သံမဏိနွင္းဆီဂ်ာနယ္ လူသတ္မႈနွင့္စပ္လ်ဉ္း၍ သတင္းဆက္ ထပ္မံေဖာ္ျပျခင္း


ပုဇြန္ေတာင္ျမိဳ႕နယ္ရွိသံမဏိနွင္းဆီဂ်ာနယ္တိုက္တြင္ျဖစ္ပြားေသာလူသတ္မႈမွာအမ်ားျပည္သူစိတ္ဝင္စား သည့္မႈခင္းတစ္ခုျဖစ္သည့္အျပင္အမႈမွန္မ
ေပၚေပါက္မီအခ်ိဳ႕ေသာသတင္းမီဒီယာမ်ားမွ ထင္ျမင္ယူဆခ်က္မ်ားနွင့္ေဝဖန္ေရးသားခ်က္မ်ားေဖာ္ျပလာသျဖင့္ အထင္အျမင္လြဲမွားမႈမ်ားျဖစ္ေပၚလာနိုင္ေသာေၾကာင့္ အမ်ားျပည္သူအား ျဖစ္စဥ္အမွန္သိရွိနိုင္ေစရန္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ အမႈစံုစမ္းစစ္ေဆးေနစဥ္ကာလအတြင္းလတ္တေလာစစ္ေဆးေပၚေပါက္ခ်က္မ်ားကိုကနဦးသတင္း အျဖစ္အသိေပး ေဖာ္ျပခဲ့ပါသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ အမႈနွင့္ပတ္သက္၍ အမ်ားျပည္သူအထင္အျမင္လြဲမွားမႈမရွိေစရန္ ကနဦး သတင္းေဖာ္ျပထားရွိေသာ္လည္းရဲလုပ္ငန္း
မ်ားကိုဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိပါသည္။ အမႈအားဆက္လက္စံုစမ္းစစ္ေဆးခဲ့ရာ အမႈနွင့္သက္ဆိုင္သည့္ေသဆံုးသူအသံုးျပဳေသာTOSHIBA အမ်ိဳးအစား Laptopကြန္ပ်ဴတာႏွင့္ iPhone SE လက္ကိုင္ဖုန္းကို ျပစ္မႈက်ဴးလြန္သူ ေအာင္ကိုကိုမွ ျပင္ဦး လြင္ျမိဳ႕(၆)ရပ္ကြက္၊ ျမိဳ႕ပတ္လမ္းရွိကန္ေတာ္ေလးကန္တြင္ စြန္႔ပစ္ခဲ့ေၾကာင္း ထပ္မံထြက္ဆိုခဲ့သျဖင့္ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူ ေအာင္ကိုကိုအားေခၚေဆာင္၍ ျပင္ဦးလြင္ ျမိဳ႕သို႔ သြားေရာက္ခဲ့ၿပီး ေရငုပ္သမားမ်ား၏အကူအညီျဖင့္ ရွာေဖြခဲ့ရာ TOSHIBAအမ်ိဳးအစား Laptop ကြန္ပ်ဴတာ ကို ၂၁.၄.၂၀၁၇ ရက္ေန႔ ညေန ၆နာရီခဲြအခ်ိန္ခန္႔တြင္လည္းေကာင္း၊ iPhone SE လက္ကိုင္ဖုန္းကို ၂၂.၄.၂၀၁၇ရက္ေန႔ ေန႔လယ္၁နာရီခဲြအခ်ိန္ခန္႔ တြင္လည္းေကာင္းကန္ေတာ္ေလး ကန္အတြင္းမွ ဆယ္ယူေတြ႕ရွိသိမ္း ဆည္းရရွိခဲ့ပါသည္။
အမႈႏွင့္ပတ္သက္၍ အခင္းျဖစ္ရပ္တြင္ေတြ႕ရွိသည့္ ဆံပင္ကိုလည္း မသကၤာသူႏွစ္ဦး၏ဆံပင္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးႏိုင္ရန္ ဓာတုေဗဒစစ္ေဆးေရးဌာနသို႔ ေပးပို႔ထင္ျမင္ခ်က္ေတာင္းခံထားရွိၿပီးျဖစ္ပါသည္။
ေအာင္ကိုကို၏ ထပ္မံထြက္ဆိုခ်က္တြင္ သံမဏိနွင္းဆီဂ်ာနယ္တိုက္တြင္ျပစ္မႈက်ဴးလြန္စဥ္က ၎၏သူငယ္ခ်င္းျဖစ္သူ ျပည့္သူနိုင္(ခ)ဘုရားပြဲ(ခ)ၿဖိဳးေသာ္လည္းအတူပါ၀င္ခဲ့ေၾကာင္းထပ္မံထြက္ဆိုခဲ့သျဖင့္ျပည့္သူနိုင္(ခ)ဘုရားပြဲ(ခ)ၿဖိဳးေသာ္အား ဧၿပီလ၂၂ရက္ေန႔တြင္ ဖမ္းဆီးစစ္ေဆးေဆာင္ရြက္ လ်က္ရွိပါသည္။
အမႈနွင့္စပ္လ်ဉ္း၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္အမ်ားျပည္သူစိတ္ဝင္စားေသာ မႈခင္း ျဖစ္စဉ္အေပၚ ကနဦးသတင္းမ်ားေဖာ္ျပေပးခဲ့ၿပီးအမႈအားဥပေဒနွင့္အညီဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိသျဖင့္စစ္ေဆးေပၚေပါက္ခ်က္မ်ားကိုလည္းအမ်ားျပည္သူသိရွိေစရန္ ဆက္လက္အသိေပးေဖာ္ျပ သြားမည္ျဖစ္ပါေၾကာင္းသတင္းရရွိပါသည္။




Unicode
