ဦးေန၀င္းကို ေသနတ္ျဖင့္ မေတာ္တဆပစ္မိခဲ့ျခင္းဟု ၾကည္လင္းထြက္ဆုိ

အငွားယာဥ္ေမာင္းဦးေန ၀င္းကို ေသနတ္ျဖင့္ပစ္ခဲ့ျခင္း သည္ က်ည္မေတာ္တဆ ထြက္ သြားျခင္းျဖစ္ေၾကာင္း ၾကည္လင္း က တတိယေျမာက္႐ုံးခ်ိန္း တရား ခြင္တြင္ ထြက္ဆိုခဲ့သည္။
ဦးကိုနီလုပ္ႀကံခံရသည့္အမႈ တြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ လူ သတ္မႈႏွင့္ပတ္သက္၍ တရားလုိ ရဲအုပ္မိုးႏုိင္ကို မတ္လ ၃၁ ရက္က စစ္ေဆးစဥ္ ၾကည္လင္း၏ေရွ႕ ေန ဦးေက်ာ္ေက်ာ္ထုိက္က ၾကည္ လင္းအား ေျပာစရာရွိသလားဟု ေမးခဲ့ရာ ၾကည္လင္းက အငွား ယာဥ္ေမာင္းဦးေန၀င္းကို ေသနတ္ျဖင့္ပစ္မိသည္မွာ မေတာ္တဆျဖစ္ေၾကာင္း တရားသူႀကီးမ်ားေရွ႕ တြင္ ထြက္ဆိုခဲ့သည္။


 ဦးကိုနီကိုေသနတ္ျဖင့္ပစ္ ကာ ထြက္ေျပးၿပီးေနာက္ လမ္းမ ေပၚတြင္ လက္နက္ခ်အဖမ္းခံခဲ့ ေသာ္လည္း လူအမ်ားက ၀ိုင္း၀န္းထုိးႀကိတ္သျဖင့္ က်ည္ထြက္ခဲ့ေၾကာင္း ၾကည္လင္းကေျပာခဲ့သည္။

 ‘‘ကြၽန္ေတာ့္အနားလူ ငါး ေယာက္၊ ေျခာက္ေယာက္က အ နားေရာက္လာၿပီး ၀ိုင္းထုိး ၀ုိင္းႀကိတ္ျဖစ္လို႔ ေသနတ္က ဒိုး၊ေဒါက္ ဆုိက်ည္ထြက္သြားတာ’’ ထို႔ေနာက္ဆက္လက္၍ေျပးခဲ့ၿပီး  ေနာက္ တစ္ေခါက္လက္နက္ခ်ရာတြင္ လူမ်ားက ၀ိုင္း၀န္း႐ုိက္ႏွက္၍ ဖမ္းဆီးခံခဲ့ရေၾကာင္း ေျပာသည္။ ‘‘ေနာက္တစ္ေခါက္ျဖစ္ေတာ့ ကြၽန္ေတာ္လည္း သြားေတြ ဘာေတြလည္း ကြၽတ္တာသိတယ္။ ျပန္သတိရလာေတာ့ ဘယ္ေရာက္ေနမွန္း မသိေတာ့ဘူး’’ဟု ၾကည္လင္းက တရားခြင္တြင္ ေျပာၾကားသည္။

ၾကည္လင္း၏ ေျပာၾကား ခ်က္ကို ကိုးကား၍ ဦးေက်ာ္ေက်ာ္ထုိက္က ၾကည္လင္းသည္ ဦးကိုနီကိုပစ္ခတ္ၿပီး လမ္းမေပၚေျပးရာမွ လူအမ်ားကိုထိခိုက္မိမည္စိုး၍ ႏွစ္ႀကိမ္တုိင္ ဒူးေထာက္လက္နက္ခ်ခဲ့ ေၾကာင္း ေလွ်ာက္လဲခဲ့သည္။ ထို႔ေနာက္ ‘‘ျဖစ္ရပ္အမွန္မွာ တရားခံၾကည္လင္းသည္ ျပည္သူမ်ားမွ ၀ိုင္း၀န္း႐ုိက္ႏွက္ေနသည့္အတြက္ က်ည္ထြက္သြားခဲ့တာပါဆုိလွ်င္ ဟုတ္ပါသလား’’ဟု တရားလုိရဲအုပ္မိုးႏုိင္အား ေမးခြန္းထုတ္ခဲ့သည္။

တရားလိုရဲအုပ္မုိးႏုိင္က မမွန္ ေၾကာင္းတရားခြင္တြင္ ျပန္လည္ ေခ်ပခဲ့သည္။ တရားခံၾကည္လင္း သည္ လက္နက္ခ်သလိုႏွင့္ လက္ နက္မ်ားကို ခ်က္ခ်င္းျပန္ေကာက္ ၍ ေလဆိပ္ထဲသို႔၀င္လာေသာ တကၠစီယာဥ္မ်ားကို ေသနတ္ကိုင္၍ တားေနၿပီး ေနာက္ဆုံးတြင္ ကားေပၚမွဖမ္းဆီးရမိခဲ့ေၾကာင္း ရဲအုပ္မိုးႏုိင္က ထြက္ဆိုခဲ့သည္။

