စာသင်ခန်း ထဲမှာ သရဲ ခေါ်ခဲ့တဲ့ ဆရာမ အလုပ်ထုတ်ခံခဲ့ရ



စာသင်ခန်း ထဲမှာ ကျောင်းသားများနဲ့အတူ Ouija လို့ခေါ်တဲ့ ဝိညာဉ် ခေါ်တဲ့အင်းပြားနဲ့ သရဲ ဝိညာဉ်တွေကိုခေါ်ခဲ့တဲ့ သူငယ်တန်းဆရာမတစ်ယောက်ကို ကျောင်းသားမိခင်တစ်ယောက်က ဖုန်းဆက်ပြီးတိုင်ကြားခဲ့လို့ အလုပ်ထုတ်ခံလိုက်ရပါတယ်။
အမည်အဖော်လိုသူ ကျောင်း သားမိခင်တစ်ယောက်က သောကြာနေ့ စာသင်ချိန်အတွင်း ဆရာမ တစ်ယောက်ဟာ Ouija အင်းဘုတ်ပြားကိုသုံးပြီး သရဲ ဝိညာဉ်တွေကို ခေါ်ယူခဲ့တယ်လို့ ကျောင်းရုံးခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ကျောင်းသားမိခင်က ” ကျွန်မသားပြန်ပြောလို့ သိရတာပါ။ ဒီ ဆရာမ က စာသင်ခန်း ထဲမှာ မီးတွေမှိတ်ပြီး ဝိညာဉ်တွေနဲ့ စကားပြောဖို့ သူစီစဉ်ခဲ့တယ်တဲ့။ ဒီလိုလုပ်ရက်တွေက ကျောင်းမှာလုံးဝကို မရှိသင့်တာပါ။ အခုဆိုသားက အမှောင်ထဲမှာနေရတာ ညအိပ်ချိန်ရောက်မှာကို အရမ်းကြောက်နေပြီ ” လို့ စိတ်ဆိုးဒေါသထွက်စွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဆရာမ ဖြစ်သူကတော့ ဒါဟာ ကလေးတွေကို ဖျော်ဖြေပေးရုံသာသက်သက်ဖြစ်ပြီး ကြောက်လန့်အောင် လုပ်ပေးတာမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဆရာမ က သောကြာနေ့တိုင်းလိုလိုမှာ သူအနေနဲ့ Ouija ဘုတ်ပြားကိုသုံးပြီး ကလေးတွေစိတ်ဝင်စားကြတဲ့ သရဲများအကြောင်း ပြောပြပြီး သရဲတွေကိုခေါ်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာမက သူအနေနဲ့ တကယ်သရဲခေါ်တာမဟုတ်ပဲ ကလေးတွေပျော်ရွှင်ဖို့အတွက် တမင်သက်သက် ပြုလုပ်ထားတာဖြစ်တယ်လို့ ဖြေရှင်းပေးမယ့် သူရဲ့လုပ်ရက်က သူမရဲ့အသက်မွေးဝမ်းကြောင်းကို ထိခိုက်သွားခဲ့ရပါတယ်။
အင်းဘုတ်ပြားတွေဟာ ၁၉ရာစုမှာ စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး အင်္ဂလိပ်အက္ခရာများစွာကို ဘုတ်ပြားပေါ်မှာရေးသားထားပြီး သေဆုံးသွားသူတွေ ဝိညာဉ်တွေနဲ့ ဆက်သွယ်လို့ရနိုင်တဲ့ ထူးခြားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီဘုတ်ပြားရဲ့ ကျော်ကြားမှုကြောင့် သရဲဇာတ်ကားများစွာမှာ ထည့်သွင်းသုံးစွဲတဲ့အပြင် Ouija အမည်နဲ့ပင် သရဲဇာတ်ကားနှစ်ကားလည်း ထွက်ရှိခဲ့သေးရာ လူကြိုက်များအောင်မြင်ခဲ့ပါတယ်ခင်ဗျာ။
Credit : thithtoolwin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...