.ကြၽန္မအရမ္းခ်မ္းသာတယ္..

ကြၽန္မစီးထားတဲ့ဖိနပ္၁ေသာင္းမေက်ာ္ဘူး၊
ေပါ့ပါးပီးမနာက်င္ေစဘဲလိုရာခရီးသူပို႔ေဆာင္ေပးတယ္၊
ေစ်းႀကီးဖိနပ္တစ္ရံခ်စီးခ်ိန္ေပသြားမလားပဲ့သြားမလားဆိုတဲ့စိတ္ဆင္းရဲမႈမ်ိဳးကြၽန္မမခံစားရဘူး..ဒါေၾကာင့္ကြၽန္မစိတ္ခ်မ္းသာတယ္။
ကြၽန္မဝတ္တဲ့အဝတ္တစ္စံုတန္ဖိုးႀကီးတံဆိပ္မဟုတ္ဘူး၊
ေပါ့ပါးလြတ္လပ္တဲ့ခံစားမႈေတြအျပည့္အဝေပးစြမ္းတယ္၊
နာမည္ႀကီးတံဆိပ္နဲ႔ေစ်းႀကီးေပးရတဲ့အထည္တစ္ထည္ကိုဝတ္ဆင္ထားခ်ိန္ေပသြားမလား၊စြန္းထင္းသြားမလားဆိုတဲ့စိတ္ဆင္းရဲမႈမ်ိဳးကြၽန္မမခံစားရဘူး...ဒါေၾကာင့္ကြ်န္မစိတ္ခ်မ္းသာတယ္။
ကြၽန္မကိုင္ေနတဲ့အိတ္၁သိန္းမေက်ာ္ဘူး၊
လိုခ်င္တာအကုန္ထည့္ပီးဘယ္သြားသြားအသံုးဝင္တဲ့အိတ္အျဖစ္ခံစားရတယ္၊
ေစ်းမ်ားတဲ့အိတ္ကိုဘယ္ေနရာခ်ခ်ဘယ္လိုသိမ္းသိမ္းညစ္ေပသြားမလားဆိုတဲ့စိတ္ဆင္းရဲမႈကြ်န္မမခံစားရဘူး...ဒါေၾကာင့္ကြ်န္မစိတ္ခ်မ္းသာတယ္။
သာမန္ခ်ိန္နဲ႔တန္ဆာဆင္ယင္ထားခ်ိန္ခ်ဳပ္ထိန္းထားခံရတဲ့အေနအထိုင္၊စိတ္က်ဥ္းၾကပ္မႈေတြထက္...
ပကတိလူတစ္ေယာက္ရဲ႕ေပါ့ပါးမႈဟာအရသာအရွိဆံုးပါ....။
ကြၽန္မရဲ႕စိတ္ထားမယုတ္ညံဘူး ဒါေပမယ့္ မျမင့္ျမတ္ဘူး၊
ျမင့္ျမတ္တဲ့သူေတာ္စင္ဟာဘုရားမွတစ္ပါးဘယ္သူမွမျပည့္ဝဘူး၊
ျမင့္ျမတ္ဖို႔ထက္မယုတ္ညံ့ဖို႔ႀကိဳးစားတယ္၊ဝဋ္ဆိုတာကိုအသိနဲ႔သတိမွာတြဲကပ္ထားတယ္၊ဒါေၾကာင့္ကြၽန္မစိတ္ခ်မ္းသာတယ္။
ကြၽန္မတန္ဖိုးႀကီးအဆင္တန္ဆာေတြမဝတ္ခ်င္ဘူး၊
အႏၱရာယ္ေတြစိပ္စိပ္လာတဲ့ပတ္ဝန္းက်င္နယ္ပယ္မွာယံုၾကည္မႈအျပည့္နဲ႔ေနရတာထက္၊စိတ္တထင့္ထင့္နဲ႔စိတ္မခ်မ္းသာတာကိုမႏွစ္ၿမိဳ႕လာခ်ိ္န္၊အလွတရားထက္အသက္ကိုတန္ဖိုးထားတတ္လာတယ္...ဒါေၾကာင့္ကြၽန္မစိတ္ခ်မ္းသာတယ္။
ကြၽန္မတို႔ေတြအားလံုးထဲမွာ...
