"ေက်ာ္ထက္ေအာင္အမ်ိဳးသမီး မီးဖြားေသာအခါ"
"အူဝဲ အူဝဲ"
"ဟယ္ ဘာေလးျဖစ္မလဲ မသိဘူးေနာ္"
(ပရိသတ္ေတြရဲ႕အသံ)
ေက်ာ္ထက္ေအာင္မွ .......
"ဟုတ္ကဲ့ အခုဆိုရင္ အားလံုးေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့
ကၽြန္ေတာ့္ရဲ႕ ခေလးေလး လူ႔ေလာကထဲကို က်န္းမာစြာနဲ႔
ေရာက္ရွိလို႔လာပါၿပီ ။ တကယ္ပါပဲ ဘယ္လိုမွေျပာမျပတတ္
ေအာင္ အရမ္းဝမ္းသာရပါတယ္ ဟုတ္ကဲ့ အခုေမြးတဲ့ခေလး
ေလးက သားသားေလးျဖစ္မလား ဒါမွမဟုတ္ မီးမီးေလးျဖစ္
မလား ဘာေလးမ်ားျဖစ္မလဲဆိုၿပီး ပရိတ္သတ္ႀကီးလည္း
သိခ်င္ေနၾကမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဟုတ္ကဲ့ကၽြန္ေတာ္
ပထမဦးဆံုး အန္ကယ္ဦးသိန္းတန္မွ ဘာေလးျဖစ္မယ္လို႔
ခန္႔မွန္းခ်က္ကို နားေထာင္ၾကည့္ရေအာင္လား ခင္ဗ်ာ"
ဦးသိန္းတန္မွ ......
"ေမာင္ေက်ာ္ထက္ေအာင္"
"ခင္ဗ်ာ"
" ေအး ဒီေနရာမွာ အန္ကယ္တစ္ခုေျပာခ်င္တာက တကယ္
ေတာ့ ခေလးေလးလူ႔ေလာကထဲကို ေရာက္လာတာက သူ႔
အေၾကာင္းအက်ိဳးေတြ ရွိခဲ့လို႔ပဲကြဲ႕။ တကယ္ေတာ့ ဒီခေလး
ေလးရဲ႕ ေကာင္းျခင္းဆိုးျခင္းဟာ ဘုရင္ႀကီးရဲ႕ ဥပမာလို
အန္ကယ္တို႔က သူ႔အေဖနဲ႔ခင္ေနလို႔ ေကာင္းတယ္ သူ႔
အေမနဲ႔ မခင္လို႔ ဆိုးတယ္ဆိုၿပီး သတ္မွတိလို႔မရဘူးကြ။ဒီ
ခေလးေလး လူ႔ေလာကထဲလည္း ေရာက္တယ္ဆိုေရာ ေဟာ့
ဒီမွာ အန္ကယ့္လက္ထဲေဆာ့ေနတဲ့ ေဘာပင္ေလးဟာ ဒီက
MPT မတ္ခြက္ေလးထဲ က်သြားတယ္။ ဒါဟာ နည္းတဲ့တိုက္
ဆိုင္မႈ မဟုတ္ဘူးေနာ္ ။ ေဘာပင္ေလး မတ္ခြက္ထဲက်သြား
လို႔ ေယာက္က်ားေလးလို႔ ေျပာလိုက္ရင္ ဒါဟာ အန္ကယ္
မတရားတာ ျဖစ္သြားမယ္ မဟုတ္ဘူးလားကြာ"
ေက်ာ္ထက္ေအာင္မွ ...,,
