သၾကၤန္တြင္းသရုပ္ပ်က္မႈနဲ႔ အမ်ဳိးသမီးမ်ားအေပၚ အျမင္


သႀကၤန္မွာ အမ်ိဳးသမီးမ်ား သရုပ္ပ်က္ဝတ္စားဆင္ယင္မႈေတြ ေတြ႔ရွိရင္ အေရးယူေဆာင္ရြက္မႈေတြ ျပဳလုပ္သြားမယ္ဆိုုတဲ့ ေျပာဆိုုခ်က္ေတြ လူမႈကြန္ရက္စာမ်က္ႏွာနဲ႔ သတင္းေတြေပၚမွာ ပ်ံ႕ႏွ႔ံခဲ့ပါတယ္။ သႀကၤန္နီးၿပီဆိုုရင္ ဒီလိုသတင္းက ထြက္လာေနက်လိုု ျဖစ္ေနပါၿပီ။
အမ်ိဳးသမီးေတြရဲ့ ဝတ္စားဆင္ယင္မႈ သရုပ္ပ်က္ေပ်ာ္ပါးမႈေတြကို အေရးယူမယ္လုိ႔ အဓိက သတင္းပ်ံ႕ႏွံ႔ေနတဲ့ေနရာေတြကေတာ့ ၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္နဲ႔ မႏၱေလးမွာပါပဲ။ ဒါဟာ မႈခင္းတားဆီးေရးအတြက္ ျဖစ္တယ္ဆိုုတဲ့ ေျပာဆိုုခ်က္ေတြလည္း ရွိၾကပါတယ္။ မတ္ (၂၉) ရက္ေန႔ ရန္ကုန္တုိင္းေဒသႀကီး တုိင္းလႊတ္ေတာ္ရံုးမွာက်င္းပတဲ့ သႀကၤန္အတြင္း မႈခင္းႀကိဳတင္ကာကြယ္ေရး၊ လံုၿခံဳေရးလုပ္ငန္းဆိုုင္ရာ အစည္းအေဝးပြဲမွာေတာ့ အမ်ိဳးသမီးေတြ သရုပ္ပ်က္ဝတ္စားဆင္ယင္ ေပ်ာ္ပါးမႈေတြမလုပ္ဖုိ႔ တားျမစ္မယ္လို႔ ရန္ကုန္တုိင္း ရဲတပ္ဖြဲ႔ ျပန္ၾကားေရး ရဲမွဴးလွေဝက ေျပာပါတယ္။
“ကိုယ့္ျမန္မာလူမ်ိဳးက်င္းပတဲ႔ပဲြကို သ႐ုပ္ပ်က္ဝတ္စားဆင္ယင္ၿပီး ရွင္းရွင္းေျပာရရင္ ယိုသူမရွက္ျမင္သူရွက္ေပါ့။ ဘယ္ လို အေရးယူရမလဲဆိုေတာ့ ျပည္သူလူထုကို ညစ္ညစ္ညမ္းညမ္းျဖစ္လာရင္ေတာ့ သက္ဆိုင္ရာေတြက အေရးယူရမွာ ေပါ့”
ဒီေျပာဆိုခ်က္ကလည္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

Image may contain: 11 people, shorts and outdoor
ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ ရဲမွဴးလွေ၀က ဒါဟာ ေတာင္းဆိုခ်က္ျဖစ္တယ္လို႔ ေျပာပါတယ္။
“က်ေနာ္ေျပာသြားတဲ့အထဲမွာ အမ်ိဳးသမီးေတြ သရုပ္ပ်က္ရင္ အေရးယူမယ္လုိ႔ မဆိုလိုပါဘူး။ မဝတ္ၾကဖုိ႔ပဲ ေတာင္းဆုိ တာပါ။ မဟာသႀကၤန္ ေရသဘင္ပြဲေတာ္ဆိုတဲ့ အႏွစ္သာရျပည့္စံုေအာင္ က်င္းပဖုိ႔ပါ။ ဝတ္ရင္ေတာ့ က်ေနာ္တုိ႔က မိဘ အုပ္ထိန္းသူေတြ မ႑ပ္ဆုိရင္ မ႑ပ္တာဝန္ရွိသူေတြကိုပဲ အေၾကာင္းၾကား အပ္ႏွံသြားမွာပါ”လို႔ ရဲမွဴးလွေဝ က ေျပာျပပါတယ္။
ဒါေပမယ့္ ဒီလိုအမ်ဳိးသမီးေတြဘက္ကိုပဲ တဘက္သတ္စဥ္းစားခ်က္အေပၚမွာ လက္မခံတဲ့ အမ်ဳိးသမီးေတြ ရွိေနပါတယ္။
Image may contain: 8 people, people smiling, outdoor

