သုညတစ္လုံးရဲ႕ ရာဇဝင္

ပစၥည္းေတြကို ေရတြက္တဲ့ အခါမွာ တစ္ခု၊ ႏွစ္ခု စသည္ျဖင့္ တစ္ကပဲ စၿပီး ေရတြက္ေလ့ ရွိတာမို႔ လက္ေတြ႔ပိုင္းမွာ သုည ကို ထည့္မစဥ္းစားျဖစ္သေလာက္ပါပဲ။

ဒါေပမဲ့ သခ်ၤာဘာသာရပ္နယ္ပယ္မွာေတာ့ သုည ဟာ အေရးပါတဲ့ ကိန္းဂဏန္းတစ္လုံးပါ။

သမိုင္းမွာ သုည ဘယ္လို ျဖစ္ေပၚလာသလဲ ဆိုတာ စဥ္းစားၾကည့္ရင္ သုညအေၾကာင္းေတြးမိဖို႔ ေတာ္ေတာ္ခက္ခဲတာကို ေတြ႕ရမယ္။ တကယ္မရွိတဲ့ အရာတစ္ခု ၊ လက္ေတြ႔အျပင္မွာ မရွိတဲ့ မရွိျခင္း သေဘာတရားတစ္ရက္ ကို ဘယ္လို ဉာဏ္ႀကီးရွင္ေတြကမ်ား စဥ္းစားမိတာ ျဖစ္ႏိုင္မလဲ။

အိႏၵိယ လူမ်ိဳးေတြကေတာ့ သုည ကို သူတို႔ရဲ႕ ေရွးႏွစ္ေပါင္းမ်ားစြာ အၾကာက ပညာရွင္ေတြက စတင္ တီထြင္ခဲ့တာပါလို႔ မွတ္ယူထားၾကပါတယ္။ အဲဒီ အတြက္ ဂုဏ္လည္း ယူၾကပါတယ္။ သူတို႔က စၿပီး သုည ဆိုတဲ့ ကိန္းဂဏန္းကို စတင္တီထြင္တယ္လို႔ သက္ေသျပစရာ အေထာက္အထား အခိုင္အမာ မရွိေပမယ့္  အိ္ႏၵိယမွာ ထြန္းကားခဲ့တဲ့ ဗုဒၶဘာသာ ၊ ဟိႏၵဴဘာသာ တို႔မွာ မရွိျခင္း (နတၳိ) သေဘာတရား အယူအဆေတြ ပါဝင္တာမို႔ အိႏၵိယပညာရွင္ေတြက သုညကို တီထြင္တယ္ဆိုတာ ျဖစ္ႏိုင္ေခ် ရွိပါတယ္။ တခ်ိဳ႔ ဒ႑ာရီဆန္ဆန္ မွတ္တမ္းေတြကေတာ့ အိႏၵိယလူမ်ိဳး ပညာရွင္ အရိယာဘာတ (Aryabhata) [ပုံထဲက ပုဂၢိဳလ္ ]  က သုညကို စတင္တီထြင္ခဲ့တယ္လို႔ ဆိုၾကပါတယ္။ တစ္ဖက္ကလည္း မာယာလူမ်ိဳး အပါအဝင္ တျခားကမၻာ့ေရွးေဟာင္း လူမ်ိဳးစုေတြမွာလည္း သုည ကို အသုံးျပဳခဲ့တဲ့ အေၾကာင္းအေထာက္အထားေတြ ရွိေနတာမို႔ ဘယ္သူက အေစာဆုံးတီထြင္ အသုံးျပဳခဲ့သလဲ ဆိုတာ ေျပာဖို႔ခက္ေနပါေသးတယ္။

လာမယ့္ ဧၿပီလထဲမွာေတာ့ အိႏၵိယႏိုင္ငံ နယူးေဒလီ ၿမိဳ႔မွာ “ Camp Zero” လို႔ ေခၚတဲ့ ေဆြးေႏြးေျပာဆိုပြဲတစ္ခုကို ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အဲဒီပြဲကို ပညာရွင္ေတြ အမ်ားအျပားဖိတ္ေခၚၿပီး သုည ဘယ္လုိျဖစ္လာသလဲ ၊ ဘယ္လို အေတြးအေခၚ ေနာက္ခံအေျခအေနေတြက တဆင့္ သုညကို တီထြင္ျဖစ္ခဲ့ၾကသလဲ ဆိုတာ အေပၚ သုံးရက္တိုင္တိုင္ ေဆြးေႏြးျငင္းခုံၾက၊ အေထာက္အထားေတြ ၊ အယူအဆေတြ ႏွၤီးေႏွာဖလွယ္ၾကမွာ ျဖစ္ပါတယ္။ အဲဒီပြဲကေနၿပီး သုညနဲ႕ ပတ္သက္တဲ့ သမိုင္းေၾကာင္းအခိုင္အမာတစ္ခုကို အၿပီးသတ္ သတ္မွတ္ေပးထားႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