"ဟုတ္ပါတယ္ အန္ကယ္"
"ေအး အန္ကယ့္အထင္ ခန္႔မွန္းရရင္ေတာ့ ဒီခေလးဟာ မင္း
နဲ႔တူရင္ဖေအတူျဖစ္ၿပီး မင့္ဇနီးနဲ႔တူရင္ မေအတူ ခေလးျဖစ္
လိမ့္မယ္ကြ ။ ဒီလိုထင္တာဟာ အန္ကယ္တစ္ေယာက္
တည္း မဟုတ္ေလာက္ဘူး ေဟာ့ဒီက အန္ကယ့္ရဲ႕ အခ်စ္ဆံုး
ေတးခ်စ္သူေလးကို ေမးၾကည့္ရင္လည္း ဒီလိုပဲေျဖမွာကြ
ဒါေပမယ့္ကြာ ေစာကစကားအတိုင္း ဘုရင္ႀကီးဥပမာလို
ခေလးကိုေခ်ာရင္ေခ်ာတယ္ ႐ုပ္ဆိုးရင္႐ုပ္ဆိုးတယ္ ဆိုးရင္
ဆိုးတယ္ ေကာင္းရင္ေကာင္းတယ္ ဘယ္သူ႔မ်က္ႏွာကိုမွ
မငဲ့ဘဲ အေကာင္းဆံုးေဝဖန္ဆံုးမပဲ့ျပင္မွ သာလွ်င္ ဒီခေလးက
လူေကာင္းတစ္ေယာက္ လူခၽြန္လူမြန္ေလးျဖစ္လာမွာ မ
ဟုတ္လားကြ ေအးကြာ အန္ကယ္ေနာက္ဆံုးေျပာခ်င္တာက
ဒီခေလးဟာ မိန္းခေလးမဟုတ္ရင္ ေသခ်ာေပါက္ ေယာက္
က်ားေလးပဲကြ ေယာက္က်ားေလးပဲ"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အန္ကယ္ ဒီဘက္က
မတင္ဇာေမာ္ရဲ႕ ခန္႔မွနိးေလးကိုလည္း နားဆင္ခ်င္ပါတယ္
ခင္ဗ်ာ"
"အမွန္အတိုင္းေျပာရရင္ေလ အစ္မတို႔အေနနဲ႔က လူ႔ေလာ
ကထဲ ေရာက္လာသူေတြအားလံုးကို ႀကိဳဆိုၿပီးသားပါေနာ္
အစ္မစိတ္ထဲမွာကေလ ေက်ာ္ထက္ေအာင္ခေလးမို႔ ဇင္ႀကီး
ခေလးမို႔ဆိုၿပီး ခြဲျခားၿပီး ႀကိဳဆိုတာမ်ိဳး မရွိ႐ိုးအမွန္ပါ။ ဒါေပ
မယ့္ အစ္မတစ္ဦးတည္း အျမင္ေျပာရရင္ေလ ခေလးရဲ႕ အူ
ဝဲ ဆိုတဲ့ အသံဟာ အနည္းငယ္မာၿပီး တိုၿပီးျပတ္သားသြား
တာမို႔ ဒီခေလးဟာ ေယာက္က်ားေလးျဖစ္မယ္လို႔ အစ္မ
ကေတာ့ ေမွ်ာ္လင့္မိပါတယ္"
"ဟုတ္ကဲ့ မတင္ဇာေမာ္ကို ေက်းဇူးအထူးတင္ရွိပါတယ္
တစ္ဆက္တည္း ဒီဘက္က မေဆြရဲ႕ သံုးသပ္ခ်က္ေလးကို
လည္း နားဆင္ခ်င္ပါေသးတယ္ "
မေဆြမွ ....,.
