ဆိုင္ကလုန္းမုန္တိုင္း "မာရသာ" ႏွစ္ဆန္းတစ္ရက္ နံနက္အေစာပိုင္းတြင္ ရခိုင္ကမ္းရိုးတန္းအား ျဖတ္ေက်ာ္မည္

ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း "မာရသာ" သည္ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္အေစာပိုင္းတြင္ ရခိုင္ကမ္းရိုးတန္းကို ျဖတ္ေက်ာ္မည္ျဖစ္ျ့ပီး မႏၲေလးႏွင့္ မေကြးတိုင္းအတြင္းသို႔ ကုန္းတြင္းမုန္တိုုင္းငယ္အျဖစ္ ဆက္လက္ေရြ႔လ်ား သြားမည္ျဖစ္ေျကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ျကားမႈဦးစီးဌာနမွ ဒုတိယညႊန္ျကားေရးမွဴးခ်ဳပ္ ေဒါက္တာဦီးေက်ာ္မိုးဦးက ေျပာသည္။
 
''ဆိုင္ကလုန္းမုန္တိုင္းက သႀကၤန္အတက္ေန႔ ညသန္းေခါင္ေလာက္မွာ သံတြဲနဲ႔ စစ္ေတြၾကားကို ျဖတ္ေက်ာ္ႏုိင္တယ္။ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္အေစာပိုင္းေလာက္ ျဖစ္ႏုိင္တယ္။ သူကျဖတ္ၿပီးသြားရင္ ကုန္းတြင္းမုန္တိုင္းငယ္ အေနနဲ႔ ဆက္ၿပီးရွိႏိုင္တယ္။ အဓိက,က မႏၲေလးနဲ႔ မေကြးမွာ ကုန္းတြင္းမုန္တိုင္းငယ္အျဖစ္ ဆက္သြားမွာျဖစ္တယ္။ ၁၇၊ ၁၈ေလာက္ထိ ရွိႏုိင္တယ္။ ဒါေပမယ့္ မုန္တိုင္းျကီးေလာက္ေတာ့ အားမျပင္းဘူး ေလျပင္းတိုက္တာေတြ မိုးျကီးတာေတြ ျဖစ္ႏုိင္တယ္ ဧရာဝတီတို႔ ရန္ကုန္တို႔က မုန္တိုင္းက ျပတ္ထြက္လာတဲ႔ တိမ္တိုက္ေျကာင့္ ေလျပင္းတိုက္တာေတြ ႀကဳံတယ္" ဟု ေဒါက္တာ ဦးေက်ာ္မိုးဦးက ေျပာသည္။
 
ဆုိင္ကလုန္းမုန္တုိင္း "မာရသာ" သည္ ျမန္မာႏိုင္ငံ၊ ကိုကိုးကၽြန္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ (၁၄၅)မိုင္ခန္႔၊ ပုသိမ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ မိုင္ (၁၉၅)ခန္႔၊ သံတြဲၿမိဳ႕၏ အေနာက္ေတာင္ဘက္ မိုင္(၂၃၀) ခန္႔ႏွင့္ ေက်ာက္ျဖဴၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၂၄၅) မိုင္ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။
 
အဆိုပါ ဆိုင္ကလုန္းမုန္တိုင္းသည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားမည္ဟု မုိးေလ၀သႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန၏ ခန္႔မွန္းခ်က္အရ သိရသည္။
 
