Myanmar Idol ပြိုင်ပွဲတွင် အိမ်ထောင်ရှိသူ Winner ဖြစ်ခွင့်ရှိ မရှိကို တာဝန်ရှိသူက ပြောကြား




#news-Theil Myawe

==============

Myanmar Idol မှာ ပရိသတ်တွေထင်မြင်ယူဆနေသလိုမျိုး အိမ်ထောင်သည် Winner ဖြစ်ခွင့်မရှိဆိုသောသတ်မှတ်ချက် မရှိကြောင်း Myanmar Idol ပွဲရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နန်းမောက်လောဝ်ဆိုင်ကို ဒီနေ့ည ကျင်းပတဲ့ အကယ်ဒမီဆုရှင်များ ဂုဏ်ပြုပွဲမှာ တွေ့ဆုံခိုက် ပြောကြားခဲ့ပါတယ် ။

သူမက " ကျွန်မတို့မှာ အဲလိုသတ်မှတ်ချက်မျိုးမရှိပါဘူး။အဲဒါကြောင့် စပြီးရွေးချယ်ကတည်းက အသက်အရွယ်ကန့်သတ်ချက်နဲ့ပဲရွေးတာပါ။
အိမ်ထောင်သည်ဖြစ်ပေမဲ့ လည်း သူ့အရည်အချင်းပြည့်မီခဲ့ပြီး ပရိသတ်ရဲ့Voting အရလည်း အားသာခဲ့မယ်ဆိုရင် Winner ဖြစ်ခွင့်ရှိမှာပါ။
နောက်တစ်ခုက Voting System ကို အငြင်းပွားမယ့်အစား မိမိအားပေးတဲ့ပြိုင်ပွဲဝင်ကို အချိန်ရှိတုန်း Vote ပေးကြဖို့ပြောပါရစေ" လို့ ဒေါ်နန်းမောက် လောက်ဝ်ဆိုင် က ပြောကြားခဲ့ပါတယ် ။


#news-Theil Myawe

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...