ဒီလို ေျပာဆိုခ်က္၊ စဥ္းစားခ်က္ေတြဟာ အမ်ိဳးသမီးေတြရဲ့ သရုပ္ပ်က္ဝတ္စားဆင္ယင္မႈကိုသာ အေရးယူမယ္၊ အမ်ိဳး သားေတြက်ေတာ့ ဝတ္ခ်င္ရာဝတ္၊ လုပ္ခ်င္တာလုပ္လို႔ရတယ္ဆုိတဲ့ သေဘာျဖစ္ေနေၾကာင္း၊ အမ်ိဳးသားေတြက အမ်ိဳးသမီးကို စေနာက္တဲ့အခါမွာ ရုိင္းစိုင္းတဲ့ စကားလံုးေတြကို အသံုးျပဳၾကတဲ့အေပၚမွာေရာ ဘယ္လိုအေရးယူမႈေတြ ျပဳလုပ္မွာလဲလို႔ ရန္ကုန္ၿမိဳ႕၊ ေက်ာက္ေျမာင္းတြင္ေနထုိင္တဲ့ အသက္ ၂၅ ႏွစ္ဝန္းက်င္ရွိ မခ်စ္စုက ေျပာပါတယ္။
“သရုပ္ပ်က္ဝတ္စံုဆုိတာ ဘယ္လုိ သတ္မွတ္တာလဲ။ ၿပီးေတာ့ အဝတ္အစားဝတ္တာ ဘယ္သူေတြကို ထိခုိက္မႈရွိလုိ႔လဲ။ အမ်ိဳးသမီးေတြက အရွက္တရားမရွိေတာ့ဘူးလို႔ ေျပာၾကတယ္။ အမ်ိဳးသားေတြက်ေတာ့ အမ်ိဳးသမီးေတြကို သႀကၤန္လည္ပတ္တဲ့အခါ ကာကြယ္ရမယ့္အစား အေခ်ာင္ရရင္ယူမယ္ဆိုတဲ့ စိတ္ေတြက ပိုရွိလာတာကိုက်ေတာ့ ဘယ္သူမွ မေျပာဆုိၾကဘူး”လို႔ မခ်စ္စုက ဆုိပါတယ္။
အရင္ႏွစ္သႀကၤန္ကာလအတြင္း သႀကၤန္မ႑ပ္ေတြ၊ စင္ေပၚေတြမွာ အတိုအျပတ္ သရုပ္ပ်က္ဝတ္စားတဲ့ အမ်ိဳးသမီး ေတြနဲ႔ အရက္ေသာက္စားထားတဲ့အမ်ိဳးသမီးေတြကို ဘာသာသာသနာထိခုိက္ေစမႈနဲ႔ ႏုိင္ငံေတာ္ထိခုိက္ေစမႈ ဝတ္စား ဆင္ယင္မႈ ပုဒ္မ (၁၈၈) အရ အေရးယူမယ္လို႔ မႏၲေလးခရိုင္ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။
“မႏွစ္က က်မတုိ႔ မႏၲေလးမွာ အတိုအျပတ္ေတြဝတ္ရင္ အေရးယူမယ့္လုိ႔ သတင္းထြက္ခဲ့ပါတယ္။ အေရးယူမႈေတြ မ လုပ္ႏုိင္ခဲ့ပါဘူး။ အေရးယူထားတယ္ဆုိတဲ့သတင္းေတြလည္း မၾကားခဲ့ပါဘူး။ သႀကၤန္မွာေတာ့ အမ်ိဳးသမီးေတြ အဝတ္ အစား သရုပ္ပ်က္ကိစၥထက္ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ကာကြယ္ဖို႔နဲ႔ သႀကၤန္အတြင္း ယာဥ္တုိက္မႈေတြ ရန္ ျဖစ္မႈေတြ ကင္းေ၀းဖုိ႔ အရင္ေဆာင္ရြက္သင့္ပါတယ္”လို႔ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာဇံၿမိဳ႕နယ္ေန အမ်ိဳးသမီးတဦးက ေျပာပါတယ္။
Image may contain: 7 people, people on stage, people standing, shorts and outdoor