"ေမာင္ေလး မေဆြအေနနဲ႔ေျပာရရင္ေလ ဒီခေလးဟာ မင္း
ကို လူ႔ေလာကမွာ "အေဖ" ဆိုတဲ့ ဂုဏ္ပုဒ္တစ္ခုတိုးပြားလာ
ေအာင္ ေမြးဖြားလာတဲ့ ခေလးငယ္ေလးတစ္ဦးဆိုတာ မေဆြ
အေနနဲ႔ ယံုၾကည္ၿပီးသားပါ။ ဒီလိုျမင္သလိုမ်ိဳး ပရိတ္သတ္
ေတြ အားလံုးလည္း ျမင္မယ္ဆိုတာ မေဆြသိၿပီးသားပါ။
တကယ္ေတာ့ မေဆြအေနနဲ႔ မတင္ဇာေမာ္လို မိခင္တစ္ဦး
မျဖစ္ေသးတာမို႔ ေယာက္က်ားေလးလား မိန္းခေလးလား
ဆိုတာ မခြဲျခားတတ္ပါဘူးလို႔ ဒါေပမယ့္ မေဆြအေနနဲ႔ေျပာ
ခ်င္တာက "ခေလးေလး ကံေကာင္းပါေစကြယ္"
ဟုတ္ကဲ့ အခုဆိုရင္ ဒိုင္ ၃ဦးစလံုးရဲ႕ ေက်နပ္ဖြယ္ ခန္႔မွန္း
ခ်က္ေတြကိုလည္း စိတ္တိုင္းက်မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
မၾကာခင္အခ်ိန္အတြင္းမွာပဲ ခေလးေလးဟာ ....,
ေယာက္က်ားေလး့ျဖစ္မလား ဒါမွမဟုတ္ မိန္းခေလးျဖစ္
မလားဆိုတဲ့ အေျဖကိုေပးဖို႔ ကၽြန္ေတာ္ျပန္လာပါမယ္။
ထိုအခ်ိန္တြင္..,,,
"ဝိတိုရိယေဆးရံုႀကီးက ကၽြန္မညီမ nurse မေလးကေျပာ
တယ္ ေက်ာ္ထက္ေအာင္ခေလးေလးက တစ္လံုးတစ္ခဲႀကီးနဲ႔
ခ်စ္စရာႀကီးတဲ့ ကၽြန္မတို႔လည္း မယံုလို႔ ခေလးေလးကိုသြား
ၾကည့္လိုက္တာ ဝါး လူေတြေျပာေနတာထက္ေတာင္ပိုေသး
ကၽြန္မေရာ ကၽြန္မအမ်ိဳးသားေရာ ခေလးေလးကို ေပြ႕ခ်ီ
လိုက္ၾကတယ္ အိုဘီမင္ တစ္လံုးအစြမ္း တကယ္ကိုစြမ္း
တာေနာ္ ခေလးေရာ လူႀကီးေရာ က်န္းမာတယ္"
"ဘယ္သူမွ ခ်န္ပီယမ္အျဖစ္ ေမြးဖြားလာၾကတာ မဟုတ္ပါဘူး ေက်ာ္ထက္ေအာင္ခေလးက လြဲလို႔ေပါ့"
" ဓာတ္ပံုတစ္ပံုဟာ ဘယ္ေလာက္ထိ ဖမ္းစားႏိုင္သလဲ
ဟုတ္ကဲ့ ကိုေက်ာ္ထက္ေအာင္ ခေလးေလးဟာ ..,,,,,,,"
ကိုေက်ာ္ထက္ေအာင္ ျပန္ဝင္လာၿပီး ..,,,
ဟုတ္ကဲ့ အခုဆိုရင္ ခေလးေလးက ေယာက္က်ားေလးလား
မိန္းခေလးလားဆိုတဲ့ အေျဖဟာ ကၽြန္ေတာ့္လက္ထဲေရာက္
ေနပါၿပီ ။ မၾကာမွီအခ်ိန္အတြင္းမွာ အေျဖမွန္ကို ကၽြန္ေတာ္
ေၾကျငာပါေတာ့မယ္ မီးေလးခဏမွိတ္ေပးပါခင္ဗ်ာ ..,,,,
ထိုအခ်ိန္တြင္ ....ကန္႔လန္႔ကာေနာက္မွ လူတစ္ေယာက္ေျပး
ထြက္လာၿပီး
"သားမိန္းမယူခ်င္ၿပီ ေဖေဖ"
"ေဟ မင့္ မင့္ကဘယ္လိုလုပ္"
"ဘယ္လိုလုပ္ရမလဲဗ်ာ အေဖတို႔ေၾကာ္ျငာေနတာ ၿပီးမၿပီး
ေတာ့ဘူး အေမက ငါမသိဘူး မင္းအေဖသြားေမးေခ်ဆိုလို႔"
"ဟိုက္ရွ္"
ဘဝအေမာေျပႏိုင္ပါေစသား 😂😂😂😂😂😂😂😂
Nay Myo Chit
=============
"ကျော်ထက်အောင်အမျိုးသမီး မီးဖွားသောအခါ"
"အူဝဲ အူဝဲ"
"ဟယ် ဘာလေးဖြစ်မလဲ မသိဘူးနော်"
(ပရိသတ်တွေရဲ့အသံ)
ကျော်ထက်အောင်မှ .......
