ေရႊေတြ ေငြေတြ ခ်မ္းသာစရာမလိုဘူး စိတ္ခ်မ္းသာရင္ ရၿပီ ဆိုရင္ေတာ့ ႏွိပ္ၾကည့္စရာမလိုပါ။

ခုရက္ပိုင္း လူငယ္ စြန္းဦးတီထြင္စီးပြားေရးပညာရွင္ တစ္ေယာက္ျဖစ္တဲ့ Ameer Rosic ရဲ့ အေျပာေတြကို သေဘာေတြ ့မေနာေခြ ့ျဖစ္ေနတယ္။

သူရဲ့ ဘ၀ေအာင္ျမင္ေရးအတြက္ အေရးၾကီးတဲ့ ေျခလွမ္းေတြ ဘယ္လိုလွမ္းရမယ္ဆိုတာ ကြ်န္ေတာ္ ဘာသာျပန္ထားတယ္။ခံစားၾကည့္ရေအာင္ပါ…

” ခင္ဗ်ားတို ့ကို ဘ၀ ေအာင္ျမင္ေရးနဲ ့စပ္လ်ဥ္းတဲ့ ေဖာ္ျမဴလာတစ္ခ်ိဳ ့ကို က်ဳပ္ေျပာျပခ်င္တယ္။ ဘ၀မွာ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ အေကာင္အထည္ေဖာ္ဖို ့ရာ ေငြရွိဖို ့လိုပါတယ္။

မင္းဘယ္လိုရွာမလဲ ဘယ္ေလာက္ထိလိုခ်င္သလဲ? မင္း ဘဏ္ အေကာင့္ထဲမွာ ဘယ္ေလာက္ထိ ၀င္ေနသလဲ မင္းစိတ္ကူးၾကည့္စမ္း။ မင္းရဲ့ အခ်ိန္ေတြ ခြန္အားနဲ ့ဦးေႏွာက္အရင္အႏွီးေတြအားလံုး ဒီလုပ္ငန္းအတြက္ ဘယ္ေလာက္ထိ ေပးဆပ္ခ်င္သလည္း ငါ့ကို ေျပာစမ္း။ မလိမ္ပါနဲ ့။

မင္းလည္း မင္းကိုယ့္ကိုယ္ကိုယ္ ေျပာဖူးပါလိမ့္မယ္။ ငါအရမ္းခ်မ္းသာခ်င္တယ္ ဒါမွ ငါ့မိသားစု အတြက္ ငါေက်းဇူးျပဳႏိုင္မယ္။ ငါ့ပတ္၀န္းက်င္အတြက္ ငါလုပ္ေပးႏိုင္တာလုပ္ေပးလို ့ရမယ္။ စသည္ျဖင့္ေပါ့။

ေကာင္းပါျပီ။

ပထမ အဆင့္အေနနဲ ့ဘ၀ ေအာင္ျမင္ဖို ့အတြက္အေရးအၾကီးဆံုးကေတာ့
ေနာက္ကလိုက္ဆိုၾကည့္…

step (1) Wake the fuck up(မင္းကိုယ္မင္း အရင္ႏိုးထလိုက္ပါ။)
ဘယ္သူကမွ ေရာ့အင့္ ပိုက္ဆံ တစ္ဘီလ်ံ ေရာ့အင့္ လုပ္ငန္းၾကီးတစ္ခု၊ ေရာဒီမွာ ခ်မ္းသာဖို ့ေဆးတစ္ခြက္ဆိုျပီးေတာ့ မင္းကို အဆင္သင့္ လာေပးမယ္ေတာ့ မေအာင့္ေမ့လိုက္နဲ ့။

ဘယ္သူကမွလည္း မင္းကိုယ္လံုးေလးလွေအာင္ေရာ့အင့္၊ မင္းလူေတြနဲ ့ဆက္ဆံရင္ အဆင္ေျပေစဆိုျပီး ေရာ့အင့္ဆိုျပီး လာေပးမွာေတာ့မဟုတ္ဘူး။