သႀကၤန္ပြဲေတာ္တြင္ အမ်ိဳးသမီးေတြ အဝတ္အစားသရုပ္ပ်က္မႈထက္ လုပ္ေဆာင္ရမယ့္အပုိင္း မ်ားစြာရွိေၾကာင္း၊ ျမန္မာ ရိုးရာသႀကၤန္ကို ရိုးရာဓေလ့အျဖစ္က်င္းပႏိုင္ရန္ သက္ဆုိင္ရာမွ ျပဳျပင္သင့္ေၾကာင္း၊ အခုေနာက္ပိုင္း အမ်ိဳးသမီးမ်ား ၀တ္စားဆင္ယင္မႈထက္ သႀကၤန္အတြင္း အရက္ေသစာ အလြန္အကြ်ံေသာက္ၿပီး သရုပ္ပ်က္ေနတဲ့အမ်ိဳးသားေတြ၊ အ မ်ိဳးသမီးေတြကို ႏႈတ္အားကိုယ္အားျဖင့္ ရိုင္းျပစြာျပဳမူဆက္ဆံလိုတဲ့ အမ်ိဳးသားေတြကို အဓိက ဦးစားေပး ပညာေပးမ်ား ေဆာင္ရြက္သင့္ပါေၾကာင္း အမ်ိဳးသမီးေရးတက္ၾကြလႈပ္ရွားသူေတြက ဆုိၾကပါတယ္။
တဖက္မွာလည္း အာဏာပိုုင္ေတြရဲ့ ၾကိဳးပမ္းေဆာင္ရြက္ခ်က္ေတြကို ေတြ႔ေနရပါတယ္။ သႀကၤန္ပြဲေတာ္ကို ျမန္မာ့ရုိးရာယဥ္ေက်းမႈနဲ႔အညီက်င္းပႏိုင္ရန္ ဥပေဒမဲ့ အရက္ေရာင္းခ်မႈေတြကို ထိေရာက္စြာ အေရးယူသြားမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက မတ္ (၂၄) ရက္ေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
မ႑ပ္ေတြမွာ အလံုပိတ္အခန္းေတြပါရွိရင္ အေရးယူေဆာင္ရြက္သြားမွာ၊ CCTV ကင္မရာေတြနဲ႔ ေစာင့္ၾကည့္ထိန္းခ်ဳပ္ သြားမယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာခဲ့ပါတယ္။
သႀကၤန္ကာလအတြင္း မႈခင္းမ်ားမျဖစ္ပြားေစရန္ သႀကၤန္ပြဲေတာ္ကာလ အရက္ေသစာ လြန္ကဲစြာ ေသာက္စားမူးယစ္ ျခင္း၊ မူးယစ္ေဆးဝါးသံုးစြဲျခင္း၊ ကာမရာဂကို ႏိုးထေစတဲ့ ေဆး၀ါးမ်ားေရာင္းခ်ျခင္း၊ ဝယ္ယူသံုးစြဲဲျခင္း၊ ျမန္မာ့ယဥ္ေက်း မႈႏွင့္ မေလ်ာ္ညီတဲ့ဝတ္စားဆင္ယင္ျခင္းႏွင့္ အမ်ိဳးသမီးမ်ား ေဆြမ်ိဳးသားခ်င္း မဟုတ္သူမ်ားႏွင့္အတူ လည္ပတ္ျခင္းႏွင့္ သူမ်ားေကြ်းေသာ အစားအေသာက္မ်ားကို မခ်င့္ခ်ိန္ဘဲ စားေသာက္ျခင္းတို႔ ေရွာင္ၾကဥ္ရန္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။
ျမန္မာလူမ်ိဳးေတြအေနနဲ႔ ယဥ္ေက်းမႈနဲ႔ ျမန္မာ့ဓေလ့ထံုးစံကို အေလးထားသင့္ေၾကာင္း၊ ေခတ္မီတဲ့ ဝတ္စားဆင္ယင္မႈ အေပၚ မွတ္ခ်က္တစံုတရာေပးလိုျခင္း မရွိေသာ္လည္း ျပစ္မႈအမ်ားစုုမွာ အမ်ဳိးသမီးေတြက က်ဴးလြန္တာထက္ အမ်ဳိး သမီးေတြအေပၚမွာ အမ်ဳိးသားေတြက က်ဴးလြန္ၾကတာမ်ားပါတယ္လိုု႔ တမာရိပ္အမ်ဳိးသမီးသံခ်ပ္အဖြဲ႔၀င္ ေဒၚမာဦးက ေျပာပါတယ္။
ဒါေပမယ့္လည္း တကယ္ျဖစ္လာတဲ့အခါ အမ်ဳိးသားေတြကိုု အေရးယူမႈမ်ဳိးေတြမရွိၾကဘူးလိုု႔ ေတာင္ဒဂံုၿမိဳ႕နယ္ေန အ သက္ (၃၀) အရြယ္ ေဒၚစုစုက ေျပာပါတယ္။