''မုန္တိုင္းငယ္က သႀကၤန္အတက္ေန႔မွာ မာရသာလို႔ နာမည္ရ ဆိုင္ကလုန္းမုန္တိုင္း အဆင့္နဲ႔ ေက်ာက္ျဖဴဘက္ကို ဦးတည္ေနပါတယ္။ ၁၆ ရက္ညေနပိုင္းမွာ မုန္တိုင္းငယ္အျဖစ္ အားျပန္ေလ်ာ့ႏိုင္ပါတယ္။ ၁၆ ရက္ သန္းေခါင္ ၁၇ ရက္ အေစာပို္င္းေလာက္မွာ ေက်ာက္ျဖဴၿမိဳ႕အနီးကေန ကမ္းကိုျဖတ္ေက်ာ္ႏုိင္ပါတယ္။ ကမ္းျဖတ္ခ်ိန္မွာ မုန္တိုင္းငယ္အဆင့္ ျဖစ္ေပမယ့္ သတိျပဳ ေဆာင္ရြက္ေစလိုပါတယ္။ မုိးကေတာ့ ၁၆ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ ပ်ံ႕ပ်ံ႕ႏွံ႔ႏွံ႔ရြာမွာျဖစ္ျပီး ရခိုင္၊ ဧရာဝတီ၊ ပဲခူး၊ ရန္ကုန္၊ မေကြး၊ မႏၲေလးတုိ႔မွာ ေနရာကြက္ မိုးႀကီးႏုိင္ပါတယ္'' ဟု မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္က ေျပာသည္။
 
ဆိုင္ကလုန္းမုန္တိုင္း၏ လက္ရွိအေျခအေနသည္ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားသည့္ အေျခအေနျဖစ္၍ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ထားသည္။
 
ဆိုင္ကလုန္း မုန္တိုင္းသည္ သႀကၤန္အတက္ေန႔ နံနက္မွ ေနာက္ (၃၆) နာရီအတြင္း ျမန္မာႏိုင္ငံ ကမ္း‌ေျခေဒသ၊ စစ္ေတြၿမိဳ႕ႏွင့္ သံတြဲၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း၊ ဆိုင္ကလုန္းမုန္တိုင္းသည္ စစ္ေတြၿမိဳ႕ႏွင့္ သံတြဲၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္စဥ္ အျမင့္ဆုံး ေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၅၀) မွ မိုင္(၆၀)အထိ တိုက္ခတ္ႏိုင္သည္ဟု ခန္႔မွန္းရေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
 
ထို႔ျပင္ မုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္ျဖစ္ၿပီး မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၄၅) မိုင္အထိ တိုက္ခတ္ႏိုင္ေၾကာင္း သိရသည္။
 
မုန္တိုင္းအဆင့္ သတ္မွတ္ရာတြင္ ဘဂၤလားပင္လယ္ေအာ္ႏွင့္ ကပၸလီပင္ဘယ္ျပင္တြင္ အပူပိုင္းမုန္တိုင္း စတင္ျဖစ္ေပၚပါက အဝါေရာင္၊ မုန္တိုင္းသည္ ျမန္မာႏိုင္ငံ ကမ္းရိုးတန္းသုိ႔ ဦးတည္ပါက လိေမၼာ္ေရာင္ မုန္တိုင္းသည္ ျမန္မာႏုိင္ငံသို႔ ဦးတည္ျပီး ကမ္းရိုးတန္းသုိ႔ မျဖတ္ေက်ာ္မီ ၁၂ နာရီ အလိုအား အနီေရာင္၊ ျမန္မာႏုိင္ငံ ကမ္းရိုးတန္းမ်ားသုိ႔ မုန္တိုင္းျဖတ္ေက်ာ္ ဝင္ေရာက္ပါက အညိဳေရာင္၊ မုန္တိုင္းသည္ အားေပ်ာ့ျပီး အႏၲရာယ္ ကင္းရွင္းသြားပါက အစိမ္းေရာင္ အျခအေန သတ္မွတ္ေျကာင္း သိရသည္။
 
ျမန္မာႏုိင္ငံသို႔ မုန္တိုင္းျဖတ္ေက်ာ္ ဝင္ေရာက္ခဲ႔မူ အခ်ိဳ႕သည္ ၂၀၀၆ ခုႏွစ္တြင္ မာလာမုန္တိုင္း၊ ၂၀၀၈ ခုႏွစ္တြင္ နာဂစ္မုန္တိုင္း၊ ၂၀၁၀ ခုႏွစ္တြင္ ဂီရိမုန္တုိင္းတို႔ျဖစ္ၿပီး ၂၀၀၈ ခုႏွစ္တြင္ ဝင္ေရာက္ခဲ႔သည့္ နာဂစ္မုန္တိုင္းသည္ ျမန္မာႏုိင္ငံ၌ အဆိုးရြားဆုံး မုန္တိုင္းျဖစ္ျပီး လူဦးေရ သိန္းေက်ာ္ ေသဆုံးခဲ႔ေၾကာင္း သိရသည္။

