ဖုိးတစ္ေခတ္၏ ၂၀၁၇ သႀကၤန္စာ

၂၀၁၇ ခုႏွစ္ မဟာသႀကၤန္ေရာက္ရွိေတာ့မည္ျဖစ္သည္။ ကုန္းေပၚတြင္ နဂါး ေရေပၚတြင္ဖား ေျမေပၚတြင္ႏြား အသီးသီးအက်ိဳးေပးမည့္ ကာလသာမယ။ တနလၤာအပ်ိဳႀကီး ၿဂိဳလ္စီးၿပီး တစ္ကိုယ္တည္းေနရမည့္အခ်ိန္ျဖစ္သည္က တမံု။ မဟာသႀကၤန္တြင္ ဖိုးတစ္ေခတ္သည္ လက္ယာလက္တြင္ ဖဲထုတ္ကိုင္ လက္၀ဲလက္တြင္ chivas ကိုင္ၿပီးအာရုံျဖင့္ျမန္ျပည္တစ္၀ွမ္း ခပ္ၾကမ္းၾကမ္းၾကြေတာ္မူမည္။
-အြန္လိုင္းႏွင့္ပတ္သတ္ၿပီးေဟာေသာ္ အြန္လိုင္းတြင္ဖြန္တစ္ပိုင္းျဖစ္သူမ်ား အေၾကာင္းအက်ိဳးမေရြးေကာင္းက်ိဳးရမည္။ FA သမားမ်ား အမ်က္ေျဖထားၾကေပေတာ့ တြက္ေရမအားေအာင္ စြံ႕လိမ့္မည္။ RS မ်ား အသာကပ္ထားၾကေလာ့ မာရ္နတ္သားမ်ား ခြာ chat ျပဳလုပ္လိမ့္မည္။
-ကီးဘုတ္ဖိုက္တာ ထိုငနာတို႕ အေျပးမေကာင္းက jail ေအာင္းရႏိုင္မည္။ သႀကၤန္ကာလအၿပီးတြင္္မူ ကေခ်ာ္ကခြ်တ္ ကကြက္မ်ား အေဖာ္အခြ်တ္ျပကြက္မ်ား တက္လာႏိုင္ၿပီး အျမင္မွာသင့္ေတာ္တဲ့ ယမန္ႏွစ္က သင္ဇာ၀င့္ေက်ာ္လို လည္းေကာင္း အြန္လိုင္းတစ္ခြင္ျပဲျပဲဆင္ၿပီး တဖြဲဖြဲ၀င္ေရာက္ႏိုင္သည္က တစ္မ်ိဳး။
-အဟိုက္ေဖာ္ၿပီး စႏိုက္ေၾကာ္တဲ့ NIGT ေခၚတဲ့ အမ်ိဳးသမီးမ်ားအေၾကာင္း၊ အမ်ားအျမင္မွာ ဖားခ်င္စရာေကာင္းတဲ့ ထားသခင္အေၾကာင္း၊ အမွန္အကန္ထင္ၿပီး အတန္ရွင္ယူခ်င္သူမ်ားအေၾကာင္း၊ မိုးလင္းမိုးခ်ဳပ္ ေျခပုန္းခုတ္တဲ့ ေမာ္ဒယ္မ်ားအေၾကာင္း၊ ရင္ထုမနာပဲ လင္လုမွာဆိုတဲ့ ၂၀၁၆စသည္စသည္ ေခါင္းခါစရာအေၾကာင္းရာမ်ား အျပင္ ေကာင္းတာမေတြ႕ရမယ့္ အရာမ်ား ေပါၾကြယ္လတၱံ။
ေဖ့ဘုတ္တစ္ခြင္ျပဲျပဲစင္ၿပီး
လူသူအမ်ား ဆူပူၾကၿပီး
ဆႏၵလည္းျပ ေဘာလည္းမမည္
(ဤကား အတာသႀကၤန္အလိုတည္း)
သို႔ျဖစ္ရာ တနဂၤေႏြေန႔နွင့္ တနလၤာေန႔ဖြား သားသမီးတို႔မွအပ ႂကြင္းက်န္ကုန္ေသာေန႔ သားသမီးတို႔သည္
မိမိတို႔၏ေန႔ အလိုက္ ဂဟပတိ အရပ္ကား အဂၤါသားသမီး အတြက္ မိမိေမြးနံက်ရာ အဂၤါ အရပ္ျဖစ္ေသာ အေရွ႔ေတာင္အရပ္ကို ပရိဝါရမွဆက္၍ အာယု၊ နာဂရ၊ ဘုမၼိ၊ ဂဟပတိဟုေရတြက္၍ လက္ယာရစ္အားျဖင့္ အရပ္ေလးမ်က္ႏွာကိုလွည့္၍ယူရာတြင္ အေနာက္ေျမာက္အရပ္သည္ ဂဟပတိအရပ္ျဖစ္သည္။