“သႀကၤန္ကာလမွာ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ကာကြယ္မႈေပးဖုိ႔၊ ရွိဖုိ႔လိုပါတယ္။ ယခုေခတ္က အမ်ိဳးသား ေတြက ကာကြယ္မႈမေပးတဲ့အျပင္ အမ်ိဳးသမီးေတြကို ထိပါးေႏွာက္ယွက္မႈေတြ လုပ္လာတာေတြ အမ်ိဳးသမီးေတြကို ေစာ္ကားတဲ့ စေနာက္မႈေတြပါ ေျပာဆုိလာတဲ့အေပၚ သက္ဆုိင္ရာက အေရးယူမႈေတြ မျပဳလုပ္ၾကပါဘူး”
အမ်ဳိးသမီးေတြကို ကြက္ၿပီး သရုပ္ပ်က္၀တ္စားဆင္ယင္မႈေတြ မလုပ္ရဘူးဆိုုတဲ့ တားျမစ္ခ်က္မ်ဳိးကိုေတာ့ အမ်ဳိးသမီး ေတြက ဘ၀င္မက်ၾကဘဲ ဒါဟာ ခြဲျခားမႈေတြရွိေနတယ္ဆိုတာ ျပသေနတယ္လိုု႔ေျပာၾကပါတယ္။ ေဒၚမာဦးကေတာ့ တားျမစ္မယ္ဆို အမ်ဳိးသားေကာ အမ်ဳိးသမီးပါ တားျမစ္သင့္တယ္လိုု႔ေျပာပါတယ္။
“အမ်ိဳးသမီးေရာ အမ်ိဳးသားပါ အဝတ္အစားကို လံုၿခံဳေအာင္ ၀တ္ဖို႔လုိအပ္ပါတယ္။ အမ်ိဳးသမီးေတြ သရုပ္ပ်က္ မဝတ္ ရဘူးလို႔ေျပာတာထက္ အမ်ိဳးသားေတြကိုပါ ေျပာသင့္တယ္။ အမ်ိဳးသမီးေတြကိုပဲ တဖက္သတ္ဖိႏွိပ္တာ မလုပ္သင့္ဘူး။ အမ်ိဳးသားေတြပါ သရုပ္ပ်က္ရင္၊ ယဥ္ေက်းမႈ မရွိရင္၊ အမ်ိဳးသမီးေတြကို ရုိင္းရိုင္းစိုင္းစိုင္း ေျပာဆုိစေနာက္ရင္ အေရးယူသင့္ပါတယ္။ မွ်တေအာင္ ေဆာင္ရြက္သင့္ပါတယ္”
နန္းဆုိင္ႏြမ္
[HI(Honest Information) Burma]
Photo-ေရႊဖီး

Unicode

သင်္ကြန်မှာ အမျိုးသမီးများ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ တွေ့ရှိရင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သင်္ကြန်နီးပြီဆိုရင် ဒီလိုသတင်းက ထွက်လာနေကျလို ဖြစ်နေပါပြီ။
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု သရုပ်ပျက်ပျော်ပါးမှုတွေကို အရေးယူမယ်လို့ အဓိက သတင်းပျံ့နှံ့နေတဲ့နေရာတွေကတော့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာပါပဲ။ ဒါဟာ မှုခင်းတားဆီးရေးအတွက် ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိကြပါတယ်။ မတ် (၂၉) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးမှာကျင်းပတဲ့ သင်္ကြန်အတွင်း မှုခင်းကြိုတင်ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲမှာတော့ အမျိုးသမီးတွေ သရုပ်ပျက်ဝတ်စားဆင်ယင် ပျော်ပါးမှုတွေမလုပ်ဖို့ တားမြစ်မယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြန်ကြားရေး ရဲမှူးလှဝေက ပြောပါတယ်။