"ဟုတ်ကဲ့ အခုဆိုရင် အားလုံးမျှော်လင့်စောင့်စားနေကြတဲ့
ကျွန်တော့်ရဲ့ ခလေးလေး လူ့လောကထဲကို ကျန်းမာစွာနဲ့
ရောက်ရှိလို့လာပါပြီ ။ တကယ်ပါပဲ ဘယ်လိုမှပြောမပြတတ်
အောင် အရမ်းဝမ်းသာရပါတယ် ဟုတ်ကဲ့ အခုမွေးတဲ့ခလေး
လေးက သားသားလေးဖြစ်မလား ဒါမှမဟုတ် မီးမီးလေးဖြစ်
မလား ဘာလေးများဖြစ်မလဲဆိုပြီး ပရိတ်သတ်ကြီးလည်း
သိချင်နေကြမယ်လို့ မျှော်လင့်မိပါတယ်။ ဟုတ်ကဲ့ကျွန်တော်
ပထမဦးဆုံး အန်ကယ်ဦးသိန်းတန်မှ ဘာလေးဖြစ်မယ်လို့
ခန့်မှန်းချက်ကို နားထောင်ကြည့်ရအောင်လား ခင်ဗျာ"
ဦးသိန်းတန်မှ ......
"မောင်ကျော်ထက်အောင်"
"ခင်ဗျာ"
" အေး ဒီနေရာမှာ အန်ကယ်တစ်ခုပြောချင်တာက တကယ်
တော့ ခလေးလေးလူ့လောကထဲကို ရောက်လာတာက သူ့
အကြောင်းအကျိုးတွေ ရှိခဲ့လို့ပဲကွဲ့။ တကယ်တော့ ဒီခလေး
လေးရဲ့ ကောင်းခြင်းဆိုးခြင်းဟာ ဘုရင်ကြီးရဲ့ ဥပမာလို
အန်ကယ်တို့က သူ့အဖေနဲ့ခင်နေလို့ ကောင်းတယ် သူ့
အမေနဲ့ မခင်လို့ ဆိုးတယ်ဆိုပြီး သတ်မှတိလို့မရဘူးကွ။ဒီ
ခလေးလေး လူ့လောကထဲလည်း ရောက်တယ်ဆိုရော ဟော့
ဒီမှာ အန်ကယ့်လက်ထဲဆော့နေတဲ့ ဘောပင်လေးဟာ ဒီက
MPT မတ်ခွက်လေးထဲ ကျသွားတယ်။ ဒါဟာ နည်းတဲ့တိုက်
ဆိုင်မှု မဟုတ်ဘူးနော် ။ ဘောပင်လေး မတ်ခွက်ထဲကျသွား
လို့ ယောက်ကျားလေးလို့ ပြောလိုက်ရင် ဒါဟာ အန်ကယ်
မတရားတာ ဖြစ်သွားမယ် မဟုတ်ဘူးလားကွာ"
ကျော်ထက်အောင်မှ ...,,
"ဟုတ်ပါတယ် အန်ကယ်"
"အေး အန်ကယ့်အထင် ခန့်မှန်းရရင်တော့ ဒီခလေးဟာ မင်း