ထို႔ေၾကာင့္ ဗုဒၶဟူးသားသမီးကား ေျမာက္အရပ္၊
ၾကာသပေတးသားသမီးကား အေရွ႔အရပ္၊
ေသာၾကာသားသမီးကား ေတာင္အရပ္၊
စေနသားသမီးကား အေရွ႔ေျမာက္ေထာင့္အရပ္၊
ရာဟုသားသမီးကား အေရွ႔ေတာင္ အရပ္မ်ားသို႔ မ်က္ႏွာမူၿပီးလွ်င္
မိမိတို႔နံ၏အျမစ္ျဖစ္ေသာအဂၤါကား- ေခြးေသးပန္း
ဗုဒၶဟူးကား- သခြားသီး
ၾကာသပေတးကား-ခရမ္းသီး
ေသာၾကာကား- ဘံုလံုသီး
စေနကား- ကန္စြန္းရြက္
ရာဟုကား-ေျမစာ
အျမစ္နွင့္နံတူပန္းၫြန္႔တို႔ကို နင္းၾကမ္းျပဳ၍။
မိမိတို႔နံ၏ အၫြန္႔ပန္း အဂၤါကား-ခေရၫြန္႔၊
ဗုဒၶဟူးကား-သေျပၫြန္႔၊
ၾကာသပေတးကား-သီဟို႒္ (သို႔)သီးၫြန္႔၊
ေသာၾကာကား-ဒန္းၫြန္႔၊
စေနကား-အုန္းၫြန္႔၊
ရာဟုကား-သေျပၫြန္႔ဟူေသာ နံတူပန္းပြင့္ပန္းၫြန္႔တို႔ကို အသီးသီးေဆာင္လွ်က္ ရတနာသံုးပါ၊ မိဘ ဘိုး
ဘြား၊ ဆရာသမား၊ သိၾကား၊ ျဗဟၼာ၊ စတုေလာကပါလ သာသနာေတာ္ေစာင့္ သမၼာေဒဝနတ္ေကာင္း နတ္
ျမတ္တို႔ကို ပူေဇာ္ကန္ေတာ့ၿပီး မိမိတို႔လိုရာဆႏၵမ်ားကိုဆုေတာင္း၍ ဦးေခါင္းေဆးမဂၤလာျပဳကုန္ရာသည္။
တနလာၤ
=======
တနလၤာသားသမီးမ်ား ကိုယ္ပိုင္ကား စီးလွ်င္ဆီကုန္ၿပီး လိုင္းကားစီးလွ်င္ ကားၾကပ္မည္။ ေရေသာက္လွ်င္ ေသးေပါက္မည္။ ထမင္းစားလွ်င္ ဗိုက္ျပည့္မည္။ အၾကာၾကီးရပ္လွ်င္ ေညာင္းမည္။ ထိုင္တာမ်ားလွ်င္ လိပ္ေခါင္းထြက္မည္။
ယၾတာ။ ။ေလးျဖဴသီခ်င္းကို ရိပ္သာေရွ႕တြင္ အသံကုန္ဟစ္ပါ။
အဂါၤ
====
အဂါၤသားသမီးမ်ားမွာကား မိုးလင္းလွ်င္ မ်က္ႏွာသစ္ရမည္။ လမ္းေလွ်ာက္လွ်င္ ဖိနပ္၀တ္ရမည္။ အျပင္ထြက္လွ်င္ အက်ီလဲၾကမည္။ ေရခ်ိဳးလွ်င္ ကိုယ္တံုးလံုးခ်ိဳးရမည္။ ေဖ့ဘုတ္သံုးလွ်င္ ပိုက္ဆံကုန္မည္။
ယၾတာ။ ။ လမ္းထိပ္က ဆိုက္ကားသမားတစ္ဦးအား အဟင့္ဟင့္ ဟု အသံျပဳလ်က္သံုးခါ မ်က္စိမွိတ္ျပလိုက္ပါ။
ဗုဒၶဟူး
====