“ကိုယ့်မြန်မာလူမျိုးကျင်းပတဲ့ပွဲကို သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး ရှင်းရှင်းပြောရရင် ယိုသူမရှက်မြင်သူရှက်ပေါ့။ ဘယ် လို အရေးယူရမလဲဆိုတော့ ပြည်သူလူထုကို ညစ်ညစ်ညမ်းညမ်းဖြစ်လာရင်တော့ သက်ဆိုင်ရာတွေက အရေးယူရမှာ ပေါ့”
ဒီပြောဆိုချက်ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ရဲမှူးလှဝေက ဒါဟာ တောင်းဆိုချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်ပြောသွားတဲ့အထဲမှာ အမျိုးသမီးတွေ သရုပ်ပျက်ရင် အရေးယူမယ်လို့ မဆိုလိုပါဘူး။ မဝတ်ကြဖို့ပဲ တောင်းဆို တာပါ။ မဟာသင်္ကြန် ရေသဘင်ပွဲတော်ဆိုတဲ့ အနှစ်သာရပြည့်စုံအောင် ကျင်းပဖို့ပါ။ ဝတ်ရင်တော့ ကျနော်တို့က မိဘ အုပ်ထိန်းသူတွေ မဏ္ဍပ်ဆိုရင် မဏ္ဍပ်တာဝန်ရှိသူတွေကိုပဲ အကြောင်းကြား အပ်နှံသွားမှာပါ”လို့ ရဲမှူးလှဝေ က ပြောပြပါတယ်။
ဒါပေမယ့် ဒီလိုအမျိုးသမီးတွေဘက်ကိုပဲ တဘက်သတ်စဉ်းစားချက်အပေါ်မှာ လက်မခံတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။
ဒီလို ပြောဆိုချက်၊ စဉ်းစားချက်တွေဟာ အမျိုးသမီးတွေရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုသာ အရေးယူမယ်၊ အမျိုး သားတွေကျတော့ ဝတ်ချင်ရာဝတ်၊ လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေကြောင်း၊ အမျိုးသားတွေက အမျိုးသမီးကို စနောက်တဲ့အခါမှာ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အသုံးပြုကြတဲ့အပေါ်မှာရော ဘယ်လိုအရေးယူမှုတွေ ပြုလုပ်မှာလဲလို့ ရန်ကုန်မြို့၊ ကျောက်မြောင်းတွင်နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်ရှိ မချစ်စုက ပြောပါတယ်။
“သရုပ်ပျက်ဝတ်စုံဆိုတာ ဘယ်လို သတ်မှတ်တာလဲ။ ပြီးတော့ အဝတ်အစားဝတ်တာ ဘယ်သူတွေကို ထိခိုက်မှုရှိလို့လဲ။ အမျိုးသမီးတွေက အရှက်တရားမရှိတော့ဘူးလို့ ပြောကြတယ်။ အမျိုးသားတွေကျတော့ အမျိုးသမီးတွေကို သင်္ကြန်လည်ပတ်တဲ့အခါ ကာကွယ်ရမယ့်အစား အချောင်ရရင်ယူမယ်ဆိုတဲ့ စိတ်တွေက ပိုရှိလာတာကိုကျတော့ ဘယ်သူမှ မပြောဆိုကြဘူး”လို့ မချစ်စုက ဆိုပါတယ်။