နဲ့တူရင်ဖအေတူဖြစ်ပြီး မင့်ဇနီးနဲ့တူရင် မအေတူ ခလေးဖြစ်
လိမ့်မယ်ကွ ။ ဒီလိုထင်တာဟာ အန်ကယ်တစ်ယောက်
တည်း မဟုတ်လောက်ဘူး ဟော့ဒီက အန်ကယ့်ရဲ့ အချစ်ဆုံး
တေးချစ်သူလေးကို မေးကြည့်ရင်လည်း ဒီလိုပဲဖြေမှာကွ
ဒါပေမယ့်ကွာ စောကစကားအတိုင်း ဘုရင်ကြီးဥပမာလို
ခလေးကိုချောရင်ချောတယ် ရုပ်ဆိုးရင်ရုပ်ဆိုးတယ် ဆိုးရင်
ဆိုးတယ် ကောင်းရင်ကောင်းတယ် ဘယ်သူ့မျက်နှာကိုမှ
မငဲ့ဘဲ အကောင်းဆုံးဝေဖန်ဆုံးမပဲ့ပြင်မှ သာလျှင် ဒီခလေးက
လူကောင်းတစ်ယောက် လူချွန်လူမွန်လေးဖြစ်လာမှာ မ
ဟုတ်လားကွ အေးကွာ အန်ကယ်နောက်ဆုံးပြောချင်တာက
ဒီခလေးဟာ မိန်းခလေးမဟုတ်ရင် သေချာပေါက် ယောက်
ကျားလေးပဲကွ ယောက်ကျားလေးပဲ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ် ဒီဘက်က
မတင်ဇာမော်ရဲ့ ခန့်မှနိးလေးကိုလည်း နားဆင်ချင်ပါတယ်
ခင်ဗျာ"
"အမှန်အတိုင်းပြောရရင်လေ အစ်မတို့အနေနဲ့က လူ့လော
ကထဲ ရောက်လာသူတွေအားလုံးကို ကြိုဆိုပြီးသားပါနော်
အစ်မစိတ်ထဲမှာကလေ ကျော်ထက်အောင်ခလေးမို့ ဇင်ကြီး
ခလေးမို့ဆိုပြီး ခွဲခြားပြီး ကြိုဆိုတာမျိုး မရှိရိုးအမှန်ပါ။ ဒါပေ
မယ့် အစ်မတစ်ဦးတည်း အမြင်ပြောရရင်လေ ခလေးရဲ့ အူ
ဝဲ ဆိုတဲ့ အသံဟာ အနည်းငယ်မာပြီး တိုပြီးပြတ်သားသွား
တာမို့ ဒီခလေးဟာ ယောက်ကျားလေးဖြစ်မယ်လို့ အစ်မ
ကတော့ မျှော်လင့်မိပါတယ်"
"ဟုတ်ကဲ့ မတင်ဇာမော်ကို ကျေးဇူးအထူးတင်ရှိပါတယ်
တစ်ဆက်တည်း ဒီဘက်က မဆွေရဲ့ သုံးသပ်ချက်လေးကို
လည်း နားဆင်ချင်ပါသေးတယ် "
မဆွေမှ ....,.
