မရမ်းကုန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အ၀တ်ဗလာ ကျင်းလျက် အများပြည်သူ အနှောင့်အယှက် ဖြစ်အောင် သွားလာနေသူအား ရဲတပ်ဖွဲ့ဝင်များက ထိန်းထိမ်းအရေးယူ


ရန်ကုန်၊ မတ် ၃၁
၃၁.၃.၂၀၁၇ ရက်နေ့ ၂၂၁၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ပြည်လမ်း၊ (၉)မိုင်တွင် အ၀တ်ဗလာကျင်းလျက် အမျိုးသမီးတစ်ဦး လျောက်သွားနေပြီး အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Center သို့ သတင်းပေးပို့ချက်အရ
မရမ်းကုန်း မြို့မရဲစခန်းမှ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပါဝင်သောအဖွဲ့မှ သတင်းအတည်ပြု ဆောင်ရွက်ခဲ့ ရာ အဆိုပါနေရာအနီး (၈)မိုင်ခွဲကားမှတ်တိုင်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နေ မ-----၊ အသက် (၂၆)နှစ် ဖြစ်ပြီး အ၀တ်ဗလာဖြင့်တွေရှိရကာ ၎င်း
အား တပ်ဖွဲ့ဝင် များက အ၀တ်များ လုံခြုံစွာဝတ်ဆင်စေလျက် ရဲစခန်း သို့ ခေါ်ဆောင်ထိန်းသိမ်းလာခဲ့ပါသည်။
ဖြစ်စဉ်မှ အမျိုးသမီးအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...