ယခင္က အခြန္ေဆာင္လိုက္ေသာ္လည္း ႏိုင္ငံေတာ္က ဘာတစ္ခုမွလုပ္မေပးလို႔ မေဆာင္ၾကတာျဖစ္ပါတယ္လို႔ ဦးဇင္ဝိုင္း ေျပာ


ယခင္က အခြန္ေဆာင္လိုက္ေသာ္လည္း ႏိုင္ငံေတာ္က က်န္းမာေရး၊ စီးပြားေရး၊ ပညာေရး၊ လူမႈေရး ဘာတစ္ခုမွလုပ္မေပးလို႔ မေဆာင္ၾကတာျဖစ္ပါတယ္လို႔ ဦးဇင္ဝိုင္း ေျပာ
-ရႈိင္း
ျပည္သူေတြတင္ေျမာက္လိုက္တဲ့ အရပ္သားအစိုးရတက္ေရာက္လာျပီးျဖစ္တဲ့အတြက္ ေျပာင္းလဲျပဳ
ျပင္မူမ်ားစြာေဖာ္ေဆာင္ေနသလို ျပည္သူေတြအေနနဲ႔လည္း ႏိုင္ငံသားတိုင္းရဲ႕အနိမ့္ဆံုးတာဝန္တစ္ခုအေနနဲ႕အခြန္ေဆာင္ရမယ့္
တာဝန္ရွိပါတယ္လို႔ေျပာတဲ့ အကယ္ဒမီဇင္ဝိုင္းက အကုန္သိသတင္းဌာနကိုအခုလိုေျပာပါတယ္။
'' ႏိုင္ငံသားတစ္ေယာက္ရဲ႕အနိမ့္ဆံုးတာဝန္က အခြန္ေဆာင္ျခင္းပါ။ ဝင္ေငြရွိရင္ ဝင္ေငြခြန္ေဆာင္ရမွာပဲ။ အႏုပညာရွင္ေတြမွမဟုတ္ဘူး။
ဘယ္သူမဆို အခြန္ေဆာင္ရမယ့္တာဝန္ရွိပါတယ္။ ကြ်န္ေတာ္အေနနဲ႕အခြန္ေဆာင္တယ္ဆိုတာ မိမိရတဲ့ဝင္ေငြ ရေငြကို
ႏိုင္ငံေတာ္ရဲ႕ခ်မွတ္ထားတဲ့အခြန္ဥပေဒအရအခြန္ေဆာင္ၾကရပါတယ္။ အခြန္ဆိုတာလည္း
ႏိုင္ငံေတာ္ဖြံ႕ျဖိဳးတိုးတက္ဖုိ႕အတြက္ တုိင္းသူျပည္သားေတြအတြက္ကို ႏုိင္ငံေတာ္ကျပန္သံုးတာပါပဲ။
အခြန္မရွိဘူးဆိုရင္တိုင္းျပည္ကတည္ေဆာက္လို႕မရဘူး။ အခုကြ်န္ေတာ္တို႕ေျမာက္ထားတဲ့
အစိုးရလက္ထက္ ေရာက္ပါျပီ။ မိမိတုိ႔ ထိုက္သင့္သလိုအခြန္ေဆာင္ၾကပါလို႕ေျပာခ်င္ပါတယ္'' လို႕ သရုပ္
ေဆာင္ဇင္ဝိုင္းကေျပာလာပါတယ္။
သုိ႔ေသာ္ ယခင္က အခြန္ႏွင့္ပတ္သက္ၿပီးကၽြန္ေတာ္အပါအ၀င္ ျပည္သူလူထု၏ အျမင္မွာ အခြန္ေပးေဆာင္ခဲ့ရေသာ္လည္း ထုိက္သင့္ေသာ က်န္းမာေရး၊
စီးပြားေရး၊ ပညာေရး၊ လူမႈေရးမ်ားႏွွင့္ပတ္သက္၍ ႏုိင္ငံေတာ္က ျပန္လည္လုပ္ေဆာင္ေပးျခင္းမရွိဘဲ မိမိတုိ႔ကသာ ေပးေနရၿပီး ဘာတစ္ခုမွ ျပန္မရသလို ခံစားေနရသည့္အတြက္ ျပည္သူမ်ားက အခြန္မေဆာင္ပဲေနျခင္သည့္ သေဘာရွိေန
သည္ဟုလည္း ဦးဇင္၀ုိင္းက ေျပာပါတယ္။
“ကၽြန္ေတာ္တို႔လည္းႏွစ္တိုင္းေဆာင္ပါတယ္။ ဒီႏွစ္အတြက္ကဝင္ေငြခြန္တင္သြင္းထားတုန္းဘဲရွိပါတယ္။ အခြန္ရဲ႕ဥပေဒအရ တစ္ႏွစ္တာအတြက္ မတ္လ ၃၁ ရက္မွာအခြန္ ဘယ္ေလာက္ႀကမလည္းေၾကညာပါတယ္။ ဒီႏွစ္အတြက္ဝင္ေငြခြန္ေၾကညာရင္တင္သြင္းရပါတယ္။

