မိခင္အရင္းက သားသမီး(7)ေယာက္နဲ႔ တူမတစ္ေယာက္ကို ၀ိဉာဥ္ပူးေနသည္ဟုဆုိၿပီး သတ္ပစ္ခဲ့


ၾသစေတးလ်ႏုိင္ငံ Cairns, Queensland မွာ ေနထုိင္တဲ့ အသက္ 37 နွစ္အရြယ္ Schizophrenic Raina Thaiday (ခ) Mersane Warria လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕ သားသမီးအရင္းေတြအားလုံးကုိ ၀ိဉာဥ္ပူးေအာင္းေန
သည္ဟုဆုိကာ ဓားနဲ႔ရက္ရက္စက္စက္ ခုတ္သတ္ခဲ့ပါတယ္။ ဒါ့အျပင္ သူမကိုယ္တုိင္လည္း ၀ိဉာဥ္ပူးေအာင္းခံေနရၿပီလုိ႔ ယူဆၿပီး ဓားနဲ႔ 25 ခ်က္အထိ လွီးခဲ့တယ္လုိ႔ သိရပါတယ္။
ေသဆုံးသူေတြထဲမွာ အသက္ 14 ႏွစ္အရြယ္ သားအႀကီးဆုံးနဲ႔ အသက္ 2 ႏွစ္အရြယ္ သားအငယ္ဆုံးအထိ ပါ၀င္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ 2014 ခုႏွစ္ ဒီဇင္ဘာလ 19 ရက္ေန႔မွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး၊ ၾသစေတးလွ်ႏုိင္ငံရဲ႕ အႀကီးမားဆုံး ရာဇ၀တ္မႈေတြထဲက တစ္ခုအျဖစ္ မွတ္တမ္းတင္ခံခဲ့ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။
ဒါေပမယ့္ တရား႐ုံးကေတာ့ တရားခံ Raina ဟာ စိတ္ပုိင္းဆုိင္ရာေရာဂါ ျပင္းထန္စြာ ခံစားေနရလုိ႔၊ တရားခြင္ကုိ တက္ ေရာက္ ၾကားနာဖုိ႔ မလုိအပ္ဘူးလုိ႔ ဥပေဒအရ ကင္းလြတ္ခြင့္ျပဳခဲ့ပါတယ္။ Queensland State Mental Health Court ကလည္း တရားခံ Raina ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ျပင္းထန္စိတ္ေရာဂါ Schizophrenia ကုိ ခံစားေနရ ေၾကာင္း အတည္ျပဳခဲ့ပါတယ္။
တရား႐ုံးရဲ႕ အမႈသြားအမႈလာေတြ႕ရွိခ်က္အရ Raina ဟာ သူမရဲ႕ သားသမီးေတြကို ၀ိဉာဥ္ေတြလို႔ ျမင္ေနခဲ့ေၾကာင္း၊ သူမကိုယ္တုိင္လည္း အပူးေအာင္း ခံခဲ့ရတယ္လုိ႔ ယုံၾကည္ေၾကာင္း၊ ဒီျပစ္မႈကုိ က်ဴးလြန္ရျခင္းမွာလည္း သားသမီးေတြကို မေကာင္းဆုိး၀ါးေတြ လက္မွ ကာကြယ္ဖုိ႔ ျဖစ္ေၾကာင္း စသျဖင့္ ေတြ႕ရွိခဲ့ရတယ္လုိ႔ သိရပါတယ္။
Raina ဟာ စိ္တ္ဒဏ္ရာအမ်ိဳးမ်ိဳးေၾကာင့္ တစ္ေန႔လွ်င္ ေဆးရြက္ေျခာက္နဲ႔ ျပဳလုပ္ထားတဲ့ ေဆးလိပ္ အလိပ္ 20 အထိ အသုံးျပဳခဲ့ၿပီး၊ ကာလ ရွည္ၾကာလာတဲ့အခါမွာ Schizophrenia ေရာဂါကို ခံစားခဲ့ရတာပါ။ သူမဟာ အရင္ဦးဆုံး အိမ္မွာ
ေမြးထားတဲ့ ဘဲတစ္ေကာင္ကို သတ္ပစ္ခဲ့ၿပီးမွ ကေလး က်ား (4) ေယာက္၊ မ (4) ေယာက္ကုိ သတ္ခဲ့တာပါ။ အဲဒီေနာက္ မိမိဘာသာ ဓားနဲ႔ျပန္လွီးခဲ့ပါတယ္။