ပုဇွန်တောင်မြို့နယ်ရှိသံမဏိနှင်းဆီဂျာနယ်တိုက်တွင်ဖြစ်ပွားသောလူသတ်မှုမှာအများပြည်သူစိတ်ဝင်စား သည့်မှုခင်းတစ်ခုဖြစ်သည့်အပြင်အမှုမှန်မ
ပေါ်ပေါက်မီအချို့သောသတင်းမီဒီယာများမှ ထင်မြင်ယူဆချက်များနှင့်ဝေဖန်ရေးသားချက်များဖော်ပြလာသဖြင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာနိုင်သောကြောင့် အများပြည်သူအား ဖြစ်စဉ်အမှန်သိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အမှုစုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်းလတ်တလောစစ်ဆေးပေါ်ပေါက်ချက်များကိုကနဦးသတင်း အဖြစ်အသိပေး ဖော်ပြခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အမှုနှင့်ပတ်သက်၍ အများပြည်သူအထင်အမြင်လွဲမှားမှုမရှိစေရန် ကနဦး သတင်းဖော်ပြထားရှိသော်လည်းရဲလုပ်ငန်း
များကိုဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ အမှုအားဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ အမှုနှင့်သက်ဆိုင်သည့်သေဆုံးသူအသုံးပြုသောTOSHIBA အမျိုးအစား Laptopကွန်ပျူတာနှင့် iPhone SE လက်ကိုင်ဖုန်းကို ပြစ်မှုကျူးလွန်သူ အောင်ကိုကိုမှ ပြင်ဦး လွင်မြို့(၆)ရပ်ကွက်၊ မြို့ပတ်လမ်းရှိကန်တော်လေးကန်တွင် စွန့်ပစ်ခဲ့ကြောင်း ထပ်မံထွက်ဆိုခဲ့သဖြင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ အောင်ကိုကိုအားခေါ်ဆောင်၍ ပြင်ဦးလွင် မြို့သို့ သွားရောက်ခဲ့ပြီး ရေငုပ်သမားများ၏အကူအညီဖြင့် ရှာဖွေခဲ့ရာ TOSHIBAအမျိုးအစား Laptop ကွန်ပျူတာ ကို ၂၁.၄.၂၀၁၇ ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့်တွင်လည်းကောင်း၊ iPhone SE လက်ကိုင်ဖုန်းကို ၂၂.၄.၂၀၁၇ရက်နေ့ နေ့လယ်၁နာရီခွဲအချိန်ခန့် တွင်လည်းကောင်းကန်တော်လေး ကန်အတွင်းမှ ဆယ်ယူတွေ့ရှိသိမ်း ဆည်းရရှိခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်တွင်တွေ့ရှိသည့် ဆံပင်ကိုလည်း မသင်္ကာသူနှစ်ဦး၏ဆံပင်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ဓာတုဗေဒစစ်ဆေးရေးဌာနသို့ ပေးပို့ထင်မြင်ချက်တောင်းခံထားရှိပြီးဖြစ်ပါသည်။
အောင်ကိုကို၏ ထပ်မံထွက်ဆိုချက်တွင် သံမဏိနှင်းဆီဂျာနယ်တိုက်တွင်ပြစ်မှုကျူးလွန်စဉ်က ၎င်း၏သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်လည်းအတူပါဝင်ခဲ့ကြောင်းထပ်မံထွက်ဆိုခဲ့သဖြင့်ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်အား ဧပြီလ၂၂ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးဆောင်ရွက် လျက်ရှိပါသည်။
အမှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်အများပြည်သူစိတ်ဝင်စားသော မှုခင်း ဖြစ်စဉ်အပေါ် ကနဦးသတင်းများဖော်ပြပေးခဲ့ပြီးအမှုအားဥပဒေနှင့်အညီဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသဖြင့်စစ်ဆေးပေါ်ပေါက်ချက်များကိုလည်းအများပြည်သူသိရှိစေရန် ဆက်လက်အသိပေးဖော်ပြ သွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...