အပတ္စဥ္ ဒံုးက်ည္စမ္းသပ္မႈေတြလုပ္သြားမယ္လို႔ ေျမာက္ကိုရီးယား ဆို


 ႏိုင္ငံတကာကရႈတ္ခ်မႈေတြရွိေနသလို အေမရိကန္နဲ႔စစ္ေရးတင္းမာမႈေတြျမင့္တက္လာေနေပမယ့္လည္း ေျမာက္ကိုရီးယားအေနနဲ႔ ဒံုးက်ည္စမ္းသပ္မႈေတြကိုဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယား ထိပ္တန္းအရာရွိတစ္ဦးက ျပံဳယမ္းမွာ ေျပာၾကားခဲ့ပါတယ္။
“ကၽြန္ေတာ္တို႔ ေနာက္ထပ္ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို အပတ္စဥ္၊ လစဥ္၊ ႏွစ္စဥ္ စသျဖင့္လုပ္ေဆာင္ သြားမွာျဖစ္တယ္” လို႔ ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဒုတိယဝန္ၾကီး ဟန္ဆြန္ယိုး ကဘီဘီစီ သတင္းေထာက္ ဂၽြန္ဆက္ေဝါ့ကိုေျပာၾကားခဲ့ပါတယ္။
အေမရိကန္အေနနဲ႔ စစ္ေရးအရအေရးယူမႈလုပ္ခဲ့ပါက စစ္ပြဲအၾကီးအက်ယ္ျဖစ္သြားလိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။ အေမရိကန္ဒုတိယသမၼတ မိုက္ပန္႔စ္ကလည္း ေျမာက္ကိုရီးယားအစိုးရအေနနဲ႔ အေမရိကန္ကို အကဲလာမစမ္းဖို႔ သတိေပးခဲ့ပါတယ္။ အေမရိကန္ရဲ႕ေျမာက္ကိုရီးယားအေပၚ မဟာဗ်ဴဟာေျမာက္စိတ္ရွည္သည္းခံတဲ့ေခတ္က ကုန္လြန္သြားခဲ့ျပီ၊ လို႔လည္း သူကဆိုပါတယ္။ ေျမာက္ကိုရီးယားက မေအာင္ျမင္ခဲ့တဲ့ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈလုပ္ေဆာင္ခဲ့ျပီးခဲ့ေနာက္နာရီအနည္းငယ္အၾကာ တနဂၤေႏြေန႔က မစၥတာ ပန္႔စ္ဟာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ျမိဳ႕ကိုေရာက္ရွိခဲ့ပါတယ္။
ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တို႔ရဲ႕ တစ္ဖက္နဲ႔တစ္ဖက္ ရန္စေျပာဆိုမႈေတြအရွိန္တက္လာမႈနဲ႔အတူ ကိုရီးယား ကၽြန္းဆြယ္ေပၚမွာ သေဘာထားတင္းမာမႈေတြျမင့္တက္လာခဲ့ပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ ကၽြန္ေတ္ာတို႔အေပၚ စစ္ေရးအရတိုက္ခိုက္မႈလုပ္ဖို႔ျပင္ဆင္ေနမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ဘက္ကလည္း ကၽြန္ေတ္ာတို႔ရဲ႕ကိုယ္ပိုင္ပံုစံ၊ ကိုယ္ပိုင္နည္းလမ္းနဲ႔ ႏ်ဴကလီးယားလက္နက္နဲ႔လက္ဦးမႈရယူျပီး တိုက္ခိုက္သြားမွာျဖစ္တယ္လို႔လည္း မစၥတာ ဟန္က ဘီဘီစီကိုေျပာခဲ့ပါတယ္။
ႏိုင္ငံတကာအသိုင္းအဝိုင္းကရႈတ္ခ်တာေတြနဲ႔ ကုလသမဂၢရဲ႕ ဒဏ္ခတ္အေရးယူပိတ္ဆို႔မႈေတြရွိေနေပမယ့္လည္း ေျမာက္ကိုရီးယားအစိုးရဟာ မၾကာေသးခင္ႏွစ္ေတြအတြင္းက သူတို႔ရဲ႕ ႏ်ဴကလီးယားနဲ႔ဒံုးက်ည္စမ္းသပ္မႈေတြကို အရွိန္ျမွင့္လုပ္ေဆာင္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ အေမရိကန္အပါအဝင္ကမာၻတလႊားက ႏိုင္ငံေတြဆီ ေရာက္ရွိပစ္ခတ္ႏိုင္စြမ္းရွိတဲ့ တိုက္ခ်င္းပစ္ဒံုးက်ည္မွာ ႏ်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္ဖို႔ ရည္ရြယ္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ သည္ကိစၥ ျဖစ္လာမွာမဟုတ္ဘူးလို႔ေျပာခဲ့ျပီး ေျမာက္ကိုရီးယားႏိုင္ငံ အေပၚဖိအားေပးမႈေတြတိုးျမွင့္သြားမယ္၊လို႔ ဆိုခဲ့ပါတယ္။
အေမရိကန္သမၼတက ေရတပ္တိုက္ခိုက္ေရးတပ္ဖြဲ႔ကို ကိုရီးယားကၽြန္းဆြယ္ဆီေစလႊတ္ခဲ့ျပီး အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ကလည္း အေစာပိုင္းကတည္းကတပ္ျဖန္႔ခ်ထားမႈေတြလုပ္ေဆာင္ေနတဲ့ အျငင္းပြားဖြယ္ရာ ဒံုးကာကြယ္ေရးစနစ္တပ္ျဖန္႔ခ်ထားမႈကိုဆက္လက္လုပ္ေဆာင္ေနပါတယ္။