Raina ဟာ ေသြးအလိမ္းလိမ္းနဲ႔ ၀ရံတာမွာ လဲက်ေနတာကို အျပင္ကေန ျပန္လာတဲ့ သားျဖစ္သူ Lewis (20) ႏွစ္က ေတြ႕ရွိခဲ့ၿပီး ရဲစခန္းကို အေၾကာင္းၾကားခဲ့ပါတယ္။ အိမ္ထဲမွာလည္း ကေလးေတြဟာ ေသြးအုိင္ထဲမွာ ေသဆုံးေနၾကပါ တယ္။ ကေလးတစ္ေယာက္မွာ အနည္းဆုံး ဓားဒဏ္ရာ အခ်က္ 20 ခန္႔ ရခဲ့ၿပီး၊ ကေလးတစ္ေယာက္မွာေတာ့ ေက်ာမွာ ဓားဒဏ္ရာ 10 ခ်က္၊ ေရွ႕ပုိင္းမွာ ဓားဒဏ္ရာ 12 ခ်က္နဲ႔ အသက္ထြက္ေနတယ္လုိ႔ ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့ပါတယ္။

တရားခံ Raina ကုိ စိတ္ေရာဂါကု ေဆး႐ုံမွာ အေစာင့္အၾကပ္နဲ႔ ထိန္းခ်ဳပ္ထားသည့္ ၾကားက အေဖာ္ျဖစ္သူ အျခားစိတ္ေ၀ ဒနာရွင္တစ္ဦးကို သတ္ဖုိ႔ ႀကိဳးစားခဲ့ေသးတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ သူမကို လုံၿခဳံေရးတင္းတင္းၾကပ္ၾကပ္နဲ႔ ထိန္းသိမ္းထားရပါတယ္။

ၿပီးခဲ့တဲ့လမွာပဲ ဒီအမႈကို စီရင္ခ်က္ ခ်ခဲ့ၿပီး ၾသစေတးလ်ဥပေဒအရ ျပစ္မႈက်ဴးလြန္သူဟာ စိတ္ေ၀ဒနာရွင္ ျဖစ္ေနလုိ႔ တရားခံ Raina ရဲ႕ အမႈကို ကြင္းလုံးခၽြတ္ လႊတ္ေပးခဲ့ရပါတယ္။ သုိ႔ေသာ္ တရား႐ုံးက အႏၱရာယ္ရွိတဲ့ စိတ္ေ၀ဒနာရွင္ ျဖစ္
တဲ့ Raina ကုိ အထူလုံၿခဳံေရးတင္းၾကပ္ထားတဲ့ စိတ္ေ၀ဒနာကုသေဆာင္မွာ ဆက္လက္ထိန္းသိမ္းထားတယ္လုိ႔ သိရပါ တယ္။ ေသဆုံးခဲ့တဲ့ ကေလးေတြရဲ႕ အမည္ကို အသက္အစဥ္လုိက္ ေဖာ္ျပလုိက္ပါတယ္။ Malili, Angelina, Shantae, Rayden, Azariah, Daniel, Rodney နဲ႔ Patrenella တုိ႔ ျဖစ္ပါတယ္။

ညီလင္းထက္ (Shwemom)

source : thesun.co.uk


Unicode

သြစတေးလျနိုင်ငံ Cairns, Queensland မှာ နေထိုင်တဲ့ အသက် 37 နှစ်အရွယ် Schizophrenic Raina Thaiday (ခ) Mersane Warria လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့ သားသမီးအရင်းတွေအားလုံးကို ဝိဉာဉ်ပူးအောင်းနေ
သည်ဟုဆိုကာ ဓားနဲ့ရက်ရက်စက်စက် ခုတ်သတ်ခဲ့ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်လည်း ဝိဉာဉ်ပူးအောင်းခံနေရပြီလို့ ယူဆပြီး ဓားနဲ့ 25 ချက်အထိ လှီးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် 14 နှစ်အရွယ် သားအကြီးဆုံးနဲ့ အသက် 2 နှစ်အရွယ် သားအငယ်ဆုံးအထိ ပါဝင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 2014 ခုနှစ် ဒီဇင်ဘာလ 19 ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ သြစတေးလျှနိုင်ငံရဲ့ အကြီးမားဆုံး ရာဇဝတ်မှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် တရားရုံးကတော့ တရားခံ Raina ဟာ စိတ်ပိုင်းဆိုင်ရာရောဂါ ပြင်းထန်စွာ ခံစားနေရလို့၊ တရားခွင်ကို တက် ရောက် ကြားနာဖို့ မလိုအပ်ဘူးလို့ ဥပဒေအရ ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ Queensland State Mental Health Court ကလည်း တရားခံ Raina ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြင်းထန်စိတ်ရောဂါ Schizophrenia ကို ခံစားနေရ ကြောင်း အတည်ပြုခဲ့ပါတယ်။

