အငှားယာဉ်မောင်းအမျိုးသားကို ဓားထောက် အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ


အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှ အမျိုးသမီးတဦးဟာ အငှားယာဉ်မောင်း အမျိုးသားတဦးကို ဓားထောက် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဖမ်းဆီး ဒဏ်ရိုက်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘရစ်တနီကာတာ အမည်ရ အဲဒီအမျိုးသမီးဟာ တခြား အမျိုးသားတဦးနဲ့အတူ ကားငှားစီးလာခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အငှားယာဉ်မောင်းကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုမလုပ်ခင်မှာ အဖော်ဖြစ်သူ အမျိုးသားက သူ့ရဲ့လည်ပင်းကို ဓားနဲ့ ထောက်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ သူတို့စုံတွဲဟာ ယာဉ်မောင်းဆီက အမေရိကန်ဒေါ်လာ ၃၂ ဒေါ်လာကိုပါ ဓားပြတိုက်ခဲ့ကြပြီး ဖင်ဒ်လေမြို့ဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရ ရောဘတ်ရင်းဂ်ကတော့ “သူတို့ ဘာကြောင့် ခုလိုလုပ်ရတယ်ဆိုတာကို ကျနော်တို့ မသိပါဘူး။ ဒါဟာ အငှားယာဉ်မောင်းဆီကငွေကို ခိုးယူဖို့ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အငှားယာဉ်မောင်းဟာ ထရစ်နတီ အငှားကားဝန်ဆောင်မှုလုပ်ငန်းမှ ယာဉ်မောင်းတဦးဖြစ်ပြီး အဲဒီအမျိုးသမီးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ အစောပိုင်းမှာ ငှားရမ်းခဲ့တာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။
အငှားယာဉ်မောင်းဟာ ဒီအဖြစ်အပျက်ကို သတင်းပို့ တိုင်တန်းခဲ့အပြီးမှာ ခုလို ဖမ်းဆီးနိုင်ခဲ့တာပါ။
ဘရစ်တနီကာတာဟာ ပထမအဆင့် ပြစ်မှုဆိုင်ရာ အဓမ္မပြုကျင့်မှုနဲ့ ဓားပြမှုတွေအတွက် တရားရင်ဆိုင်ရမယ်လို့ ဟန်ကော့ခ်တရားရုံးက ပြောပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်ကလည်း မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေနဲ့ ၂ ကြိမ် စွဲချက်တင်ခံခဲ့ရဖူးပါတယ်။
သူနဲ့အတူပါလာခဲ့သူ အသက် ၂၀ အရွယ် ဂျက်ခ်ဆင် အမည်ရတဲ့ အမျိုးသားကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲတွေက ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။

Credit' DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...