ေရႊမန္းသူ Express ႏွင့္ လူနာတင္ယာဥ္ တိုက္မိ

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ အနီးရွိ မီးပြိဳင့္နားမွာ ေရႊမန္းသူ Express ခရီးသည္တင္ယာဥ္နဲ႔ လူနာတင္ေဆာင္လာတဲ့ လူနာတင္ယာဥ္တုိ႔ ယာဥ္တုိက္မႈျဖစ္ပြားခဲ့ပါတယ္။
ယာဥ္တုိက္မႈဟာ မတ္လ ၁ ရက္ ေန႔လယ္ ၁ နာရီ ၃၅ မိနစ္ ၀န္းက်င္းေလာက္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ယာဥ္ႏွစ္စီးလုံးေပၚပါလာတဲ့ ယာဥ္ေမာင္းနဲ႔ ခရီးသည္ေတြကေတာ့ တစံုတရာ ထိခိုက္မႈ မရွိဘူးလုိ႔လည္း သိရပါတယ္။
“က်ေနာ္က လယ္ေ၀းဘက္ကေန ေမြးလူနာတင္ၿပီး အေရးေပၚအခ်က္ျပမီးဖြင္႔ၿပီး ေမာင္းလာခဲ့ တာပါ။ ဥတၱရသီရိ ေဆး႐ံုကုိ သြားဖုိ႔ပါ။ မီးပြဳိင့္ မီးကလည္း ၀ါေနတာနဲ႔ အေရးေပၚျဖတ္ေမာင္းလုိက္တာ။ ေမြးလူနာလည္း ထိခိုက္မႈမရွိပါဘူး။ က်ေနာ္လည္း ဘာမွ မထိခိုက္ပါဘူး။ ကားေတာ့ ဘယ္ဘက္ျခမ္း ပိန္သြားတယ္။ ေမွာက္ေတာ့ မေမွာက္သြားပါဘူး” လုိ႔ လူနာတင္ယာဥ္ေမာင္းႏွင္သူက ေျပာပါတယ္။
ေရႊမန္းသူ Express ခရီးသည္တင္ယာဥ္ကေတာ့ မႏၱေလး၊ ေနျပည္ေတာ္၊ ေတာင္ငူ ခရီးစဥ္နဲ႔ ေမာင္းႏွင္လာ တာျဖစ္ၿပီး မႏၱေလးၿမဳိ႕မွ မနက္ ၉ နာရီ ထြက္ခြာလာေသာ ယာဥ္ျဖစ္ပါတယ္။
“မီးစိမ္းေနေတာ့ က်ေနာ္ဘာသာက်ေနာ္ ေအးေအးေဆးေဆး ေမာင္းလာတာ။ သူက မီးေနတဲ့ အခ်ိန္မွာ ေကာက္အသံေပးၿပီးေတာ့ ထြက္လာတဲ့အခ်ိန္မွာ က်ေနာ့ကားအေရာက္နဲ႔ က်ေနာ္ ကားညာဘက္ျခမ္းကုိ ၀င္ေစာင့္တာဗ်။ ခရီးသည္ေတြလည္း ဘာမွ မျဖစ္ဘူး။ က်ေနာ္လည္း ဘာမွ မျဖစ္ဘူး။ စပါယ္ယာလည္း ဘာမွမျဖစ္ဘူး”လို႔ ေရႊမန္းသူ Express ကားေမာင္းႏွင္းလာသူက ေျပာပါတယ္။
ယာဥ္တုိက္မႈျဖစ္စဥ္ သုံးသပ္ခ်က္ကို ယာဥ္မႈစစ္ကုိ ေမးျမန္းၾကည္တဲ့ အခါမွာေတာ႔ “ေတာ္၀င္ရတနာ လမ္းနဲ႔ ပ်ဥ္းမနား-ေတာင္ညဳိလမ္းဆုံတဲ့ ဒီမီးပြဳိင့္မွာ ယာဥ္တုိက္က်တာေပါ႔။ လူနာတင္ယာဥ္ဟာ မီး၀ါတဲ့ အခ်ိန္မွာ ျဖတ္ၿပီးေတာ့ ေမာင္းတာလာတယ္။ ေရႊမန္းသူကားကေတာ့ မီးစိမ္းတဲ့အခ်ိန္မွာ ျဖတ္ထြက္တယ္။ လူေသ ထိခုိက္ ဒဏ္ရာရရွိမႈမရွိတဲ့အတြက္ေၾကာင့္ သူတုိ႔ တဦးနဲ႔ တဦး ေျပလည္ေပးမယ္။ ျပင္ဆင္ေဆာင္ရြက္ေပး မယ္ဆုိရင္ ေနျပည္ေတာ္ ေကာ္စီ စီမံခ်က္ ဒဏ္ေၾကးေငြနဲ႔ အေရးယူေဆာင္ရြက္ေပးမယ္ေပါ့။ သူတုိ႔တေယာက္နဲ႔ တေယာက္ နားလည္မႈ မရွိဘူးဆုိရင္ေတာ့့ က်ေနာ္ အမႈဖြင့္ၿပီး ေဆာင္ရြက္ေပးသြားမယ္”လုိ႔ ရဲအုပ္ေအးေဇာ္၀င္းက ေျပာပါတယ္။