ဗုဒၶဟူး သားသမီးမ်ားမွာကား ေက်ာင္းသားျဖစ္ေသာ္ ေက်ာင္းတက္ရမည္။ အလုပ္ရွိေသာ ရုံးတက္ရမည္။ စာက်က္လွ်င္ စာရမည္။ စာမက်က္လွ်င္ စာေမးပြဲက်မည္။ အေဖသည္ အေမ့ေယာက်ာ္းျဖစ္လာႏုိင္သလို အေမသည္လည္း အေဖ့မိန္းမျဖစ္လာမည္။
ယၾတာ။ ။ၾကက္သြန္နီဥၾကီးၾကီးကို အလံုးလိုက္မ်ိဳပါ။
ၾကာသပေတး
===========
အထူးေကာင္းသည္။ အလြန္ေကာင္းသည္။ ေျပာစရာမလိုေအာင္ေကာင္းသည္။ ပိုးဆိုးပက္စက္ေကာင္းသည္။ အားရပါရေကာင္းသည္။ မဟားဒယားေကာင္းသည္။ မိန္းကေလးျဖစ္ေသာ္ဘဲၾကည္မည္။ ေယာက်ာ္းေလးျဖစ္ေသာ္ ေဆာ္ၾကည္မည္။ ေငြအလံုးလိုက္၀င္မည္။
ယၾတာ။ ။ ေမာ္ဒိုက္ကမ္းေျခတြင္ ဖိုးတစ္ေခတ္ဟု ၃ခါတိတိေအာ္ပါ။
ေသာၾကာ
=======
ေသာၾကာသမီးမ်ား ေအာက္ဟာၾကီးထြားမည္။ ေျခေထာက္တို႕ ဘာတို႕။ ေသာၾကားသားမ်ား ေအာက္ဟာစားရမည္။ ဧရာ၀တီတိုင္းက ငါးတို႕ဘာတို႕။ အေအးေသာက္လွ်င္ ပိုက္ႏွင့္ေသာက္ရမည္။ ဘီယာေသာက္လွ်င္ခြက္လိုက္ေမာ့ရမည္။ ဖုန္းေဘလ္ေျပာလွ်င္ပိုက္ဆံ ကုန္မည္။ ေဘလ္၀ယ္လွ်င္ ပိုက္ဆံေပးရမည္။
ယၾတာ။ ။ ေဂၚလီ ၁၀လံုးကိုင္ကာ ေတြ႕တဲ့သူလိုက္ထုပါေလ။
စေန
====
စေနသားသမီးမ်ား ကံမေကာင္းလွ်င္ အိမ္ေထာင္က်မည္။ ကံေကာင္းလွ်င္လည္း အိမ္ေထာင္က်မည္။ အိမ္ေထာင္မွာ ရုတ္တရက္က်မည္ျဖစ္ၿပီး အခန္႕မသင့္လွ်င္ ကေလးပါ တန္းရမည္။ တစ္ႏွစ္တစ္ေယာက္ရမည္။ မယူလည္းရမည္။ ယူလည္းရမည္။
ယၾတာ။ ။ေခြးတစ္ေကာင္ကို အျမွီးတြင္ ႀကိဳးျဖင့္ဆြဲၿပီး ခ်စ္ျခင္းကိုမခြဲပါႏွင့္ဟု လမ္းထိပ္တြင္ဆိုပါ။
တနဂၤေႏြ
======
တနဂၤေႏြသားသမီးမ်ားမွာ ေဆးလိပ္ေသာက္လွ်င္ အေငြ႕ထြက္မည္။ ကြမ္းစားလွ်င္ ကြမ္းတံေတြးထြက္မည္။ ဒိုက္ထိုးလွ်င္ လက္ေမာင္းနာၿပီး ဘယ္လီရိုက္လွ်င္ ဗိုက္နာမည္။ မီးဖြင့္လွ်င္ လင္းမည္ ျဖစ္ၿပီး ပိတ္လွ်င္ေမွာင္ႏုိင္မည္။
ယၾတာ။ ။ဖိုးတစ္ေခတ္ကို အိပ္ကာနီးတိုင္း အာဘြား၃ႀကိမ္ေပးပါ။
ဤကားဖိုးတစ္ေခတ္သႀကၤန္စာတည္း။
#credit to op
==============

