နှစ်ဆန်းတစ်ရက်နေ့ ပရိတ်ရွတ်ရန် ပြင်ဆင်နေချိန်၊ ကင်မရာစမ်းနေတုန်း ပေါ်လာတဲ့ ၀ိညာဉ်ပုံရိပ်

သူငယ်ချင်းတို့တွေလည်း ဝေဖန်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်နော်….

Unicode
အမှန်အကန်လား..အကြံအဖန်လား ???
ဒီပုံလေးကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ မြောက်ဒဂုံဘေလီတံတားအဆင်း ၃၅ မှတ်တိုင်နားမှာ ပရိတ်ရွတ်ရန် ပြင်ဆင်နေချိန်၊ ကင်မရာစမ်းတုံး ပေါ်လာတဲ့ပုံပါတဲ့..
လူတွေပြောပုံအရ ၄င်းဝိညဉ်သည် လွန်ခဲ့သည့် ၄ – ၅ လလောက်က ဒုတိယနှစ်ကျောင်းသူလေးတစ်ဦးကားတိုက်ခံပီး သေဆုံးသွားတဲ့ ပုံနဲ့ တစ်ထပ်တည်း တူနေပါသတဲ့ …
အဲဒီအချိန်တုန်းကတော့ ကျောင်းသူလေးသေဆုံးနေတဲ့ပုံကို အင်တာနက်မှာမြင်လိုက်ရဘူးပါတယ် … ခေါင်းက ပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်..
ဒါပေမယ့် ခု မြင်လိုက်ရတဲ့ ဝိညဉ်ပုံကတော့ ကျောင်းသူလေးပါလို့ လူတွေက တစ်ထစ်ချပြောရလောက်အောင် တူနေတာတော့မဟုတ်ပါဘူး ..
အဲတော့ ဒီပုံလေးဟာ အမှန်အကန်လား .. ကင်မရာမင်းတွေရဲ့ အကြံအဖန်လားဆိုတာ မသိရသေးပါဘူး..
လူတွေအားလုံး ကတော့ တကယ်ထင်နေကြတယ်ပေါ့နော်…
ဂျူးမလည်း ဓါတ်ပုံလေး တွေ့တော scan ဖတ်ပီး ယူကြည့်တာ ဘယ်လိုဆုံးဖြတ်ရမလဲ မသိပါဘူး…
သူငယ်ချင်းတို့တွေလညး် ဝေဖန်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်နော်….

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...