အမျိုးသမီးတစ်ဦးကို အဝတ်အစားများ မရှိတော့သည်အထိ လမ်းမထက်တွင် ဝိုင်းရိုက်ခဲ့ကြတဲ့ရုပ်သံ



အိမ်ထောင်ရှိ အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လမ်းမထက်မှာ အမျိုးသမီးတစ်ဦးကို အခြားအမျိုးသ မီးတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံ အန်းဟွေပြည်နယ်က ဘိုကျူးမြို့ကလေးမှာ ဖြစ် ပွားခဲ့တာပါ။
အဖွဲ့ဝင် လေးဦးထက်မနည်း ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ဟာ အမျိုးသမီးငယ်တစ်ဦးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ထားရုံသာ မက လမ်းမထက်မှာ အင်္ကျီချွတ်ပြီး အရှက်ရအောင် ပြုလုပ်ထားတာတွေ့ရပါတယ်။
လမ်းမလယ်ခေါင် ဝိုင်းဝန်းတိုက်ခိုက်နေသူ အမျိုးသမီးတွေရဲ့ အလယ်မှာ ခေါင်းငုံ့ပြီး အရှက်လုံအောင် လက်နဲ့ဖုံးထားရတဲ့ အဆိုပါအမျိုးသမီးကို ဖုန်းနဲ့လည်း ဓာတ်ပုံ၊ ဗီဒီယိုတွေ မှတ်တမ်းတင်နေတာဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ အမျိုးသမီးဟာ တိုက်ခိုက်သူ အမျိုးသမီးအုပ်စုထဲက တစ်ဦးဦးရဲ့ အမျိုးသားနဲ့ ပတ်သတ်ခဲ့ပုံ ရတယ်လို့ ဗီဒီယိုဖိုင်ထဲမှာ အော်ဟစ်ပြောဆိုနေကြတဲ့ စကားသံတွေကို နားထောင်ပြီး သုံးသပ်ရနိုင်ကြောင်း ဒေးလ်လီးမေးလ်သ တ င်းစာက ဖော်ပါတယ်။ မကြာသေးခင်ကလည်း တရုတ်မှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါသေးတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...