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ရောက်ရှိတော့မည်ဖြစ်သည်။ ကုန်းပေါ်တွင် နဂါး ရေပေါ်တွင်ဖား မြေပေါ်တွင်နွား အသီးသီးအကျိုးပေးမည့် ကာလသာမယ။ တနင်္လာအပျိုကြီး ဂြိုလ်စီးပြီး တစ်ကိုယ်တည်းနေရမည့်အချိန်ဖြစ်သည်က တမုံ။ မဟာသင်္ကြန်တွင် ဖိုးတစ်ခေတ်သည် လက်ယာလက်တွင် ဖဲထုတ်ကိုင် လက်ဝဲလက်တွင် chivas ကိုင်ပြီးအာရုံဖြင့်မြန်ပြည်တစ်ဝှမ်း ခပ်ကြမ်းကြမ်းကြွတော်မူမည်။
-အွန်လိုင်းနှင့်ပတ်သတ်ပြီးဟောသော် အွန်လိုင်းတွင်ဖွန်တစ်ပိုင်းဖြစ်သူများ အကြောင်းအကျိုးမရွေးကောင်းကျိုးရမည်။ FA သမားများ အမျက်ဖြေထားကြပေတော့ တွက်ရေမအားအောင် စွံ့လိမ့်မည်။ RS များ အသာကပ်ထားကြလော့ မာရ်နတ်သားများ ခွာ chat ပြုလုပ်လိမ့်မည်။
-ကီးဘုတ်ဖိုက်တာ ထိုငနာတို့ အပြေးမကောင်းက jail အောင်းရနိုင်မည်။ သင်္ကြန်ကာလအပြီးတွင််မူ ကချော်ကချွတ် ကကွက်များ အဖော်အချွတ်ပြကွက်များ တက်လာနိုင်ပြီး အမြင်မှာသင့်တော်တဲ့ ယမန်နှစ်က သင်ဇာဝင့်ကျော်လို လည်းကောင်း အွန်လိုင်းတစ်ခွင်ပြဲပြဲဆင်ပြီး တဖွဲဖွဲဝင်ရောက်နိုင်သည်က တစ်မျိုး။
-အဟိုက်ဖော်ပြီး စနိုက်ကြော်တဲ့ NIGT ခေါ်တဲ့ အမျိုးသမီးများအကြောင်း၊ အများအမြင်မှာ ဖားချင်စရာကောင်းတဲ့ ထားသခင်အကြောင်း၊ အမှန်အကန်ထင်ပြီး အတန်ရှင်ယူချင်သူများအကြောင်း၊ မိုးလင်းမိုးချုပ် ခြေပုန်းခုတ်တဲ့ မော်ဒယ်များအကြောင်း၊ ရင်ထုမနာပဲ လင်လုမှာဆိုတဲ့ ၂၀၁၆စသည်စသည် ခေါင်းခါစရာအကြောင်းရာများ အပြင် ကောင်းတာမတွေ့ရမယ့် အရာများ ပေါကြွယ်လတ္တံ။
ဖေ့ဘုတ်တစ်ခွင်ပြဲပြဲစင်ပြီး
လူသူအများ ဆူပူကြပြီး
ဆန္ဒလည်းပြ ဘောလည်းမမည်
(ဤကား အတာသင်္ကြန်အလိုတည်း)
သို့ဖြစ်ရာ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့ဖွား သားသမီးတို့မှအပ ကြွင်းကျန်ကုန်သောနေ့ သားသမီးတို့သည် 