ရဲအုပ္မုိးႏုိင္ကို တရားလိုအျဖစ္စစ္ေဆးၿပီး ၎က စီစီတီဗီမွတ္တမ္းအပါအ၀င္ သက္ေသအေထာက္အထားကိုပါတင္သြင္းခဲ့သည္။ ထို႔ေနာက္ ေအာင္၀င္း ေဇာ္၏ ေရွ႕ေနဦးေအာင္ခုိင္၊ ေဇ ယ်ာၿဖိဳး၏ေရွ႕ေန ေဒၚပပ၀င္းတို႔ က တရားလုိကိုေမးခြန္းေမးျမန္းခဲ့သည္။ တရားခြင္ကို ႏွစ္နာရီေက်ာ္ၾကာ စစ္ေဆးၿပီး စတုတၳ အႀကိမ္ ႐ုံးခ်ိန္းကို ဧၿပီ ၇ ရက္တြင္ ျပဳလုပ္မည္ ျဖစ္သည္။
credit..7daydaily
အငှားယာဉ်မောင်းဦးနေ ဝင်းကို သေနတ်ဖြင့်ပစ်ခဲ့ခြင်း သည် ကျည်မတော်တဆ ထွက် သွားခြင်းဖြစ်ကြောင်း ကြည်လင်း က တတိယမြောက်ရုံးချိန်း တရား ခွင်တွင် ထွက်ဆိုခဲ့သည်။
ဦးကိုနီလုပ်ကြံခံရသည့်အမှု တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူ သတ်မှုနှင့်ပတ်သက်၍ တရားလို ရဲအုပ်မိုးနိုင်ကို မတ်လ ၃၁ ရက်က စစ်ဆေးစဉ် ကြည်လင်း၏ရှေ့ နေ ဦးကျော်ကျော်ထိုက်က ကြည် လင်းအား ပြောစရာရှိသလားဟု မေးခဲ့ရာ ကြည်လင်းက အငှား ယာဉ်မောင်းဦးနေဝင်းကို သေနတ်ဖြင့်ပစ်မိသည်မှာ မတော်တဆဖြစ်ကြောင်း တရားသူကြီးများရှေ့ တွင် ထွက်ဆိုခဲ့သည်။


 ဦးကိုနီကိုသေနတ်ဖြင့်ပစ် ကာ ထွက်ပြေးပြီးနောက် လမ်းမ ပေါ်တွင် လက်နက်ချအဖမ်းခံခဲ့ သော်လည်း လူအများက ၀ိုင်းဝန်းထိုးကြိတ်သဖြင့် ကျည်ထွက်ခဲ့ကြောင်း ကြည်လင်းကပြောခဲ့သည်။

 ‘‘ကျွန်တော့်အနားလူ ငါး ယောက်၊ ခြောက်ယောက်က အ နားရောက်လာပြီး ၀ိုင်းထိုး ဝိုင်းကြိတ်ဖြစ်လို့ သေနတ်က ဒိုး၊ဒေါက် ဆိုကျည်ထွက်သွားတာ’’ ထို့နောက်ဆက်လက်၍ပြေးခဲ့ပြီး  နောက် တစ်ခေါက်လက်နက်ချရာတွင် လူများက ၀ိုင်းဝန်းရိုက်နှက်၍ ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။ ‘‘နောက်တစ်ခေါက်ဖြစ်တော့ ကျွန်တော်လည်း သွားတွေ ဘာတွေလည်း ကျွတ်တာသိတယ်။ ပြန်သတိရလာတော့ ဘယ်ရောက်နေမှန်း မသိတော့ဘူး’’ဟု ကြည်လင်းက တရားခွင်တွင် ပြောကြားသည်။

ကြည်လင်း၏ ပြောကြား ချက်ကို ကိုးကား၍ ဦးကျော်ကျော်ထိုက်က ကြည်လင်းသည် ဦးကိုနီကိုပစ်ခတ်ပြီး လမ်းမပေါ်ပြေးရာမှ လူအများကိုထိခိုက်မိမည်စိုး၍ နှစ်ကြိမ်တိုင် ဒူးထောက်လက်နက်ချခဲ့ ကြောင်း လျှောက်လဲခဲ့သည်။ ထို့နောက် ‘‘ဖြစ်ရပ်အမှန်မှာ တရားခံကြည်လင်းသည် ပြည်သူများမှ ၀ိုင်းဝန်းရိုက်နှက်နေသည့်အတွက် ကျည်ထွက်သွားခဲ့တာပါဆိုလျှင် ဟုတ်ပါသလား’’ဟု တရားလိုရဲအုပ်မိုးနိုင်အား မေးခွန်းထုတ်ခဲ့သည်။

တရားလိုရဲအုပ်မိုးနိုင်က မမှန် ကြောင်းတရားခွင်တွင် ပြန်လည် ချေပခဲ့သည်။ တရားခံကြည်လင်း သည် လက်နက်ချသလိုနှင့် လက် နက်များကို ချက်ချင်းပြန်ကောက် ၍ လေဆိပ်ထဲသို့ဝင်လာသော တက္ကစီယာဉ်များကို သေနတ်ကိုင်၍ တားနေပြီး နောက်ဆုံးတွင် ကားပေါ်မှဖမ်းဆီးရမိခဲ့ကြောင်း ရဲအုပ်မိုးနိုင်က ထွက်ဆိုခဲ့သည်။

ရဲအုပ်မိုးနိုင်ကို တရားလိုအဖြစ်စစ်ဆေးပြီး ၎င်းက စီစီတီဗီမှတ်တမ်းအပါအဝင် သက်သေအထောက်အထားကိုပါတင်သွင်းခဲ့သည်။ ထို့နောက် အောင်ဝင်း ဇော်၏ ရှေ့နေဦးအောင်ခိုင်၊ ဇေ ယျာဖြိုး၏ရှေ့နေ ဒေါ်ပပဝင်းတို့ က တရားလိုကိုမေးခွန်းမေးမြန်းခဲ့သည်။ တရားခွင်ကို နှစ်နာရီကျော်ကြာ စစ်ဆေးပြီး စတုတ္ထ အကြိမ် ရုံးချိန်းကို ဧပြီ ၇ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။
credit..7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...