ေယာက္်ားျဖစ္သူနဲ႔ မယားငယ္ကပါ အေစခံလို သေဘာထားခံရတဲ့ ဇနီးသည္တစ္ဦးရဲ႕ တုံ႔ျပန္မႈ(႐ုပ္/သံ)


တစ္ဦးနဲ႔တစ္ဦး ခ်စ္ႀကိဳက္မိၾကကာ ရည္းစားျဖစ္ကတယ္ဆိုတာ လြယ္ေပမယ့္ အိမ္ေထာင္ျပဳတယ္ဆိုတာကေတာ့ ခ်စ္ၾက၊ ႀကိဳက္ၾက႐ုံတင္မကပဲ တာဝန္ယူမႈဆိုတာေတြ ရွိလာပါၿပီ။ တစ္ေယာက္ကိုတစ္ယာက္ က်န္းမာေရး၊ လူမႈေရးကအစ အျပန္အလွန္ ေစာင့္ေရွာက္ တာဝန္ယူၾကရပါတယ္။ ဒါေၾကာင့္မို႔လည္း စုံတြဲအေတာ္မ်ားမ်ားက အိမ္ေထာင္ျပဳတယ္ဆိုတာ ေၾကာက္စရာတစ္ခုအျဖစ္ ျမင္လာတတ္ပါတယ္။

ဒီတာဝန္ဝတၱရားေတြကို ေသခ်ာမသိပဲ အိမ္ေထာင္ျပဳလိုက္မိကာမွ အဆင္မေျပတာေတြ သေဘာထားမတိုက္ဆိုင္တာေတြ ရွိလာတဲ့အခါ အလြယ္တစ္ကူ ကြာရွင္းပစ္တာမ်ိဳး၊ အိမ္ေထာင္ေရး ေဖာက္ျပန္တာမ်ိဳးေတြ ရွိလာတာကို ေတြ႕ျမင္ေနၾကရပါတယ္။

ဒီပုဂၢိဳလ္ကေတာ့ ဇနီးငုတ္တုပ္ရွိပါရက္နဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္႐ုံမွ်တင္မက မယားငယ္ကိုပါ အိမ္ေပၚေခၚတင္လာခဲ့ပါတယ္။ ခင္ပြန္းသည္ကို ခ်စ္တဲ့စိတ္နဲ႔ သူ႔လုပ္ရပ္ကို မႏွစ္မ်ိဳ႕ေသာ္လည္း အနားမွာရွိေနရရင္ၿပီးေရာဆိုတဲ့ စိတ္နဲ႔ အရာရာကို ႏွိမ့္ခ်ကာ အိမ္မႈကိစၥအဝ,ဝကို အိမ္ေစသဖြယ္ လုပ္ကိုင္ေပးခဲ့ပါတယ္။ ခင္ပြန္းနဲ႔ မယားငယ္စားဖို႔အတြက္ ခ်က္ျပဳတ္ေပး႐ုံသာမက ကိုယ္အိမ္ေပၚကို တက္လာတဲ့ မယားငယ္ရဲ႕ အဝတ္အစားေတြကိုပါ ေလွ်ာ္ဖြတ္ေပးခဲ့ပါတယ္။

ခင္ပြန္းသည္ရဲ႕ စိတ္ခမ္းသာမႈကို သူမရဲ႕ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ေန႔စဥ္ဖလွယ္ေပးေနရသည့္တိုင္ မၾကာခဏဆိုသလို ေစာ္ကားေမာ္ကား ေျပာဆိုတာ၊ ႏွိမ္ခ်ဆက္ဆံခံရတာေတြ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ လူဆိုတာ အတိုင္းအတာတစ္ခုရွိစၿမဲမို႔ အတိုင္းအတာကို ေက်ာ္လြန္ေအာင္ ေစာ္ကားခံခဲ့ရတဲ့ ေနာက္မွာေတာ့ သူမ အိမ္ႀကီးေပၚက ဆင္းလာခဲ့ပါတယ္။

ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့နဲ႔ ေနထိုင္ရင္း သူမတတ္ကြၽမ္းတဲ့ အစာစားအစာေလးေတြကို လမ္းေဘးမွာ ဆိုင္အေသးေလး ဖြင့္ေရာင္းရင္း တစ္ျဖည္းျဖည္း ေျပလည္လာခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ သူမရဲ႕ အိမ္နီးခ်င္းေဟာင္းတစ္ေယာက္ဆီက ခင္ပြန္းသည္နဲ႔ ပက္သက္တဲ့ သတင္းတစ္ခု ၾကားလိုက္ရပါတယ္။ မယားငယ္ျဖစ္သူက ေနာက္ထပ္ အသစ္နဲ႔ေဖာက္ျပန္ၿပီး အိမ္ကပစၥည္းေတြ အကုန္ယူသြားေၾကာင္း၊ စိတ္လႈပ္ရွားလြန္းၿပီး အာ႐ုံေၾကာထိသြားတာေၾကာင့္ ခင္ပြန္းသည္ မသြားႏိုင္မလားႏိုင္တဲ့ ဒုကၡိတဘဝေရာက္ေနေၾကာင္းေတြပဲ ျဖစ္ပါတယ္။