ဒါေတြအားလံုး မင္းလိုခ်င္ရင္ မင္းကိုယ္တိုင္ ဖန္တီးရလိမ့္မယ္။ မင္းအရင္ဆံုး ေျခလွမ္းေတြ လွမ္းရလိမ့္မယ္။

မင္အလုပ္တစ္ခုလုပ္ေနမယ္ မင္းမၾကိဳက္ဘူး မင္းထြက္လိုက္။ မင္းအလုပ္တစ္ခုလုပ္ေနမယ္ မင္းဘယ္လိုမွ ဆက္လုပ္ခ်င္စိတ္မရွိေတာ့ဘူး နားလိုက္ေတာ့။ တစ္ခ်ိဳ ့လူေတြမင္းအေပၚ မေကာင္းၾကဘူး ဘာအားနာေနမလဲ လွစ္ေပါ့။ သြားခြင့္ေပးလိုက္ေတာ့။

မၾကိဳက္ဘူးမလား ထြက္သြားလိုက္ ထြက္ ထြက္ ထြက္ ထြက္…
ဘယ္သူကမွ မင္းကို အတင္းကာေရာ ဆြဲမထားဘူးကြ။

တစ္ရက္တစ္ရက္ အဆင္မေျပတာေတြ ျငီးတြားေနတာေတြ၊ ျငီးျငဴေနတာေတြ စိတ္ပ်က္စရာ စကားလံုးေတြေျပာေနတာေတြ အားလံုး ရပ္ထားလိုက္ေတာ့။

မင္းကိုယ္တိုင္ကလြဲလို ့ဘယ္သူကမွ မင္းကို အမွန္တကယ္ မေျပာင္းႏိုင္ဘူးဆိုတာ နားလည္ထားလိုက္ေဟ့။

step (2) Invest in yourself(မင္းကိုယ္တိုင္ ကိုယ့္ကိုယ္ကိုယ္ ရင္ႏွီးျမွဳပ္ႏွံပါ)

အဟမ္း ငါေျပာခ်င္တာက မင္းဘာနဲ ့ဘြဲ ့ရရ ဘယ္ေက်ာင္းကပဲ ေအာင္ေအာင္ ငါလံုး၀ ဂရုမစိုက္ဘူး။ အားလံုး ခုခ်ိန္ကစလို ့ေခါက္ထားလိုက္ေတာ့။

ငါလုပ္ေစခ်င္တာေတြက
# မင္း တစ္ေန ့စာအုပ္တစ္အုပ္ျပီးေအာင္ဖတ္
# Workshop ဆိုတဲ့ ပညာရွင္ေတြ ရွင္းျပတဲ့ ဦးေဆာင္တဲ့ ေဟာေျပာပြဲ သင္တန္းတိုေတြတက္
# မင္းကို အေကာင္းဆံုးသင္ေပးမည့္ လမ္းညႊန္သူ နည္းျပေကာင္းေကာင္းတစ္ေယာက္ရွာ
# စာအုပ္ထဲက အေၾကာင္းအရာေတြကို လက္ေတြ ့သင္ေပးမယ့္ ပညာရွင္ေတြဆီသြားေစခ်င္တာ။

ဒါေတြကို မင္းတကယ္ လုပ္ခ်င္ျပီဆိုရင္ေတာ့ မင္းကို ဘယ္အရာကမွ တားဆီးႏိုင္မွာ မဟုတ္ေတာ့ဘူး။

မင္းကိုယ့္ကိုယ္ ေမးခြန္းတစ္ခြန္းေမးၾကည့္
ေနာက္ဆံုးဘယ္တုန္းက အက်ိဳးရွိတဲ့ စာအုပ္တစ္အုပ္လွန္လိုက္သလဲလို ။့