လူတစ္ခ်ိဳ႕ကခ်မ္းသာေနရက္စိတ္ဆင္းရဲေနၾကရတယ္၊
လူတစ္ခ်ိဳ႕ကဆင္းရဲေနရက္စိတ္ခ်မ္းသာေနၾကရတယ္၊
စားႏိုင္ေပမယ့္စိတ္ေၾကာင့္ခံတြင္းပ်က္ျဖစ္ေနရတယ္၊
မစားႏိုင္ေပမယ့္စိတ္ေၾကာင့္ဟင္းမပါလည္းၿမိန္ေနတယ္၊
ေလာဘကလိုတာထက္ပိုလာခ်ိန္လူတိုင္းစိတ္ဆင္းရဲၾကရမွာပါ။
ဘဝမွာလူခ်မ္းသာပီးစိတ္ဆင္းရဲေနရတာထက္၊
ဘဝမွာလူဆင္းရဲေပမယ့္စိတ္ခ်မ္းသာရတာကလူျဖစ္ရက်ိဳးနပ္ပါတယ္။
လူခ်မ္းသာေအာင္ႀကိဳးစားပါ၊စိတ္ဆင္းရဲေအာင္ေတာ့မျဖစ္ပါေစနဲ႔။
အေဆာင္ေတြကိုႏွစ္သက္ပါ၊ၿပိဳင္ဆိုင္မႈေတြမပါလာပါေစနဲ႔၊
ဂုဏ္ပကာသနေတြကိုတပ္မက္ပါ၊ေလာဘေဒါသေတြဝင္မလာပါေစနဲ႔၊
ငါအစြဲစိတ္ေတြေဖ်ာက္ဖ်က္ပါငါဆိုတာလည္းေသတစ္ေန႔ဆိုတာမေမ့ပါနဲ႔၊
ဆင္းရဲ၊ခ်မ္းသာကမိမိလက္ထဲမွာမို႔...
မိမိတစ္ကိုယ္လံုးကအေပၚယံျခံဳထားတဲ့တန္ေၾကးေတြဟာ..
မိမိစိတ္တန္ေၾကးထက္နိမ့္တာမေမ့ပါနဲ႔...
စိတ္ဓာတ္ေလာက္ဘယ္အရာမွတန္ေၾကးမ႐ွိပါဘူး...
ကုသိုလ္ကံအက်ိဳးတရားအရဆင္းရဲခ်မ္းသာကြဲျပားၾကတာပါ...
လူဟာလူပါဘဲယုတ္ည့ံေသာလူသာမျဖစ္ပါေစနဲ႔။
စည္းစိမ္ခ်မ္းသာပီးထည္ဝါေနတဲ့အရိပ္ေအာက္မ်က္ရည္က်နာက်င္ခံစားေနသူထက္...
ေမွးမွိန္ေနတဲ့အရိပ္ေအာက္တင္းတိမ္စြာေနတတ္ပီးရယ္ေမာေပါ့ပါးေနသူဟာခ်မ္းသာသူအစစ္ပါ....
ဟန္ေဆာင္ျပံဳးနဲ႔မခ်မ္းသာခ်င္ဘူး၊
ဟန္ေဆာင္အတုအေယာင္နဲ႔မႀကီးပြားခ်င္ဘူး၊
ဟန္ေဆာင္ဂ႐ုဏာနဲ႔အကုသိုလ္မယူခ်င္ဘူး၊
ဟန္ေဆာင္ထားရတဲ့စိတ္ခ်မ္းသာမႈနဲ႔လူေတြကိုျပံဳးမျပခ်င္ဘူး...။
ကြၽန္မလည္းခ်မ္းသာဖို႔ႀကိဳးစားေနသူ...ခ်မ္းသာျပည့္လ်ွံပီးဖိတ္ဖိတ္က်ေဘးစင္သည္ထိခ်မ္းသာဖို႔အတြက္ေပါ့...စိတ္ခ်မ္းသာမႈေတြကိုသူတစ္ပါးကိုပါစင္သြားေအာင္လို႔ေလ။
ခ်မ္းသာမႈအစစ္အမွန္ကိုခံစားေျဖသိမ့္အားတင္းႏိုင္ၾကပါေစ....။
လူ႔ေလာဘသားေတြထဲကမွခ်မ္းသာဖို႔ႀကိဳးစားေနသူကြၽန္မ...