မိမိတို့၏နေ့ အလိုက် ဂဟပတိ အရပ်ကား အင်္ဂါသားသမီး အတွက် မိမိမွေးနံကျရာ အင်္ဂါ အရပ်ဖြစ်သော အရှေ့တောင်အရပ်ကို ပရိဝါရမှဆက်၍ အာယု၊ နာဂရ၊ ဘုမ္မိ၊ ဂဟပတိဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်လေးမျက်နှာကိုလှည့်၍ယူရာတွင် အနောက်မြောက်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဟူးသားသမီးကား မြောက်အရပ်၊
ကြာသပတေးသားသမီးကား အရှေ့အရပ်၊
သောကြာသားသမီးကား တောင်အရပ်၊
စနေသားသမီးကား အရှေ့မြောက်ထောင့်အရပ်၊
ရာဟုသားသမီးကား အရှေ့တောင် အရပ်များသို့ မျက်နှာမူပြီးလျှင်
မိမိတို့နံ၏အမြစ်ဖြစ်သောအင်္ဂါကား- ခွေးသေးပန်း
ဗုဒ္ဓဟူးကား- သခွားသီး
ကြာသပတေးကား-ခရမ်းသီး
သောကြာကား- ဘုံလုံသီး
စနေကား- ကန်စွန်းရွက်
ရာဟုကား-မြေစာ
အမြစ်နှင့်နံတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍။
မိမိတို့နံ၏ အညွန့်ပန်း အင်္ဂါကား-ခရေညွန့်၊
ဗုဒ္ဓဟူးကား-သပြေညွန့်၊
ကြာသပတေးကား-သီဟိုဋ္ဌ် (သို့)သီးညွန့်၊
သောကြာကား-ဒန်းညွန့်၊
စနေကား-အုန်းညွန့်၊
ရာဟုကား-သပြေညွန့်ဟူသော နံတူပန်းပွင့်ပန်းညွန့်တို့ကို အသီးသီးဆောင်လျှက် ရတနာသုံးပါ၊ မိဘ ဘိုး
ဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်း နတ်
မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။
တနလာင်္
=======
တနင်္လာသားသမီးများ ကိုယ်ပိုင်ကား စီးလျှင်ဆီကုန်ပြီး လိုင်းကားစီးလျှင် ကားကြပ်မည်။ ရေသောက်လျှင် သေးပေါက်မည်။ ထမင်းစားလျှင် ဗိုက်ပြည့်မည်။ အကြာကြီးရပ်လျှင် ညောင်းမည်။ ထိုင်တာများလျှင် လိပ်ခေါင်းထွက်မည်။
ယတြာ။ ။လေးဖြူသီချင်းကို ရိပ်သာရှေ့တွင် အသံကုန်ဟစ်ပါ။
အဂါင်္
====
အဂါင်္သားသမီးများမှာကား မိုးလင်းလျှင် မျက်နှာသစ်ရမည်။ လမ်းလျှောက်လျှင် ဖိနပ်ဝတ်ရမည်။ အပြင်ထွက်လျှင် အကျီလဲကြမည်။ ရေချိုးလျှင် ကိုယ်တုံးလုံးချိုးရမည်။ ဖေ့ဘုတ်သုံးလျှင် ပိုက်ဆံကုန်မည်။
ယတြာ။ ။ လမ်းထိပ်က ဆိုက်ကားသမားတစ်ဦးအား အဟင့်ဟင့် ဟု အသံပြုလျက်သုံးခါ မျက်စိမှိတ်ပြလိုက်ပါ။
ဗုဒ္ဓဟူး
====