အရင်နှစ်သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်တွေ၊ စင်ပေါ်တွေမှာ အတိုအပြတ် သရုပ်ပျက်ဝတ်စားတဲ့ အမျိုးသမီး တွေနဲ့ အရက်သောက်စားထားတဲ့အမျိုးသမီးတွေကို ဘာသာသာသနာထိခိုက်စေမှုနဲ့ နိုင်ငံတော်ထိခိုက်စေမှု ဝတ်စား ဆင်ယင်မှု ပုဒ်မ (၁၈၈) အရ အရေးယူမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“မနှစ်က ကျမတို့ မန္တလေးမှာ အတိုအပြတ်တွေဝတ်ရင် အရေးယူမယ့်လို့ သတင်းထွက်ခဲ့ပါတယ်။ အရေးယူမှုတွေ မ လုပ်နိုင်ခဲ့ပါဘူး။ အရေးယူထားတယ်ဆိုတဲ့သတင်းတွေလည်း မကြားခဲ့ပါဘူး။ သင်္ကြန်မှာတော့ အမျိုးသမီးတွေ အဝတ် အစား သရုပ်ပျက်ကိစ္စထက် အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ သင်္ကြန်အတွင်း ယာဉ်တိုက်မှုတွေ ရန် ဖြစ်မှုတွေ ကင်းဝေးဖို့ အရင်ဆောင်ရွက်သင့်ပါတယ်”လို့ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။
သင်္ကြန်ပွဲတော်တွင် အမျိုးသမီးတွေ အဝတ်အစားသရုပ်ပျက်မှုထက် လုပ်ဆောင်ရမယ့်အပိုင်း များစွာရှိကြောင်း၊ မြန်မာ ရိုးရာသင်္ကြန်ကို ရိုးရာဓလေ့အဖြစ်ကျင်းပနိုင်ရန် သက်ဆိုင်ရာမှ ပြုပြင်သင့်ကြောင်း၊ အခုနောက်ပိုင်း အမျိုးသမီးများ ဝတ်စားဆင်ယင်မှုထက် သင်္ကြန်အတွင်း အရက်သေစာ အလွန်အကျွံသောက်ပြီး သရုပ်ပျက်နေတဲ့အမျိုးသားတွေ၊ အ မျိုးသမီးတွေကို နှုတ်အားကိုယ်အားဖြင့် ရိုင်းပြစွာပြုမူဆက်ဆံလိုတဲ့ အမျိုးသားတွေကို အဓိက ဦးစားပေး ပညာပေးများ ဆောင်ရွက်သင့်ပါကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။
တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တွေ့နေရပါတယ်။ သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီကျင်းပနိုင်ရန် ဥပဒေမဲ့ အရက်ရောင်းချမှုတွေကို ထိရောက်စွာ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် (၂၄) ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မဏ္ဍပ်တွေမှာ အလုံပိတ်အခန်းတွေပါရှိရင် အရေးယူဆောင်ရွက်သွားမှာ၊ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်ထိန်းချုပ် သွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
သင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် သင်္ကြန်ပွဲတော်ကာလ အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ် ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမရာဂကို နိုးထစေတဲ့ ဆေးဝါးများရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊ မြန်မာ့ယဉ်ကျေး