#Bozaw
Credit : Original Uploader
=======
.ကျွန်မအရမ်းချမ်းသာတယ်...💟💟
ကျွန်မစီးထားတဲ့ဖိနပ်၁သောင်းမကျော်ဘူး၊
ပေါ့ပါးပီးမနာကျင်စေဘဲလိုရာခရီးသူပို့ဆောင်ပေးတယ်၊
စျေးကြီးဖိနပ်တစ်ရံချစီးချိန်ပေသွားမလားပဲ့သွားမလားဆိုတဲ့စိတ်ဆင်းရဲမှုမျိုးကျွန်မမခံစားရဘူး..ဒါကြောင့်ကျွန်မစိတ်ချမ်းသာတယ်။
ကျွန်မဝတ်တဲ့အဝတ်တစ်စုံတန်ဖိုးကြီးတံဆိပ်မဟုတ်ဘူး၊
ပေါ့ပါးလွတ်လပ်တဲ့ခံစားမှုတွေအပြည့်အဝပေးစွမ်းတယ်၊
နာမည်ကြီးတံဆိပ်နဲ့စျေးကြီးပေးရတဲ့အထည်တစ်ထည်ကိုဝတ်ဆင်ထားချိန်ပေသွားမလား၊စွန်းထင်းသွားမလားဆိုတဲ့စိတ်ဆင်းရဲမှုမျိုးကျွန်မမခံစားရဘူး...ဒါကြောင့်ကျွန်မစိတ်ချမ်းသာတယ်။
ကျွန်မကိုင်နေတဲ့အိတ်၁သိန်းမကျော်ဘူး၊
လိုချင်တာအကုန်ထည့်ပီးဘယ်သွားသွားအသုံးဝင်တဲ့အိတ်အဖြစ်ခံစားရတယ်၊
စျေးများတဲ့အိတ်ကိုဘယ်နေရာချချဘယ်လိုသိမ်းသိမ်းညစ်ပေသွားမလားဆိုတဲ့စိတ်ဆင်းရဲမှုကျွန်မမခံစားရဘူး...ဒါကြောင့်ကျွန်မစိတ်ချမ်းသာတယ်။
သာမန်ချိန်နဲ့တန်ဆာဆင်ယင်ထားချိန်ချုပ်ထိန်းထားခံရတဲ့အနေအထိုင်၊စိတ်ကျဉ်းကြပ်မှုတွေထက်...
ပကတိလူတစ်ယောက်ရဲ့ပေါ့ပါးမှုဟာအရသာအရှိဆုံးပါ....။
ကျွန်မရဲ့စိတ်ထားမယုတ်ညံဘူး ဒါပေမယ့် မမြင့်မြတ်ဘူး၊
မြင့်မြတ်တဲ့သူတော်စင်ဟာဘုရားမှတစ်ပါးဘယ်သူမှမပြည့်ဝဘူး၊
မြင့်မြတ်ဖို့ထက်မယုတ်ညံ့ဖို့ကြိုးစားတယ်၊ဝဋ်ဆိုတာကိုအသိနဲ့သတိမှာတွဲကပ်ထားတယ်၊ဒါကြောင့်ကျွန်မစိတ်ချမ်းသာတယ်။
ကျွန်မတန်ဖိုးကြီးအဆင်တန်ဆာတွေမဝတ်ချင်ဘူး၊
အန္တရာယ်တွေစိပ်စိပ်လာတဲ့ပတ်ဝန်းကျင်နယ်ပယ်မှာယုံကြည်မှုအပြည့်နဲ့နေရတာထက်၊စိတ်တထင့်ထင့်နဲ့စိတ်မချမ်းသာတာကိုမနှစ်မြို့လာချိ်န်၊အလှတရားထက်အသက်ကိုတန်ဖိုးထားတတ်လာတယ်...ဒါကြောင့်ကျွန်မစိတ်ချမ်းသာတယ်။
ကျွန်မတို့တွေအားလုံးထဲမှာ...
လူတစ်ချို့ကချမ်းသာနေရက်စိတ်ဆင်းရဲနေကြရတယ်၊
လူတစ်ချို့ကဆင်းရဲနေရက်စိတ်ချမ်းသာနေကြရတယ်၊
စားနိုင်ပေမယ့်စိတ်ကြောင့်ခံတွင်းပျက်ဖြစ်နေရတယ်၊
မစားနိုင်ပေမယ့်စိတ်ကြောင့်ဟင်းမပါလည်းမြိန်နေတယ်၊
လောဘကလိုတာထက်ပိုလာချိန်လူတိုင်းစိတ်ဆင်းရဲကြရမှာပါ။
ဘဝမှာလူချမ်းသာပီးစိတ်ဆင်းရဲနေရတာထက်၊
ဘဝမှာလူဆင်းရဲပေမယ့်စိတ်ချမ်းသာရတာကလူဖြစ်ရကျိုးနပ်ပါတယ်။
လူချမ်းသာအောင်ကြိုးစားပါ၊စိတ်ဆင်းရဲအောင်တော့မဖြစ်ပါစေနဲ့။
အဆောင်တွေကိုနှစ်သက်ပါ၊ပြိုင်ဆိုင်မှုတွေမပါလာပါစေနဲ့၊
ဂုဏ်ပကာသနတွေကိုတပ်မက်ပါ၊လောဘဒေါသတွေဝင်မလာပါစေနဲ့၊
ငါအစွဲစိတ်တွေဖျောက်ဖျက်ပါငါဆိုတာလည်းသေတစ်နေ့ဆိုတာမမေ့ပါနဲ့၊
ဆင်းရဲ၊ချမ်းသာကမိမိလက်ထဲမှာမို့...
မိမိတစ်ကိုယ်လုံးကအပေါ်ယံခြုံထားတဲ့တန်ကြေးတွေဟာ..
မိမိစိတ်တန်ကြေးထက်နိမ့်တာမမေ့ပါနဲ့...
စိတ်ဓာတ်လောက်ဘယ်အရာမှတန်ကြေးမရှိပါဘူး...
ကုသိုလ်ကံအကျိုးတရားအရဆင်းရဲချမ်းသာကွဲပြားကြတာပါ...
လူဟာလူပါဘဲယုတ်ည့ံသောလူသာမဖြစ်ပါစေနဲ့။
စည်းစိမ်ချမ်းသာပီးထည်ဝါနေတဲ့အရိပ်အောက်မျက်ရည်ကျနာကျင်ခံစားနေသူထက်...
မှေးမှိန်နေတဲ့အရိပ်အောက်တင်းတိမ်စွာနေတတ်ပီးရယ်မောပေါ့ပါးနေသူဟာချမ်းသာသူအစစ်ပါ....
ဟန်ဆောင်ပြုံးနဲ့မချမ်းသာချင်ဘူး၊
ဟန်ဆောင်အတုအယောင်နဲ့မကြီးပွားချင်ဘူး၊
ဟန်ဆောင်ဂရုဏာနဲ့အကုသိုလ်မယူချင်ဘူး၊
ဟန်ဆောင်ထားရတဲ့စိတ်ချမ်းသာမှုနဲ့လူတွေကိုပြုံးမပြချင်ဘူး...။
ကျွန်မလည်းချမ်းသာဖို့ကြိုးစားနေသူ...ချမ်းသာပြည့်လျှံပီးဖိတ်ဖိတ်ကျဘေးစင်သည်ထိချမ်းသာဖို့အတွက်ပေါ့...စိတ်ချမ်းသာမှုတွေကိုသူတစ်ပါးကိုပါစင်သွားအောင်လို့လေ။
ချမ်းသာမှုအစစ်အမှန်ကိုခံစားဖြေသိမ့်အားတင်းနိုင်ကြပါစေ....။
လူ့လောဘသားတွေထဲကမှချမ်းသာဖို့ကြိုးစားနေသူကျွန်မ...
#Bozaw
Credit : Original Uploader

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...