်း လက်ထပ်တော့မယ် "တဲ့ စစ်ပွဲတွေရယ် မုဒိမ်းမှုရယ် မိဘမဲ့ကလေးတွေရယ် မအေးသောင်းဘေးမှာ ကျနော်မဟုတ်တဲ့ ယောက်ျားရယ် ဆိုတာ ကျနော်မမြင်ချင်ဆုံး အရာတွေပါ… ကျနော်တို့ဟာ လမ်းနဲ့မလွတ်လို့ ခုတ်ခံလိုက်ရတဲ့ သစ်ပင် စည်ပင်လာလို့ ထွက်ပြေးခဲ့ရတဲ့ ပလက်ဖောင်းဈေးသည် မအေးသောင်း ခင်ပွန်းလောင်းပိုင်မြေထဲ အိမ်ဆောက်မိတဲ့ ကျူးကျော်တဲ ရွှေ ရွှေချင်းထပ်လို့ မြတ်တဲ့ပွဲမှာ အဲ့ဒီကျူးကျော်တဲ ဘယ်ဘူဒိုဇာကြောင့် လဲရမလဲ… Onlineပေါ်က မအေးသောင်းဓါတ်ပုံတွေဟာ မုန်တိုင်းမလာခင် လေပြေသွေးတာလို့ ဘယ်ထင်ရက်ပါ့မလဲ လေညင်းခံရင်း ရင်ကွဲမယ့်အန္တရာယ်ကို မေ့နေတဲ့ကောင်ပါ သီးချိန်တန်လို့ သီးခဲ့တဲ့ မအေးသောင်း အဲ့ဒီအသီးဟာ ချိုပါစေ… ပွင့်ချိန်တန်လို့ ပွင့်တဲ့ ပန်းကလေးမအေးသောင်း အမြဲမွှေးပျံ့ပါစေ… ငိုကြွေးရင်းဆုတောင်းရုံမှတစ်ပါး… ရက်စက်လိုက်တာ မအေးသောင်းရယ်…။ ။᠌᠌᠌
https://www.facebook.com/permalink.php?story_fbid=1900194120248372&id=1723697017898084
မူရင်းရေးသားသူ
Credit: #ဆန်းကျော်စွာဝင်း အား
လေးစားစွာ ခရက်တစ်ပေးပါသည်။


0 comments :
Post a Comment