ေရႊမန္းသူ Express ႏွင့္ လူနာတင္ယာဥ္ တိုက္မိ - DVB
===
 Unicode
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အနီးရှိ မီးပွိုင့်နားမှာ ရွှေမန်းသူ Express ခရီးသည်တင်ယာဉ်နဲ့ လူနာတင်ဆောင်လာတဲ့ လူနာတင်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိုက်မှုဟာ မတ်လ ၁ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ် ဝန်းကျင်းလောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်နှစ်စီးလုံးပေါ်ပါလာတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။
“ကျနော်က လယ်ဝေးဘက်ကနေ မွေးလူနာတင်ပြီး အရေးပေါ်အချက်ပြမီးဖွင့်ပြီး မောင်းလာခဲ့ တာပါ။ ဥတ္တရသီရိ ဆေးရုံကို သွားဖို့ပါ။ မီးပွိုင့် မီးကလည်း ၀ါနေတာနဲ့ အရေးပေါ်ဖြတ်မောင်းလိုက်တာ။ မွေးလူနာလည်း ထိခိုက်မှုမရှိပါဘူး။ ကျနော်လည်း ဘာမှ မထိခိုက်ပါဘူး။ ကားတော့ ဘယ်ဘက်ခြမ်း ပိန်သွားတယ်။ မှောက်တော့ မမှောက်သွားပါဘူး” လို့ လူနာတင်ယာဉ်မောင်းနှင်သူက ပြောပါတယ်။
ရွှေမန်းသူ Express ခရီးသည်တင်ယာဉ်ကတော့ မန္တလေး၊ နေပြည်တော်၊ တောင်ငူ ခရီးစဉ်နဲ့ မောင်းနှင်လာ တာဖြစ်ပြီး မန္တလေးမြို့မှ မနက် ၉ နာရီ ထွက်ခွာလာသော ယာဉ်ဖြစ်ပါတယ်။
“မီးစိမ်းနေတော့ ကျနော်ဘာသာကျနော် အေးအေးဆေးဆေး မောင်းလာတာ။ သူက မီးနေတဲ့ အချိန်မှာ ကောက်အသံပေးပြီးတော့ ထွက်လာတဲ့အချိန်မှာ ကျနော့ကားအရောက်နဲ့ ကျနော် ကားညာဘက်ခြမ်းကို ဝင်စောင့်တာဗျ။ ခရီးသည်တွေလည်း ဘာမှ မဖြစ်ဘူး။ ကျနော်လည်း ဘာမှ မဖြစ်ဘူး။ စပါယ်ယာလည်း ဘာမှမဖြစ်ဘူး”လို့ ရွှေမန်းသူ Express ကားမောင်းနှင်းလာသူက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ် သုံးသပ်ချက်ကို ယာဉ်မှုစစ်ကို မေးမြန်းကြည်တဲ့ အခါမှာတော့ “တော်ဝင်ရတနာ လမ်းနဲ့ ပျဉ်းမနား-တောင်ညိုလမ်းဆုံတဲ့ ဒီမီးပွိုင့်မှာ ယာဉ်တိုက်ကျတာပေါ့။ လူနာတင်ယာဉ်ဟာ မီးဝါတဲ့ အချိန်မှာ ဖြတ်ပြီးတော့ မောင်းတာလာတယ်။ ရွှေမန်းသူကားကတော့ မီးစိမ်းတဲ့အချိန်မှာ ဖြတ်ထွက်တယ်။ လူသေ ထိခိုက် ဒဏ်ရာရရှိမှုမရှိတဲ့အတွက်ကြောင့် သူတို့ တဦးနဲ့ တဦး ပြေလည်ပေးမယ်။ ပြင်ဆင်ဆောင်ရွက်ပေး မယ်ဆိုရင် နေပြည်တော် ကော်စီ စီမံချက် ဒဏ်ကြေးငွေနဲ့ အရေးယူဆောင်ရွက်ပေးမယ်ပေါ့။ သူတို့တယောက်နဲ့ တယောက် နားလည်မှု မရှိဘူးဆိုရင်တော့့ ကျနော် အမှုဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်”လို့ ရဲအုပ်အေးဇော်ဝင်းက ပြောပါတယ်။

ရွှေမန်းသူ Express နှင့် လူနာတင်ယာဉ် တိုက်မိ - DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...