Credit: ရိုးရာေလး

#Unicode Version

ပစ္စည်းတွေကို ရေတွက်တဲ့ အခါမှာ တစ်ခု၊ နှစ်ခု စသည်ဖြင့် တစ်ကပဲ စပြီး ရေတွက်လေ့ ရှိတာမို့ လက်တွေ့ပိုင်းမှာ သုည ကို ထည့်မစဉ်းစားဖြစ်သလောက်ပါပဲ။

ဒါပေမဲ့ သချၤာဘာသာရပ်နယ်ပယ်မှာတော့ သုည ဟာ အရေးပါတဲ့ ကိန်းဂဏန်းတစ်လုံးပါ။

သမိုင်းမှာ သုည ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာ စဉ်းစားကြည့်ရင် သုညအကြောင်းတွေးမိဖို့ တော်တော်ခက်ခဲတာကို တွေ့ရမယ်။ တကယ်မရှိတဲ့ အရာတစ်ခု ၊ လက်တွေ့အပြင်မှာ မရှိတဲ့ မရှိခြင်း သဘောတရားတစ်ရက် ကို ဘယ်လို ဉာဏ်ကြီးရှင်တွေကများ စဉ်းစားမိတာ ဖြစ်နိုင်မလဲ။

အိန္ဒိယ လူမျိုးတွေကတော့ သုည ကို သူတို့ရဲ့ ရှေးနှစ်ပေါင်းများစွာ အကြာက ပညာရှင်တွေက စတင် တီထွင်ခဲ့တာပါလို့ မှတ်ယူထားကြပါတယ်။ အဲဒီ အတွက် ဂုဏ်လည်း ယူကြပါတယ်။ သူတို့က စပြီး သုည ဆိုတဲ့ ကိန်းဂဏန်းကို စတင်တီထွင်တယ်လို့ သက်သေပြစရာ အထောက်အထား အခိုင်အမာ မရှိပေမယ့်  အိန္ဒိယမှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ တို့မှာ မရှိခြင်း (နတ္ထိ) သဘောတရား အယူအဆတွေ ပါဝင်တာမို့ အိန္ဒိယပညာရှင်တွေက သုညကို တီထွင်တယ်ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။ တချို့ ဒဏ္ဍာရီဆန်ဆန် မှတ်တမ်းတွေကတော့ အိန္ဒိယလူမျိုး ပညာရှင် အရိယာဘာတ (Aryabhata) [ပုံထဲက ပုဂ္ဂိုလ် ]  က သုညကို စတင်တီထွင်ခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ဖက်ကလည်း မာယာလူမျိုး အပါအဝင် တခြားကမ္ဘာ့ရှေးဟောင်း လူမျိုးစုတွေမှာလည်း သုည ကို အသုံးပြုခဲ့တဲ့ အကြောင်းအထောက်အထားတွေ ရှိနေတာမို့ ဘယ်သူက အစောဆုံးတီထွင် အသုံးပြုခဲ့သလဲ ဆိုတာ ပြောဖို့ခက်နေပါသေးတယ်။

လာမယ့် ဧပြီလထဲမှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ “ Camp Zero” လို့ ခေါ်တဲ့ ဆွေးနွေးပြောဆိုပွဲတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို ပညာရှင်တွေ အများအပြားဖိတ်ခေါ်ပြီး သုည ဘယ်လိုဖြစ်လာသလဲ ၊ ဘယ်လို အတွေးအခေါ် နောက်ခံအခြေအနေတွေက တဆင့် သုညကို တီထွင်ဖြစ်ခဲ့ကြသလဲ ဆိုတာ အပေါ် သုံးရက်တိုင်တိုင် ဆွေးနွေးငြင်းခုံကြ၊ အထောက်အထားတွေ ၊ အယူအဆတွေ နှၤီးနှောဖလှယ်ကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲကနေပြီး သုညနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းအခိုင်အမာတစ်ခုကို အပြီးသတ် သတ်မှတ်ပေးထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Credit: ရိုးရာလေး

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...