ဒီမွာ ေျပာမယ္။ ေလ့လာခ်က္ေတြအရ တကၠသိုလ္တစ္ခုခုက ေအာင္လာတဲ့ လူေတြရဲ့ ၇၀% က စာအုပ္ေတြ မဖတ္ၾကေတာ့ဘူးတဲ့ဗ်ာ။ ဘယ္ေလာက္စိတ္ပ်က္ဖို ့ေကာင္းလိုက္သလဲ။

# မင္းရဲ့ စိတ္ဓာတ္ေတြ ျမွင့္တင္လိုက္
# မင္းရဲ့ ယံုၾကည့္ခ်က္ေတြကို ျပဳျပင္လိုက္
# မင္းရဲ့ သံေခ်းတက္ေနတဲ့ ဦးေႏွာက္ကို ေဆးေၾကာလိုက္စမ္းပါ
# မင္းရဲ့ ဒိတ္ေအာက္ေနတဲ ေရွးေဟာင္း အေတြးအေခၚေတြကို ေခါက္ထားလိုက္ေတာ့ကြာ

ငါကေတာ့ ငါကို အၾကံလာေတာင္းတဲ့ ကုမၸဏီေတြ လူငယ္အဖြဲ ့ေတြကို
ေျပာေလ့ရွိတယ္။ မင္းတို ့တစ္ေတြ Workshop ေလးေတြလုပ္ၾကပါ။
အနညး္ဆံုး တစ္လ တစ္ခါေတာ့လုပ္ပါေပါ့။ မင္းရဲ့ ေခါင္းထဲကအသိေတြကို အဆင့္ျမွင့္ဖို ့လိုတယ္။ ဘာမွာ ဆင္ေျခဆင္လက္ေတြ လာေပးမေနနဲ ့ေတာ့ဟုတ္ျပီလား။

မင္းကိုယ္မင္းခု အေမရိကန္မွာသေဘာထား
မနက္ဖန္ မင္းတရုတ္ျပည္သူ ့သမၼတႏိုင္ငံေရာက္ျပီ
ကယ္ေနာက္ေန ့အဂၤလန္ သဘက္ခါ ၾသဇီသြားတယ္ဆိုပါေတာ့ကြာ။
ဘာေတြ မင္းေတြ ့မလဲ
တစ္ႏိုင္ငံနဲ ့တစ္ႏိုင္ငံၾကားမွာ မတူညီတဲ့ အေတြးအေခၚ၊ မတူညီတဲ့ စီးပြားေရးလုပ္ေဆာင္ခ်က္ေတြ အမ်ားၾကီးမွ အမ်ားၾကီး မင္းေလ့လာႏိုင္တယ္ေလ။

မင္းကိုယ့္ေခါင္းထဲမွာ ကိုယ္တိုင္ရင္းႏွီးျမွုပ္ႏွံထားတာေတြဟာ ဘယ္ေနရာမဆို မင္းယူသြားလို ့ ရျပီေလ။

ကမၻာေက်ာ္သန္းၾကြယ္သူေဌးၾကီး ေ၀ါရန္ ့ဘူဖတ္ တစ္ခါကေျပာဖူးတယ္။
သူ ့တစ္သက္နဲ ့တစ္ကိုယ္ သူ ့ဘ၀မွာ အမွန္ဆံုးနဲ ့အေကာင္းဆံုး ရင္ႏွီးျမွဳပ္ႏွံမွဳဟာ ဘာလည္းဆိုေတာ့ သူအင္တာဗ်ဴး တစ္ခုမွာေျပာခဲ့ဖူးတယ္။

သူဟာ ေဒၚလာ ၅၀၀တန္တဲ့ ေဒးလ္ကာနဂ်ီရဲ့ သင္တန္းကို တက္ျပီး ရင္းႏွီးျမွဳပ္ႏွံလိုက္တာခုေတာ့ သူဟာ ဘီလ်ံနာျဖစ္ေနျပီ။

ကဲ ဘယ္ေလာက္ ေလးစားအံ့ၾသဖို ့ေကာင္းလိုက္သလဲ။ မင္းကိုယ့္ကိုယ္ကိုယ္ ရင္းႏွီးျမွဳပ္ႏွံ ဖို ့မသတီဘူးလား မင္းေသာက္ရမ္းမေတာ္လာခ်င္ဘူးလား။

ေအး… မင္းတစ္ခုေတာ့ သိထားရမယ္။ မင္းစာအုပ္ေတြဖတ္ အရည္က်ိဳေသာက္ေနရံုနဲ ့ေတာ့ဘာမွ ျဖစ္လာမွာေတာ့မဟုတ္ဘူး။ မင္းဖတ္ရမယ္၊ သင္ၾကားရမယ္၊ လက္ေတြ ့ဘ၀မွာ မင္းအသံုးခ်ရမယ္ကြ။ ဒီမယ္ မင္း အူတူတူ အတတေတာ့ လုပ္မေနနဲ ့ေတာ့။ မင္းလူတိုင္းထက္ ပိုေတာ္ရမယ္ ထက္ျမက္ေအာင္လုပ္ရမယ္။

မင္းပတ္၀န္းက်င္ ေလာက ကမၻာၾကီးထဲကို နည္းနည္းေလး ေလ့လာၾကည့္လိုက္။ ေခါင္းေဆာင္ၾကီးေတြ ဘီလ်ံနာၾကီးေတြ သူတို ့ဘာေတြထူးျခားေနလည္း။ အေျဖကရွင္းရွင္းေလး မင္းတို ့ငါတို ့ထက္သူတို ပိုျပီး Smart ျဖစ္တယ္ ပို္ၾကိဳးစားတယ္ေလ။ မင္းတို ့ငါတို ့မသိေသးတာေတြ သူတို ့အမ်ားၾကီးသိတယ္ကြ။ ဒါဟာဘာကိုျပသလည္းဆိုရင္ ငါတို ့ၾကိဳးစားရမယ္ အမ်ားၾကီးေလ့လာရမယ္။ ကိုယ့္ဖာသာကိုယ္ ရင္ႏွီးျမွဳပ္ႏွံတာေတြ လုပ္ၾကရလိမ့္မယ္။ ေန ့တိုင္းေန ့တိုင္း ေနာက္ေန ့ေတြ မရွိသကဲ့သို ့အေကာင္းဆံုးမင္းၾကိဳးစားရမယ္ကြ။

step (3) Friends (မိတ္ေဆြ အေပါင္းအသင္းေတြ)
မင္းခု ဘယ္လိုလူေတြနဲ ့မိတ္ေဆြလုပ္ထားလည္း မင္းရဲ့ သူငယ္ခ်င္းေတြ ငါ့ကို ျပစမ္း မင္းရဲ့ ျဖစ္လာမယ့္ အနာဂတ္ပံုရိပ္ကို ငါမင္းကိုေျပာျပလိုက္မယ္။ မင္းရဲ့သူငယ္ခ်င္းဟာ ခ်ီးထုတ္ေတြ၊ အသံုးမက်တဲ့ေကာင္ေတြ ၊ျငီးတြားျပီး ဆင္ေျခေတြ ေပးေနတဲ့ ေကာင္ေတြဆိုရင္မင္းေတာ့သြားျပီမွတ္။ မင္းလည္း ခ်ီးထုတ္ေကာင္ ျငီးတြားတဲ့ေကာင္ ၊ဆင္ေျခဆင္လက္ေတြ ေလာက္ပဲ ေပးဖို ့ေလာက္ပဲသိတဲ့ေကာင္ျဖစ္လာမွာပဲ။

မင္း မိတ္ေဆြေတြဟာ တစ္ႏွစ္ကို ကန္ေဒၚလာ ငါးေသာင္းထိ ရွာႏိုင္ရင္ ဘာျဖစ္မယ္ထင္လည္း မင္းလည္း အဲ့ဒီေလာက္ ရွာႏိုင္လာမွာပဲကြ။ ဒီေတာ့ ငါေျပာခ်င္တာက မင္းရဲ့ အေပါင္းအသင္းဆိုတဲ့ အ၀န္းအ၀ိုင္းကို မင္းအဆင့္ျမွင့္တင္ရလိမ့္မယ္။

