ဝန္ေဆာင္မႈအေပၚၾကည့္၍ ယာဥ္စီးခေပး ေခ်ရမည့္ သီးသန္႔ YBS ယာဥ္တစ္လိုင္း

ဝန္ေဆာင္မႈအေပၚၾကည့္၍ ယာဥ္စီးခေပး ေခ်သည့္စနစ္ျဖင့္ သီးသန္႔ဘတ္စ္ကားမ်ား YBS ယာဥ္တစ္လိုင္းမွ စမ္းသပ္ေျပးဆြဲေန
သတင္း
ျပည္တြင္း
ရန္ကုန္၊ ဧၿပီလ ၁ဝ ။ ။ ဘတ္စ္ကားမ်ားေပၚတြင္ အဆင့္ျမႇင့္တင္ထားသည့္ ဝန္ေဆာင္မႈအေပၚၾကည့္၍ ခရီးသြားျပည္သူမ်ားမွ ယာဥ္စီးခေပးေခ်သည့္စနစ္ကို YBS ၂၁ ယာဥ္လိုင္းမွ စမ္းသပ္ေျပးဆြဲေပးေနေၾကာင္း ၂၁ ယာဥ္ လိုင္းပိုင္ရွင္ ကိုတ႐ုတ္ေလးက မဇၩိမသို႔ ေျပာသည္။
အဆုိပါ သီးသန္႔ဘတ္စ္ကားမ်ားကို မိတ္ဆက္သည့္အေနျဖင့္ ဧၿပီလ ၄ ရက္မွ စတင္ေျပးဆြဲေပးေနျခင္းျဖစ္ၿပီး ယာဥ္စီးခမ်ားကို သတ္မွတ္ေပးထားျခင္းမရွိဘဲ ခရီးသြားျပည္သူမ်ားက က်သင့္ေငြကို ဘတ္စ္ကားမ်ားေပၚတြင္ အဆင့္ျမႇင့္တင္ထားသည့္ ဝန္ေဆာင္မႈအေျခအေနေပၚၾကည့္၍ ေငြေပးေခ်ရျခင္း အစီအစဥ္ျဖစ္ေၾကာင္းသိရသည္။
“ကားမွာ ဝန္ေဆာင္မႈအပိုင္းေတြကို တိုးလိုက္တယ္။ တိုးၿပီးေတာ့ ယာဥ္စီးခကို ဝန္ေဆာင္မႈႏွင့္ညီမွ်ေသာ ယာဥ္စီးခကို ေပးေခ်ပါဆိုၿပီး စာကို ကပ္လႊတ္လိုက္တယ္။ ယာဥ္စီးခ ဘယ္ေလာက္ဆိုတာကို ကြ်န္ေတာ္တို႔က မသတ္မွတ္ဘူး။ ဆိုေတာ့ ဒီယာဥ္လိုင္းေတြ ေရရွည္ရပ္တည္ႏိုင္ေရး၊ မရပ္တည္ႏိုင္ေရးဆိုတာက ခရီးသြားျပည္သူေတြရဲ႕ လက္ထဲကို ကြ်န္ေတာ္တို႔ထည့္လိုက္တာပါ”ဟု ကိုတ႐ုတ္ေလးက သီးသန္႔ဘတ္စ္ကားမ်ား မိတ္ဆက္ေျပးဆြဲရျခင္းအေၾကာင္းႏွင့္ ပတ္သက္ၿပီး ရွင္းျပသည္။
အဆိုပါ စမ္းသပ္ေျပးဆြဲေပးေနသည့္ သီးသန္႔ဘတ္စ္ကားမ်ားမွာ အဲကြန္း၊ CCTV ၊ GPS၊ စနစ္မ်ားအပါအဝင္ နံရံကပ္ပန္းခ်ီမ်ား ခ်ိန္ဆြဲထားၿပီး လူပိုတင္ေဆာင္ျခင္းမျပဳဘဲ ၄၅ ေယာက္စီးႏွင့္ ၅၅ ေယာက္ စီးနင္းႏုိင္ရန္ ကားအျပည့္ခံုမ်ားတပ္ဆင္ထားျခင္းျဖစ္ကာ
ခရီးသြားျပည္သူမ်ားက ယင္းဝန္ေဆာင္မႈစနစ္ကို လက္ခံပါက တုိးခ်ဲ႕ေျပးဆြဲသြားရန္ ကားအစီးေရ ၃ဝ ေက်ာ္ထိ စီစဥ္ေပးသြားမည္ဟု ကိုတ႐ုတ္ေလးကဆိုသည္။
“ကားေတြက အဆင္သင့္ဝယ္ၿပီးသားေတြရွိတယ္။ ဆိုေတာ့ ကၽြန္ေတာ္တို႔ ခရီးသြားျပည္သူေတြက ဒီစနစ္၊ ဒီဝန္ေဆာင္မႈေတြကို လက္ခံလို႔ ဒါကိုေတာင္းဆိုလာတယ္ဆိုရင္ ျမန္ျမန္ဆန္ဆန္ပဲ လုပ္ငန္းခြင္ထဲထည့္ေပးမယ္။ ဘယ္အခ်ိန္ေလာက္ျဖစ္မလဲဆိုတာကေတာ့ ခရီးသြားျပည္သူအေပၚမွာပဲ မူတည္ပါတယ္”ဟု ကိုတ႐ုတ္ေလးက ေျပာသည္။
အဆိုပါ YBS ၂၁ ယာဥ္လိုင္းမွာ Power Eleven ကုမၸဏီႏွင့္ ေခတ္သစ္ဘုရင့္ေနာင္ကုမၸဏီမွ ယာဥ္အစီးေရ ၁၇ဝ ေက်ာ္ျဖင့္ အေနာက္ပိုင္းတကၠသိုလ္(ထန္းတပင္)မွ ေမာ္တင္ - မဟာဗႏၶဳလမ္းထိ ေျပးဆြဲေပးေနျခင္း ျဖစ္သည္။

ကိုတ႐ုတ္ေလး
မဇၩိမ မာလ္တီမီဒီယာ
 ဝန်ဆောင်မှုအပေါ်ကြည့်၍ ယာဉ်စီးခပေး ချေသည့်စနစ်ဖြင့် သီးသန့်ဘတ်စ်ကားများ YBS ယာဉ်တစ်လိုင်းမှ စမ်းသပ်ပြေးဆွဲနေ