တရားရုံးရဲ့ အမှုသွားအမှုလာတွေ့ရှိချက်အရ Raina ဟာ သူမရဲ့ သားသမီးတွေကို ဝိဉာဉ်တွေလို့ မြင်နေခဲ့ကြောင်း၊ သူမကိုယ်တိုင်လည်း အပူးအောင်း ခံခဲ့ရတယ်လို့ ယုံကြည်ကြောင်း၊ ဒီပြစ်မှုကို ကျူးလွန်ရခြင်းမှာလည်း သားသမီးတွေကို မကောင်းဆိုးဝါးတွေ လက်မှ ကာကွယ်ဖို့ ဖြစ်ကြောင်း စသဖြင့် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Raina ဟာ စိ်တ်ဒဏ်ရာအမျိုးမျိုးကြောင့် တစ်နေ့လျှင် ဆေးရွက်ခြောက်နဲ့ ပြုလုပ်ထားတဲ့ ဆေးလိပ် အလိပ် 20 အထိ အသုံးပြုခဲ့ပြီး၊ ကာလ ရှည်ကြာလာတဲ့အခါမှာ Schizophrenia ရောဂါကို ခံစားခဲ့ရတာပါ။ သူမဟာ အရင်ဦးဆုံး အိမ်မှာ
မွေးထားတဲ့ ဘဲတစ်ကောင်ကို သတ်ပစ်ခဲ့ပြီးမှ ကလေး ကျား (4) ယောက်၊ မ (4) ယောက်ကို သတ်ခဲ့တာပါ။ အဲဒီနောက် မိမိဘာသာ ဓားနဲ့ပြန်လှီးခဲ့ပါတယ်။
Raina ဟာ သွေးအလိမ်းလိမ်းနဲ့ ဝရံတာမှာ လဲကျနေတာကို အပြင်ကနေ ပြန်လာတဲ့ သားဖြစ်သူ Lewis (20) နှစ်က တွေ့ရှိခဲ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ အိမ်ထဲမှာလည်း ကလေးတွေဟာ သွေးအိုင်ထဲမှာ သေဆုံးနေကြပါ တယ်။ ကလေးတစ်ယောက်မှာ အနည်းဆုံး ဓားဒဏ်ရာ အချက် 20 ခန့် ရခဲ့ပြီး၊ ကလေးတစ်ယောက်မှာတော့ ကျောမှာ ဓားဒဏ်ရာ 10 ချက်၊ ရှေ့ပိုင်းမှာ ဓားဒဏ်ရာ 12 ချက်နဲ့ အသက်ထွက်နေတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တရားခံ Raina ကို စိတ်ရောဂါကု ဆေးရုံမှာ အစောင့်အကြပ်နဲ့ ထိန်းချုပ်ထားသည့် ကြားက အဖော်ဖြစ်သူ အခြားစိတ်ဝေ ဒနာရှင်တစ်ဦးကို သတ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သူမကို လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ထိန်းသိမ်းထားရပါတယ်။

ပြီးခဲ့တဲ့လမှာပဲ ဒီအမှုကို စီရင်ချက် ချခဲ့ပြီး သြစတေးလျဥပဒေအရ ပြစ်မှုကျူးလွန်သူဟာ စိတ်ဝေဒနာရှင် ဖြစ်နေလို့ တရားခံ Raina ရဲ့ အမှုကို ကွင်းလုံးချွတ် လွှတ်ပေးခဲ့ရပါတယ်။ သို့သော် တရားရုံးက အန္တရာယ်ရှိတဲ့ စိတ်ဝေဒနာရှင် ဖြစ်
တဲ့ Raina ကို အထူလုံခြုံရေးတင်းကြပ်ထားတဲ့ စိတ်ဝေဒနာကုသဆောင်မှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါ တယ်။ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ အမည်ကို အသက်အစဉ်လိုက် ဖော်ပြလိုက်ပါတယ်။ Malili, Angelina, Shantae, Rayden, Azariah, Daniel, Rodney နဲ့ Patrenella တို့ ဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)


source : thesun.co.uk

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...