ဒီသတင္းကို ၾကားလိုက္ရတဲ့ သူမရဲ႕ လုပ္ေဆာင္ပုံေတြက သင့္ကို မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ေစႏိုင္ပါလိမ့္မယ္။ ေမတၱာစစ္ေမတၱာမွန္ကို ေဖာ္က်ဴးထားတဲ့ ႐ုပ္ရွင္ကားတိုေလးကို ၾကည့္ၿပီး သင့္ရဲ႕ အိမ္ေထာင္ဖက္ကို တန္ဖိုးထားႏိုင္ပါေစ..
popolay
Unicode
တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်မိကြကာ ရည်းစားဖြစ်ကတယ်ဆိုတာ လွယ်ပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာကတော့ ချစ်ကြ၊ ကြိုက်ကြရုံတင်မကပဲ တာဝန်ယူမှုဆိုတာတွေ ရှိလာပါပြီ။ တစ်ယောက်ကိုတစ်ယာက် ကျန်းမာရေး၊ လူမှုရေးကအစ အပြန်အလှန် စောင့်ရှောက် တာဝန်ယူကြရပါတယ်။ ဒါကြောင့်မို့လည်း စုံတွဲအတော်များများက အိမ်ထောင်ပြုတယ်ဆိုတာ ကြောက်စရာတစ်ခုအဖြစ် မြင်လာတတ်ပါတယ်။

ဒီတာဝန်ဝတ္တရားတွေကို သေချာမသိပဲ အိမ်ထောင်ပြုလိုက်မိကာမှ အဆင်မပြေတာတွေ သဘောထားမတိုက်ဆိုင်တာတွေ ရှိလာတဲ့အခါ အလွယ်တစ်ကူ ကွာရှင်းပစ်တာမျိုး၊ အိမ်ထောင်ရေး ဖောက်ပြန်တာမျိုးတွေ ရှိလာတာကို တွေ့မြင်နေကြရပါတယ်။

ဒီပုဂ္ဂိုလ်ကတော့ ဇနီးငုတ်တုပ်ရှိပါရက်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ရုံမျှတင်မက မယားငယ်ကိုပါ အိမ်ပေါ်ခေါ်တင်လာခဲ့ပါတယ်။ ခင်ပွန်းသည်ကို ချစ်တဲ့စိတ်နဲ့ သူ့လုပ်ရပ်ကို မနှစ်မျို့သော်လည်း အနားမှာရှိနေရရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အရာရာကို နှိမ့်ချကာ အိမ်မှုကိစ္စအဝ,ဝကို အိမ်စေသဖွယ် လုပ်ကိုင်ပေးခဲ့ပါတယ်။ ခင်ပွန်းနဲ့ မယားငယ်စားဖို့အတွက် ချက်ပြုတ်ပေးရုံသာမက ကိုယ်အိမ်ပေါ်ကို တက်လာတဲ့ မယားငယ်ရဲ့ အဝတ်အစားတွေကိုပါ လျှော်ဖွတ်ပေးခဲ့ပါတယ်။

ခင်ပွန်းသည်ရဲ့ စိတ်ခမ်းသာမှုကို သူမရဲ့ ဝမ်းနည်းမျက်ရည်တွေနဲ့ နေ့စဉ်ဖလှယ်ပေးနေရသည့်တိုင် မကြာခဏဆိုသလို စော်ကားမော်ကား ပြောဆိုတာ၊ နှိမ်ချဆက်ဆံခံရတာတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် လူဆိုတာ အတိုင်းအတာတစ်ခုရှိစမြဲမို့ အတိုင်းအတာကို ကျော်လွန်အောင် စော်ကားခံခဲ့ရတဲ့ နောက်မှာတော့ သူမ အိမ်ကြီးပေါ်က ဆင်းလာခဲ့ပါတယ်။

ချို့ချို့ငဲ့ငဲ့နဲ့ နေထိုင်ရင်း သူမတတ်ကျွမ်းတဲ့ အစာစားအစာလေးတွေကို လမ်းဘေးမှာ ဆိုင်အသေးလေး ဖွင့်ရောင်းရင်း တစ်ဖြည်းဖြည်း ပြေလည်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ အိမ်နီးချင်းဟောင်းတစ်ယောက်ဆီက ခင်ပွန်းသည်နဲ့ ပက်သက်တဲ့ သတင်းတစ်ခု ကြားလိုက်ရပါတယ်။ မယားငယ်ဖြစ်သူက နောက်ထပ် အသစ်နဲ့ဖောက်ပြန်ပြီး အိမ်ကပစ္စည်းတွေ အကုန်ယူသွားကြောင်း၊ စိတ်လှုပ်ရှားလွန်းပြီး အာရုံကြောထိသွားတာကြောင့် ခင်ပွန်းသည် မသွားနိုင်မလားနိုင်တဲ့ ဒုက္ခိတဘဝရောက်နေကြောင်းတွေပဲ ဖြစ်ပါတယ်။

ဒီသတင်းကို ကြားလိုက်ရတဲ့ သူမရဲ့ လုပ်ဆောင်ပုံတွေက သင့်ကို မျက်ရည်ဖြိုင်ဖြိုင်ကျစေနိုင်ပါလိမ့်မယ်။ မေတ္တာစစ်မေတ္တာမှန်ကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကားတိုလေးကို ကြည့်ပြီး သင့်ရဲ့ အိမ်ထောင်ဖက်ကို တန်ဖိုးထားနိုင်ပါစေ..

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...