"မောင်လေး မဆွေအနေနဲ့ပြောရရင်လေ ဒီခလေးဟာ မင်း
ကို လူ့လောကမှာ "အဖေ" ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတိုးပွားလာ
အောင် မွေးဖွားလာတဲ့ ခလေးငယ်လေးတစ်ဦးဆိုတာ မဆွေ
အနေနဲ့ ယုံကြည်ပြီးသားပါ။ ဒီလိုမြင်သလိုမျိုး ပရိတ်သတ်
တွေ အားလုံးလည်း မြင်မယ်ဆိုတာ မဆွေသိပြီးသားပါ။
တကယ်တော့ မဆွေအနေနဲ့ မတင်ဇာမော်လို မိခင်တစ်ဦး
မဖြစ်သေးတာမို့ ယောက်ကျားလေးလား မိန်းခလေးလား
ဆိုတာ မခွဲခြားတတ်ပါဘူးလို့ ဒါပေမယ့် မဆွေအနေနဲ့ပြော
ချင်တာက "ခလေးလေး ကံကောင်းပါစေကွယ်"
ဟုတ်ကဲ့ အခုဆိုရင် ဒိုင် ၃ဦးစလုံးရဲ့ ကျေနပ်ဖွယ် ခန့်မှန်း
ချက်တွေကိုလည်း စိတ်တိုင်းကျမယ်လို့ မျှော်လင့်မိပါတယ်။
မကြာခင်အချိန်အတွင်းမှာပဲ ခလေးလေးဟာ ....,
ယောက်ကျားလေး့ဖြစ်မလား ဒါမှမဟုတ် မိန်းခလေးဖြစ်
မလားဆိုတဲ့ အဖြေကိုပေးဖို့ ကျွန်တော်ပြန်လာပါမယ်။
ထိုအချိန်တွင်..,,,
"ဝိတိုရိယဆေးရုံကြီးက ကျွန်မညီမ nurse မလေးကပြော
တယ် ကျော်ထက်အောင်ခလေးလေးက တစ်လုံးတစ်ခဲကြီးနဲ့
ချစ်စရာကြီးတဲ့ ကျွန်မတို့လည်း မယုံလို့ ခလေးလေးကိုသွား
ကြည့်လိုက်တာ ဝါး လူတွေပြောနေတာထက်တောင်ပိုသေး
ကျွန်မရော ကျွန်မအမျိုးသားရော ခလေးလေးကို ပွေ့ချီ
လိုက်ကြတယ် အိုဘီမင် တစ်လုံးအစွမ်း တကယ်ကိုစွမ်း
တာနော် ခလေးရော လူကြီးရော ကျန်းမာတယ်"
"ဘယ်သူမှ ချန်ပီယမ်အဖြစ် မွေးဖွားလာကြတာ မဟုတ်ပါဘူး ကျော်ထက်အောင်ခလေးက လွဲလို့ပေါ့"
" ဓာတ်ပုံတစ်ပုံဟာ ဘယ်လောက်ထိ ဖမ်းစားနိုင်သလဲ
ဟုတ်ကဲ့ ကိုကျော်ထက်အောင် ခလေးလေးဟာ ..,,,,,,,"
ကိုကျော်ထက်အောင် ပြန်ဝင်လာပြီး ..,,,
ဟုတ်ကဲ့ အခုဆိုရင် ခလေးလေးက ယောက်ကျားလေးလား
မိန်းခလေးလားဆိုတဲ့ အဖြေဟာ ကျွန်တော့်လက်ထဲရောက်
နေပါပြီ ။ မကြာမှီအချိန်အတွင်းမှာ အဖြေမှန်ကို ကျွန်တော်
ကြေငြာပါတော့မယ် မီးလေးခဏမှိတ်ပေးပါခင်ဗျာ ..,,,,
ထိုအချိန်တွင် ....ကန့်လန့်ကာနောက်မှ လူတစ်ယောက်ပြေး
ထွက်လာပြီး
"သားမိန်းမယူချင်ပြီ ဖေဖေ"
"ဟေ မင့် မင့်ကဘယ်လိုလုပ်"
"ဘယ်လိုလုပ်ရမလဲဗျာ အဖေတို့ကြော်ငြာနေတာ ပြီးမပြီး
တော့ဘူး အမေက ငါမသိဘူး မင်းအဖေသွားမေးချေဆိုလို့"
"ဟိုက်ရှ်"
ဘဝအမောပြေနိုင်ပါစေသား 😂😂😂😂😂😂😂😂
Nay Myo Chit
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment