ဓာတ္ပုံ ျပ႐ုံနဲ႔ Facebook အေကာင့္ကို ရွာေပးႏိုင္မယ့္ APP

လမ္းသြားရင္းနဲ႔ ႐ုတ္တရက္ေတြ႕လိုက္လို႔ ရင္ထဲမွာ စြဲလန္းသြားပါသလား။ သူ႔ရဲ႕ facebook အေကာင့္ကို သိလိုပါသလား? ကိုယ္သိလိုသူရဲ႕ ပုံရိပ္ကို ျပ႐ုံနဲ႔ facebook အေကာင့္ကို ရွာေဖြႏိုင္မယ့္ App တစ္ခုကို အဂၤလန္ႏိုင္ငံမွ စြန႔္ဦးတီထြင္သူ လူငယ္တစ္ဦးျဖစ္တဲ့ Jack Kenyon တီထြင္ခဲ့ပါတယ္။

ဒါကေတာ့ လူငယ္ေတြအတြက္ သတင္းေကာင္းပါဘဲ။ ေကာ္ဖီဆိုင္မွာျဖစ္ျဖစ္၊ bus ကားစီးရင္းနဲ႔ျဖစ္ျဖစ္ ကိုယ္သိလိုတဲ့ စကီေလးေတြ၊ ဘဲေလးေတြရဲ႕ facebook အေကာင့္ကို ခိုးေခ်ာင္းရတာ အေမာပါဘဲ။ ကိုယ္ေခ်ာင္းေနတာ သူမ်ား သိသြားေလမလားဆိုတဲ့ စိုးရိမ္စိတ္ကလဲ ဝင္ရပါေသးတယ္။ ခုေတာ့ အဲ့ဒီလိုမ်ိဳး ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္စရာလိုဘဲ စမတ္က်က် ရွာႏိုင္မွာပါ။

facezam

စမတ္က်က်ဆိုေပမယ့္လည္း အနည္းငယ္ေတာ့ စြန႔္စားရပါအုံးမယ္။ ကိုယ္ သိခ်င္တဲ့ လူကို ဓာတ္ပုံ႐ိုက္ရမွာပါ။ မ်က္ႏွာကို အဓိက ထား႐ိုက္ရမွာ ျဖစ္ၿပီး အဆိုပါ ပုံရိပ္ကို ရရွိတာနဲ႔ App ကေန ၁၀ စကၠန႔္အတြင္း facebook အေကာင့္ကို ရွာေဖြေပးႏိုင္မွာပါ။ အခ်ိဳ႕ကေတာ့ နည္းပညာေတြေၾကာင့္ လူေတြဟာ လုံၿခဳံမႈဆိုတာ ဘာမွန္းေတာင္ မသိေတာ့ဘူးလို႔ မွတ္ခ်က္ေပးၾကပါတယ္။

App အမည္က Facezam ျဖစ္ၿပီး မၾကာမွီကာလမွာ Apple Store ေပၚသို႔ ေရာက္ရွိေတာ့မွာ ျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ဘဲ Android အသုံးျပဳသူမ်ားအတြက္ေတာ့ ရရွိႏိုင္အုံးမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Android သမားေတြ မုမု… 😛

Credit: ဆန္းသစ္ျမန္မာ
======
လမ်းသွားရင်းနဲ့ ရုတ်တရက်တွေ့လိုက်လို့ ရင်ထဲမှာ စွဲလန်းသွားပါသလား။ သူ့ရဲ့ facebook အကောင့်ကို သိလိုပါသလား? ကိုယ်သိလိုသူရဲ့ ပုံရိပ်ကို ပြရုံနဲ့ facebook အကောင့်ကို ရှာဖွေနိုင်မယ့် App တစ်ခုကို အင်္ဂလန်နိုင်ငံမှ စွန့်ဦးတီထွင်သူ လူငယ်တစ်ဦးဖြစ်တဲ့ Jack Kenyon တီထွင်ခဲ့ပါတယ်။

ဒါကတော့ လူငယ်တွေအတွက် သတင်းကောင်းပါဘဲ။ ကော်ဖီဆိုင်မှာဖြစ်ဖြစ်၊ bus ကားစီးရင်းနဲ့ဖြစ်ဖြစ် ကိုယ်သိလိုတဲ့ စကီလေးတွေ၊ ဘဲလေးတွေရဲ့ facebook အကောင့်ကို ခိုးချောင်းရတာ အမောပါဘဲ။ ကိုယ်ချောင်းနေတာ သူများ သိသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်ကလဲ ဝင်ရပါသေးတယ်။ ခုတော့ အဲ့ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်စရာလိုဘဲ စမတ်ကျကျ ရှာနိုင်မှာပါ။

facezam

စမတ်ကျကျဆိုပေမယ့်လည်း အနည်းငယ်တော့ စွန့်စားရပါအုံးမယ်။ ကိုယ် သိချင်တဲ့ လူကို ဓာတ်ပုံရိုက်ရမှာပါ။ မျက်နှာကို အဓိက ထားရိုက်ရမှာ ဖြစ်ပြီး အဆိုပါ ပုံရိပ်ကို ရရှိတာနဲ့ App ကနေ ၁၀ စက္ကန့်အတွင်း facebook အကောင့်ကို ရှာဖွေပေးနိုင်မှာပါ။ အချို့ကတော့ နည်းပညာတွေကြောင့် လူတွေဟာ လုံခြုံမှုဆိုတာ ဘာမှန်းတောင် မသိတော့ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

App အမည်က Facezam ဖြစ်ပြီး မကြာမှီကာလမှာ Apple Store ပေါ်သို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ Android အသုံးပြုသူများအတွက်တော့ ရရှိနိုင်အုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့် Android သမားတွေ မုမု… 😛

Credit: ဆန်းသစ်မြန်မာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...