မှုနှင့် မလျော်ညီတဲ့ဝတ်စားဆင်ယင်ခြင်းနှင့် အမျိုးသမီးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်းနှင့် သူများကျွေးသော အစားအသောက်များကို မချင့်ချိန်ဘဲ စားသောက်ခြင်းတို့ ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှုနဲ့ မြန်မာ့ဓလေ့ထုံးစံကို အလေးထားသင့်ကြောင်း၊ ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှု အပေါ် မှတ်ချက်တစုံတရာပေးလိုခြင်း မရှိသော်လည်း ပြစ်မှုအများစုမှာ အမျိုးသမီးတွေက ကျူးလွန်တာထက် အမျိုး သမီးတွေအပေါ်မှာ အမျိုးသားတွေက ကျူးလွန်ကြတာများပါတယ်လို့ တမာရိပ်အမျိုးသမီးသံချပ်အဖွဲ့ဝင် ဒေါ်မာဦးက ပြောပါတယ်။
ဒါပေမယ့်လည်း တကယ်ဖြစ်လာတဲ့အခါ အမျိုးသားတွေကို အရေးယူမှုမျိုးတွေမရှိကြဘူးလို့ တောင်ဒဂုံမြို့နယ်နေ အ သက် (၃၀) အရွယ် ဒေါ်စုစုက ပြောပါတယ်။
“သင်္ကြန်ကာလမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်မှုပေးဖို့၊ ရှိဖို့လိုပါတယ်။ ယခုခေတ်က အမျိုးသား တွေက ကာကွယ်မှုမပေးတဲ့အပြင် အမျိုးသမီးတွေကို ထိပါးနှောက်ယှက်မှုတွေ လုပ်လာတာတွေ အမျိုးသမီးတွေကို စော်ကားတဲ့ စနောက်မှုတွေပါ ပြောဆိုလာတဲ့အပေါ် သက်ဆိုင်ရာက အရေးယူမှုတွေ မပြုလုပ်ကြပါဘူး”
အမျိုးသမီးတွေကို ကွက်ပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်မျိုးကိုတော့ အမျိုးသမီး တွေက ဘဝင်မကျကြဘဲ ဒါဟာ ခွဲခြားမှုတွေရှိနေတယ်ဆိုတာ ပြသနေတယ်လို့ပြောကြပါတယ်။ ဒေါ်မာဦးကတော့ တားမြစ်မယ်ဆို အမျိုးသားကော အမျိုးသမီးပါ တားမြစ်သင့်တယ်လို့ပြောပါတယ်။
“အမျိုးသမီးရော အမျိုးသားပါ အဝတ်အစားကို လုံခြုံအောင် ဝတ်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေ သရုပ်ပျက် မဝတ် ရဘူးလို့ပြောတာထက် အမျိုးသားတွေကိုပါ ပြောသင့်တယ်။ အမျိုးသမီးတွေကိုပဲ တဖက်သတ်ဖိနှိပ်တာ မလုပ်သင့်ဘူး။ အမျိုးသားတွေပါ သရုပ်ပျက်ရင်၊ ယဉ်ကျေးမှု မရှိရင်၊ အမျိုးသမီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုစနောက်ရင် အရေးယူသင့်ပါတယ်။ မျှတအောင် ဆောင်ရွက်သင့်ပါတယ်”
နန်းဆိုင်နွမ် 
[HI(Honest Information) Burma]
Photo-ရွှေဖီး

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...