ဗုဒ္ဓဟူး သားသမီးများမှာကား ကျောင်းသားဖြစ်သော် ကျောင်းတက်ရမည်။ အလုပ်ရှိသော ရုံးတက်ရမည်။ စာကျက်လျှင် စာရမည်။ စာမကျက်လျှင် စာမေးပွဲကျမည်။ အဖေသည် အမေ့ယောကျာ်းဖြစ်လာနိုင်သလို အမေသည်လည်း အဖေ့မိန်းမဖြစ်လာမည်။
ယတြာ။ ။ကြက်သွန်နီဥကြီးကြီးကို အလုံးလိုက်မျိုပါ။
ကြာသပတေး
===========
အထူးကောင်းသည်။ အလွန်ကောင်းသည်။ ပြောစရာမလိုအောင်ကောင်းသည်။ ပိုးဆိုးပက်စက်ကောင်းသည်။ အားရပါရကောင်းသည်။ မဟားဒယားကောင်းသည်။ မိန်းကလေးဖြစ်သော်ဘဲကြည်မည်။ ယောကျာ်းလေးဖြစ်သော် ဆော်ကြည်မည်။ ငွေအလုံးလိုက်ဝင်မည်။ 
ယတြာ။ ။ မော်ဒိုက်ကမ်းခြေတွင် ဖိုးတစ်ခေတ်ဟု ၃ခါတိတိအော်ပါ။
သောကြာ
=======
သောကြာသမီးများ အောက်ဟာကြီးထွားမည်။ ခြေထောက်တို့ ဘာတို့။ သောကြားသားများ အောက်ဟာစားရမည်။ ဧရာဝတီတိုင်းက ငါးတို့ဘာတို့။ အအေးသောက်လျှင် ပိုက်နှင့်သောက်ရမည်။ ဘီယာသောက်လျှင်ခွက်လိုက်မော့ရမည်။ ဖုန်းဘေလ်ပြောလျှင်ပိုက်ဆံ ကုန်မည်။ ဘေလ်ဝယ်လျှင် ပိုက်ဆံပေးရမည်။
ယတြာ။ ။ ဂေါ်လီ ၁ဝလုံးကိုင်ကာ တွေ့တဲ့သူလိုက်ထုပါလေ။
စနေ
====
စနေသားသမီးများ ကံမကောင်းလျှင် အိမ်ထောင်ကျမည်။ ကံကောင်းလျှင်လည်း အိမ်ထောင်ကျမည်။ အိမ်ထောင်မှာ ရုတ်တရက်ကျမည်ဖြစ်ပြီး အခန့်မသင့်လျှင် ကလေးပါ တန်းရမည်။ တစ်နှစ်တစ်ယောက်ရမည်။ မယူလည်းရမည်။ ယူလည်းရမည်။
ယတြာ။ ။ခွေးတစ်ကောင်ကို အမြှီးတွင် ကြိုးဖြင့်ဆွဲပြီး ချစ်ခြင်းကိုမခွဲပါနှင့်ဟု လမ်းထိပ်တွင်ဆိုပါ။
တနင်္ဂနွေ
======
တနင်္ဂနွေသားသမီးများမှာ ဆေးလိပ်သောက်လျှင် အငွေ့ထွက်မည်။ ကွမ်းစားလျှင် ကွမ်းတံတွေးထွက်မည်။ ဒိုက်ထိုးလျှင် လက်မောင်းနာပြီး ဘယ်လီရိုက်လျှင် ဗိုက်နာမည်။ မီးဖွင့်လျှင် လင်းမည် ဖြစ်ပြီး ပိတ်လျှင်မှောင်နိုင်မည်။
ယတြာ။ ။ဖိုးတစ်ခေတ်ကို အိပ်ကာနီးတိုင်း အာဘွား၃ကြိမ်ပေးပါ။
ဤကားဖိုးတစ်ခေတ်သင်္ကြန်စာတည်း။
#credit to op

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...