၁၈နှစ်အရွယ်မိန်းကလေးကို ကယ်ရီသမားက ကိုင်းတောထဲခေါ်ပြီးမုဒိန်းကျင့်





Admin -Nyo Gyi
Waw Media

ပဲခူးတိုင်​း​ဒေသကြီး ​ဝေါမြို ့နယ်​ ဧကရဇ်​​ကျေးရွာတွင်​ ဧပြီလ (၉) ရက်​​နေ ့ ည (၇) နာရီအချိန်​ခန်​ ့က မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီးဖြစ်​သူမှာ နေအိမ်​သို ့အပြန်​အ​ဖော်​အဖြစ်​လိုက်​ပါလာသူက အဓမ္မပြုကျင်​ခဲ့၍ မြို ့မရဲစခန်​း၌ အမှုဖွင့် တိုင်​ကြားထား​ကြောင်​း သိရပါသည်။

ဖြစ်​စဉ်​မှာ ဧပြီ (၉) ရက်​ ည​နေ (၅) နာရီအချိန်​ ခန်​ ့က ဧကရဇ်​​ကျေးရွာ​နေအသက်​ (၁၈) နှစ်​အရွယ်​ရှိမ.........မှာ မိခင်​ဖြစ်​သူ​နေအိမ်​မှ ဆင်​းသွားသဖြင့် တစ်​ရွာတည်​း​နေ ဦး​အောင်​ချစ်​(ဘ)ဦးကြည်​ ၊ ဆိုင်​ကယ်​ကယ်​ရီ​မောင်​းသမားဦးဝင်​းနိုင်​တို ့နှင့်အတူ မိခင်​ဖြစ်​သူအား ဆိုင်​ကယ်​ဖြင့် လိုက်​လံရှာ​ဖွေစဉ် ​​ညဦးပိုင်​း (၆)နာရီ​ကျော်​ အချိန်​ခန်​ ့၌ နောင်​ပတ္တရာ​ကျေးရွာ ​ဇောင်​းတူ တူး​မြောင်​းလူသွားလမ်​း​ပေါ်တွင်​ ​တွေ့ရှိသဖြင့် ပြန်​လည်​​ခေါ်​ဆောင်​ခဲ့​ကြောင်​း မိခင်​ဖြစ်​သူမှ ​နေအိမ်​သို ့ပြန်​မလိုက်​သဖြင့် ဆိုင်​ကယ်​ကယ်​ရီသမားဦးဝင်​းနိုင်​အား ပြန်​လွှတ်​လိုက်​ပြီး မ........မှာ အ​ဖော်​အဖြစ်​လိုက်​​ပေးသူ ဦး​အောင်​ချစ်​နှင့် အတ​ူနေအိမ်သို ့ပြန်​လာခဲ့ရာ ဦး​အောင်​ချစ်​က မ..........အား ​ဇောင်​းတူ ဆည်​​မြောင်​း​ဘေးအနီးရှိ ကိုင်​း​တောထဲသို ့အတင်​းဆွဲ​ခေါ်ကာပါးစပ်​ပိတ်​၍ သားမယားအဖြစ်​ နှစ်​ကြိမ်​ပြုကျင့်ခဲ့​ကြောင်​း မြို ့မရဲစခန်​း၏ ရဲမှတ်​တမ်​းများ အရသိရသည်​။

၎င်းဖြစ်​စဉ်​နှင့် ပက်​သက်​၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ​ပြုကျင့်ခဲ့သူ ဧကရာဇ်​​​ကျေးရွာ​နေဦး​အောင်​ချစ်​(ဘ)ဦးကြည်​၊ အသက်​ (၅၃)နှစ်​အား အမှုဖွင့် အ​ရေးယူ​ပေးပါရန်​မ.......က တရားလိုပြုလုပ်​ တိုင်​တန်​းသဖြင့် ဝေါမြို ့မရဲစခန်​းမှ(ပ)၂၅၀/၂၀၁၇ပြစ်​မှုဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်​ထား​ပြီး အမှုနှင့် ပတ်​သက်​သည့် ဦး​အောင်​ချစ်​အား ဖမ်​းဆီးရမိထား​​ကြောင်​း ဆက်လက်​သိရှိရသည်​။

​Admin -Nyo Gyi
Waw Media

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...