ဘယ္ေလာက္တင္သြင္းေပးရတယ္ဆိုတဲ့ေမးခြန္းက
ကိုယ္ေရးကိုယ္တာအပိုင္းျဖစ္တဲ့အတြက္မေျဖေတာ့ဘူး။ ကြ်န္ေတာ္ေကာကြ်န္ေတာ္သားပါသရုပ္
ေဆာင္ျဖစ္ျပီးကတည္းက ယေန႕ခ်ိန္ထိ အခြန္ေဆာင္ပါတယ္”လို႔ ထပ္မံေျပာၾကားလာပါတယ္။
AKonThi
====
 Unicode
ယခင်က အခွန်ဆောင်လိုက်သော်လည်း နိုင်ငံတော်က ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘာတစ်ခုမှလုပ်မပေးလို့ မဆောင်ကြတာဖြစ်ပါတယ်လို့ ဦးဇင်ဝိုင်း ပြော
-ရှိုင်း-
ပြည်သူတွေတင်မြောက်လိုက်တဲ့ အရပ်သားအစိုးရတက်ရောက်လာပြီးဖြစ်တဲ့အတွက် ပြောင်းလဲပြု
ပြင်မူများစွာဖော်ဆောင်နေသလို ပြည်သူတွေအနေနဲ့လည်း နိုင်ငံသားတိုင်းရဲ့အနိမ့်ဆုံးတာဝန်တစ်ခုအနေနဲ့အခွန်ဆောင်ရမယ့်
တာဝန်ရှိပါတယ်လို့ပြောတဲ့ အကယ်ဒမီဇင်ဝိုင်းက အကုန်သိသတင်းဌာနကိုအခုလိုပြောပါတယ်။
'' နိုင်ငံသားတစ်ယောက်ရဲ့အနိမ့်ဆုံးတာဝန်က အခွန်ဆောင်ခြင်းပါ။ ဝင်ငွေရှိရင် ဝင်ငွေခွန်ဆောင်ရမှာပဲ။ အနုပညာရှင်တွေမှမဟုတ်ဘူး။
ဘယ်သူမဆို အခွန်ဆောင်ရမယ့်တာဝန်ရှိပါတယ်။ ကျွန်တော်အနေနဲ့အခွန်ဆောင်တယ်ဆိုတာ မိမိရတဲ့ဝင်ငွေ ရငွေကို
နိုင်ငံတော်ရဲ့ချမှတ်ထားတဲ့အခွန်ဥပဒေအရအခွန်ဆောင်ကြရပါတယ်။ အခွန်ဆိုတာလည်း
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းသူပြည်သားတွေအတွက်ကို နိုင်ငံတော်ကပြန်သုံးတာပါပဲ။
အခွန်မရှိဘူးဆိုရင်တိုင်းပြည်ကတည်ဆောက်လို့မရဘူး။ အခုကျွန်တော်တို့မြောက်ထားတဲ့
အစိုးရလက်ထက် ရောက်ပါပြီ။ မိမိတို့ ထိုက်သင့်သလိုအခွန်ဆောင်ကြပါလို့ပြောချင်ပါတယ်'' လို့ သရုပ်
ဆောင်ဇင်ဝိုင်းကပြောလာပါတယ်။
သို့သော် ယခင်က အခွန်နှင့်ပတ်သက်ပြီးကျွန်တော်အပါအဝင် ပြည်သူလူထု၏ အမြင်မှာ အခွန်ပေးဆောင်ခဲ့ရသော်လည်း ထိုက်သင့်သော ကျန်းမာရေး၊
စီးပွားရေး၊ ပညာရေး၊ လူမှုရေးများနှှင့်ပတ်သက်၍ နိုင်ငံတော်က ပြန်လည်လုပ်ဆောင်ပေးခြင်းမရှိဘဲ မိမိတို့ကသာ ပေးနေရပြီး ဘာတစ်ခုမှ ပြန်မရသလို ခံစားနေရသည့်အတွက် ပြည်သူများက အခွန်မဆောင်ပဲနေခြင်သည့် သဘောရှိနေ
သည်ဟုလည်း ဦးဇင်ဝိုင်းက ပြောပါတယ်။
“ကျွန်တော်တို့လည်းနှစ်တိုင်းဆောင်ပါတယ်။ ဒီနှစ်အတွက်ကဝင်ငွေခွန်တင်သွင်းထားတုန်းဘဲရှိပါတယ်။ အခွန်ရဲ့ဥပဒေအရ တစ်နှစ်တာအတွက် မတ်လ ၃၁ ရက်မှာအခွန် ဘယ်လောက်ကြမလည်းကြေညာပါတယ်။ ဒီနှစ်အတွက်ဝင်ငွေခွန်ကြေညာရင်တင်သွင်းရပါတယ်။

ဘယ်လောက်တင်သွင်းပေးရတယ်ဆိုတဲ့မေးခွန်းက
ကိုယ်ရေးကိုယ်တာအပိုင်းဖြစ်တဲ့အတွက်မဖြေတော့ဘူး။ ကျွန်တော်ကောကျွန်တော်သားပါသရုပ်
ဆောင်ဖြစ်ပြီးကတည်းက ယနေ့ချိန်ထိ အခွန်ဆောင်ပါတယ်”လို့ ထပ်မံပြောကြားလာပါတယ်။
AKonThi

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...