သတင်း
ပြည်တွင်း
ရန်ကုန်၊ ဧပြီလ ၁ဝ ။ ။ ဘတ်စ်ကားများပေါ်တွင် အဆင့်မြှင့်တင်ထားသည့် ဝန်ဆောင်မှုအပေါ်ကြည့်၍ ခရီးသွားပြည်သူများမှ ယာဉ်စီးခပေးချေသည့်စနစ်ကို YBS ၂၁ ယာဉ်လိုင်းမှ စမ်းသပ်ပြေးဆွဲပေးနေကြောင်း ၂၁ ယာဉ် လိုင်းပိုင်ရှင် ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။
အဆိုပါ သီးသန့်ဘတ်စ်ကားများကို မိတ်ဆက်သည့်အနေဖြင့် ဧပြီလ ၄ ရက်မှ စတင်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယာဉ်စီးခများကို သတ်မှတ်ပေးထားခြင်းမရှိဘဲ ခရီးသွားပြည်သူများက ကျသင့်ငွေကို ဘတ်စ်ကားများပေါ်တွင် အဆင့်မြှင့်တင်ထားသည့် ဝန်ဆောင်မှုအခြေအနေပေါ်ကြည့်၍ ငွေပေးချေရခြင်း အစီအစဉ်ဖြစ်ကြောင်းသိရသည်။
“ကားမှာ ဝန်ဆောင်မှုအပိုင်းတွေကို တိုးလိုက်တယ်။ တိုးပြီးတော့ ယာဉ်စီးခကို ဝန်ဆောင်မှုနှင့်ညီမျှသော ယာဉ်စီးခကို ပေးချေပါဆိုပြီး စာကို ကပ်လွှတ်လိုက်တယ်။ ယာဉ်စီးခ ဘယ်လောက်ဆိုတာကို ကျွန်တော်တို့က မသတ်မှတ်ဘူး။ ဆိုတော့ ဒီယာဉ်လိုင်းတွေ ရေရှည်ရပ်တည်နိုင်ရေး၊ မရပ်တည်နိုင်ရေးဆိုတာက ခရီးသွားပြည်သူတွေရဲ့ လက်ထဲကို ကျွန်တော်တို့ထည့်လိုက်တာပါ”ဟု ကိုတရုတ်လေးက သီးသန့်ဘတ်စ်ကားများ မိတ်ဆက်ပြေးဆွဲရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။
အဆိုပါ စမ်းသပ်ပြေးဆွဲပေးနေသည့် သီးသန့်ဘတ်စ်ကားများမှာ အဲကွန်း၊ CCTV ၊ GPS၊ စနစ်များအပါအဝင် နံရံကပ်ပန်းချီများ ချိန်ဆွဲထားပြီး လူပိုတင်ဆောင်ခြင်းမပြုဘဲ ၄၅ ယောက်စီးနှင့် ၅၅ ယောက် စီးနင်းနိုင်ရန် ကားအပြည့်ခုံများတပ်ဆင်ထားခြင်းဖြစ်ကာ
ခရီးသွားပြည်သူများက ယင်းဝန်ဆောင်မှုစနစ်ကို လက်ခံပါက တိုးချဲ့ပြေးဆွဲသွားရန် ကားအစီးရေ ၃ဝ ကျော်ထိ စီစဉ်ပေးသွားမည်ဟု ကိုတရုတ်လေးကဆိုသည်။
“ကားတွေက အဆင်သင့်ဝယ်ပြီးသားတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ခရီးသွားပြည်သူတွေက ဒီစနစ်၊ ဒီဝန်ဆောင်မှုတွေကို လက်ခံလို့ ဒါကိုတောင်းဆိုလာတယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ လုပ်ငန်းခွင်ထဲထည့်ပေးမယ်။ ဘယ်အချိန်လောက်ဖြစ်မလဲဆိုတာကတော့ ခရီးသွားပြည်သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကိုတရုတ်လေးက ပြောသည်။
အဆိုပါ YBS ၂၁ ယာဉ်လိုင်းမှာ Power Eleven ကုမ္ပဏီနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁ရဝ ကျော်ဖြင့် အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)မှ မော်တင် - မဟာဗန္ဓုလမ်းထိ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ကိုတရုတ်လေး
မဇ္ဈိမ မာလ်တီမီဒီယာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...