Credit - EMG
==============

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" သည် နှစ်ဆန်းတစ်ရက်နေ့ နံနက်အစောပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်မည်ဖြစ်ြ့ပီး မန္တလေးနှင့် မကွေးတိုင်းအတွင်းသို့ ကုန်းတွင်းမုန်တိုုင်းငယ်အဖြစ် ဆက်လက်ရွေ့လျား သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦီးကျော်မိုးဦးက ပြောသည်။
 
''ဆိုင်ကလုန်းမုန်တိုင်းက သင်္ကြန်အတက်နေ့ ညသန်းခေါင်လောက်မှာ သံတွဲနဲ့ စစ်တွေကြားကို ဖြတ်ကျော်နိုင်တယ်။ နှစ်ဆန်းတစ်ရက်နေ့ နံနက်အစောပိုင်းလောက် ဖြစ်နိုင်တယ်။ သူကဖြတ်ပြီးသွားရင် ကုန်းတွင်းမုန်တိုင်းငယ် အနေနဲ့ ဆက်ပြီးရှိနိုင်တယ်။ အဓိက,က မန္တလေးနဲ့ မကွေးမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်သွားမှာဖြစ်တယ်။ ၁၇၊ ၁၈လောက်ထိ ရှိနိုင်တယ်။ ဒါပေမယ့် မုန်တိုင်းကြီးလောက်တော့ အားမပြင်းဘူး လေပြင်းတိုက်တာတွေ မိုးကြီးတာတွေ ဖြစ်နိုင်တယ် ဧရာဝတီတို့ ရန်ကုန်တို့က မုန်တိုင်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်ကြောင့် လေပြင်းတိုက်တာတွေ ကြုံတယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။
 
ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် (၁၉၅)ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင်(၂၃၀) ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။
 
''မုန်တိုင်းငယ်က သင်္ကြန်အတက်နေ့မှာ မာရသာလို့ နာမည်ရ ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့ ကျောက်ဖြူဘက်ကို ဦးတည်နေပါတယ်။ ၁၆ ရက်ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ် အားပြန်လျော့နိုင်ပါတယ်။ ၁၆ ရက် သန်းခေါင် ၁၇ ရက် အစောပို်င်းလောက်မှာ ကျောက်ဖြူမြို့အနီးကနေ ကမ်းကိုဖြတ်ကျော်နိုင်ပါတယ်။ ကမ်းဖြတ်ချိန်မှာ မုန်တိုင်းငယ်အဆင့် ဖြစ်ပေမယ့် သတိပြု ဆောင်ရွက်စေလိုပါတယ်။ မိုးကတော့ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပျံ့ပျံ့နှံ့နှံ့ရွာမှာဖြစ်ပြီး ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ မန္တလေးတို့မှာ နေရာကွက် မိုးကြီးနိုင်ပါတယ်'' ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောသည်။
 
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားသည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည်။
 
ဆိုင်ကလုန်း မုန်တိုင်းသည် သင်္ကြန်အတက်နေ့ နံနက်မှ နောက် (၃၆) နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀) မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
 
ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
 
မုန်တိုင်းအဆင့် သတ်မှတ်ရာတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်ဘယ်ပြင်တွင် အပူပိုင်းမုန်တိုင်း စတင်ဖြစ်ပေါ်ပါက အဝါရောင်၊ မုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ပါက လိမ္မော်ရောင် မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်ပြီး ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ ၁၂ နာရီ အလိုအား အနီရောင်၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းများသို့ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ပါက အညိုရောင်၊ မုန်တိုင်းသည် အားပျော့ပြီး အန္တရာယ် ကင်းရှင်းသွားပါက အစိမ်းရောင် အခြအနေ သတ်မှတ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံသို့ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ခဲ့မူ အချို့သည် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ခုနှစ်တွင် ဂီရိမုန်တိုင်းတို့ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၌ အဆိုးရွားဆုံး မုန်တိုင်းဖြစ်ပြီး လူဦးရေ သိန်းကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...