မေအးသီမြန္
kumudranews
Unicode
 နိုင်ငံတကာကရှုတ်ချမှုတွေရှိနေသလို အမေရိကန်နဲ့စစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပေမယ့်လည်း မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတစ်ဦးက ပြုံယမ်းမှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ နောက်ထပ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသဖြင့်လုပ်ဆောင် သွားမှာဖြစ်တယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဒုတိယဝန်ကြီး ဟန်ဆွန်ယိုး ကဘီဘီစီ သတင်းထောက် ဂျွန်ဆက်ဝေါ့ကိုပြောကြားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ စစ်ရေးအရအရေးယူမှုလုပ်ခဲ့ပါက စစ်ပွဲအကြီးအကျယ်ဖြစ်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ကလည်း မြောက်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ကို အကဲလာမစမ်းဖို့ သတိပေးခဲ့ပါတယ်။ အမေရိကန်ရဲ့မြောက်ကိုရီးယားအပေါ် မဟာဗျူဟာမြောက်စိတ်ရှည်သည်းခံတဲ့ခေတ်က ကုန်လွန်သွားခဲ့ပြီ၊ လို့လည်း သူကဆိုပါတယ်။ မြောက်ကိုရီးယားက မအောင်မြင်ခဲ့တဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုလုပ်ဆောင်ခဲ့ပြီးခဲ့နောက်နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့က မစ္စတာ ပန့်စ်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုရောက်ရှိခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် ရန်စပြောဆိုမှုတွေအရှိန်တက်လာမှုနဲ့အတူ ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ သဘောထားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ကျွန်တော်တို့အပေါ် စစ်ရေးအရတိုက်ခိုက်မှုလုပ်ဖို့ပြင်ဆင်နေမယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်နည်းလမ်းနဲ့ နျူကလီးယားလက်နက်နဲ့လက်ဦးမှုရယူပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း မစ္စတာ ဟန်က ဘီဘီစီကိုပြောခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကရှုတ်ချတာတွေနဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေရှိနေပေမယ့်လည်း မြောက်ကိုရီးယားအစိုးရဟာ မကြာသေးခင်နှစ်တွေအတွင်းက သူတို့ရဲ့ နျူကလီးယားနဲ့ဒုံးကျည်စမ်းသပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အမေရိကန်အပါအဝင်ကမ္ဘာတလွှားက နိုင်ငံတွေဆီ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သည်ကိစ္စ ဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ အပေါ်ဖိအားပေးမှုတွေတိုးမြှင့်သွားမယ်၊လို့ ဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတက ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့ကို ကိုရီးယားကျွန်းဆွယ်ဆီစေလွှတ်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း အစောပိုင်းကတည်းကတပ်ဖြန့်ချထားမှုတွေလုပ်ဆောင်နေတဲ့ အငြင်းပွားဖွယ်ရာ ဒုံးကာကွယ်ရေးစနစ်တပ်ဖြန့်ချထားမှုကိုဆက်လက်လုပ်ဆောင်နေပါတယ်။
kumudranews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...