ဘုရားဖူးကားေမွာက္ (၃)ဦးေသ၊ (၂၅)ဦးခန္႔ ဒဏ္ရာရ


စစ္ကိုင္းတိုင္းေဒသႀကီး၊ ေမာ္လိုက္ၿမိဳ႕နယ္အတြင္း႐ွိ လက္ေဆးကန္သို႔ ဘုရားဖူးသြားသည့္ကားတစ္စီးသည္ ဧၿပီ ၁၈ ရက္၊နံနက္ ၈ နာရီခန္႔က ေမွာက္သြားသျဖင့္ (၃)ဦးေသဆံုးၿပီး၊ ဒဏ္ရာရ႐ွိသူ(၂၅)ဦးခန္႔ ႐ွိေၾကာင္း သိရသည္။

ကားေမွာက္ၿပီးကားပိကာေသဆံုးေနသည္မွာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး ျဖစ္ေၾကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခမ္းပတ္ၿမိဳ႕နယ္၊ မလူေက်းရြာမွ ဘုရားဖူးသြားသည့္ ကားျဖစ္ေၾကာင္းသိရသည္။

``လမ္းအတက္မွာ ကားက ေနာက္ျပန္လိမ့္ၿပီး လမ္းေဘးေျမာင္း ထဲထိုးက်ၿပီး ေမွာက္တယ္လို႔ေျပာတယ္။ ကားေပၚမွာက လူအေယာက္(၄၀)ေလာက္ပါတယ္။ ဒဏ္ရာရသူေတြကိုေတာ့ ကေလးၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးကို ပို႔ထားၿပီးပါၿပီ။ ကားပိၿပီးေသဆံုးေနတဲ့ အေလာင္းေတြကိုေတာ့ ဆြဲထုတ္ႏိုင္ဖို႔ လုပ္ေနၾကပါတယ္´´ဟု ကေလးၿမိဳ႕နယ္၊ စခန္းၾကီးေက်းရြာ ရဲစခန္းမွဴး ရဲအုပ္ထြန္းထြန္းလြင္ကေျပာသည္။

ကားေမွာက္သည့္ေနရာမွာ ကေလးၿမိဳ႕နယ္၊ ကံေအာင္ ေက်း႐ြာအနီး ကေလး-ေမာ္လိုက္ႀကီးသြားကားလမ္းေပၚရိွ ေမာ္လိုက္ေတာင္ အတက္ေနရာတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း၊ အသက္(၂၇)ႏွစ္ရြယ္ ယာဥ္ေမာင္း ကိုခင္ေဇာ္မိုးေမာင္းႏွင္ခဲ့သည့္ 6J-7149 ၊SKAT ကား အနီေရာင္ျဖစ္ေၾကာင္း သိရသည္။

ေက်ာ္သူစိုး(ကေလးၿမိဳ႕)
ကေလးၿမိဳ႕ မီဒီယာ
https://www.facebook.com/KalaymyoMedia/

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ လက်ဆေးကန်သို့ ဘုရားဖူးသွားသည့်ကားတစ်စီးသည် ဧပြီ ၁၈ ရက်၊နံနက် ၈ နာရီခန့်က မှောက်သွားသဖြင့် (၃)ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ(၂၅)ဦးခန့် ရှိကြောင်း သိရသည်။

ကားမှောက်ပြီးကားပိကာသေဆုံးနေသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့နယ်၊ မလူကျေးရွာမှ ဘုရားဖူးသွားသည့် ကားဖြစ်ကြောင်းသိရသည်။

``လမ်းအတက်မှာ ကားက နောက်ပြန်လိမ့်ပြီး လမ်းဘေးမြောင်း ထဲထိုးကျပြီး မှောက်တယ်လို့ပြောတယ်။ ကားပေါ်မှာက လူအယောက်(၄၀)လောက်ပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီးပါပြီ။ ကားပိပြီးသေဆုံးနေတဲ့ အလောင်းတွေကိုတော့ ဆွဲထုတ်နိုင်ဖို့ လုပ်နေကြပါတယ်´´ဟု ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ ရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းလွင်ကပြောသည်။

ကားမှောက်သည့်နေရာမှာ ကလေးမြို့နယ်၊ ကံအောင် ကျေးရွာအနီး ကလေး-မော်လိုက်ကြီးသွားကားလမ်းပေါ်ရှိ မော်လိုက်တောင် အတက်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အသက်(၂၇)နှစ်ရွယ် ယာဉ်မောင်း ကိုခင်ဇော်မိုးမောင်းနှင်ခဲ့သည့် 6J-7149 ၊SKAT ကား အနီရောင်ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
ကလေးမြို့ မီဒီယာ
https://www.facebook.com/KalaymyoMedia/

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...