သင်္ကြန်ကာလအတွင်း မှုခင်းကြောင့် ၁၄ ဦး သေဆုံး၊ ၁၅၀ ကျော် ဒဏ်ရာရ

သင်္ကြန်ကာလ အကြိုနေ့ကနေ အကြတ်နေ့အထိ မှုခင်းတွေကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၅၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ၇ ယောက် သေဆုံးပြီး သေမှုသေခင်းကြောင့် ၇ ယောက် သေဆုံးခဲ့တာပါ။ ထုတ်ပြန်ချက်အရ အကြတ်နေ့မှာ မှုခင်း ၇၂ မှု ဖြစ်ခဲ့တာကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်း ၁၄၇ မှု ဖြစ်ခဲ့ပါတယ်။
မှုခင်းဖြစ်တာ အများဆုံးကတော့ ရန်ကုန်တိုင်း ၂၂ မှု၊ မန္တလေးတိုင်း ၁၇ မှု ဖြစ်ပါတယ်။
အများဆုံးဖြစ်တဲ့ မှုခင်းက ခိုးမှု၊ ခါးပိုက်နှိုက်၊ မသင်္ကာမှု ဖြစ်ပြီး အမှုပေါင်း ၅၀၊ နာကျင်စေမှု ၃၃ မှုနဲ့ ယာဉ်တိုက်မှု ၂၆ မှု ဖြစ်ပါတယ်။
by DVB News

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...