ဂြ်န္စတီဗင္နဲ ့ငါတို ့ေျပာခဲ့ဖူးတယ္။ မင္းအေပါင္းအသင္း မိတ္ေဆြေတြကို ABC အုပ္စုခြဲျပီး ျမင္ၾကည့္လိုက္ပါ။ မင္းသိထားရမွာက မင္းအခ်ိန္ဟာ သိပ္တန္ဖိုးရွိတယ္ မင္းရဲ့ စြမ္းအင္ေတြဟာ တန္ဖိုးရွိတယ္။ ဒီေတာ ့မင္းကို အေရမရ အဖတ္မရလာေျပာတဲ့ လူေတြနဲ ့မင္း မခ်ိန္ျဖဳန္းခ်င္ေသးလား။ ဘယ္ဟုတ္ပါ့မလည္းကြာ။ မင္းဘ၀ကို ျမွင့္တင္ေပးမယ့္ A အဆင့္ မိတ္ေဆြေတြနဲ ့ပဲမင္းအခ်ိန္ကုန္ခံေတာ့မွာေပါ့။

ဘာျဖစ္လို႔လည္းဆိုရင္ေတာ့ ငါဟာ အဲ့ဒီလူေတြရဲ့ အရည္အခ်င္းေတြကို အတုယူခ်င္တယ္။ သူတို ့ရဲ့လုပ္ပံုကိုင္ပံုေတြကို ငါေလ့လာခ်င္တယ္။ သူတို ့ေျပာတဲ့ ဗဟုသုတေတြကို ရွာေဖြဆည္းပူးခ်င္တယ္ေလ။ သူတို ့ရဲ့ အဆင့္အတန္းေရာက္ေအာင္ငါၾကိဳးစားခ်င္တယ္။ ဒီလိုပဲ ျဖစ္ရမွာေပါ့။

သိပၸံနည္းက်ေလ့လာမွုတစ္ခုအရဆိုရင္ မင္းရဲ့သူငယ္ခ်င္းအေပါင္းအသင္းမိတ္ေဆြေတြကို ေပါင္းလိုက္ ဘယ္ေလာက္ထိ အရည္အေသြးရွိသလည္း ဆင္ျခင္လိုက္။ ေျပာခ်င္တာက မင္းရဲ့ သူငယ္ခ်င္းေလာက္ပဲမဟုတ္ဘူးေနာ္။ မင္းေဘးမွာ ၀န္းရံထားတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ မင္းရဲ့ မိသားစု၀င္ေတြ အားလံုး အားလံုး မင္းဟာ ဘယ္လိုလူမ်ိဳးျဖစ္လာမလည္းဆိုတာကို သူတို ့ေတြဟာ သြယ္၀ိုက္ျပီးကိုယ္စားျပဳေနၾကတာပဲေလ။ ဒါေၾကာင့္ မင္းကို ဖ်က္လိုဖ်က္ဆီးလုပ္မယ့္သူေတြကို မင္းဆီကေန ထြက္ခြာခြင့္ေပးလိုက္။ မိတ္ေဆြေကာင္းေတြ မ်ားမ်ားရွာ။ ဟုတ္ျပီလား။

မင္းကိုယ္မင္းဘယ္ အတိုင္းအတာအထိ သြားမလည္းေပၚမူတည္ျပီး မင္းရဲ့ Frequency ဆိုတဲ့ ေပါက္ေရာက္ႏိုင္မယ့္ လိုင္းထဲေရာက္ေအာင္ မင္းညွိယူရလိမ့္မယ္။ မင္းခပ္နိမ့္နိမ္ လိုင္းထဲမွာေနရင္ မင္းဟာ ခပ္ညံ့ညံ့ အတန္းအစားကေန တက္လာမွာကိုမဟုတ္ဘူးကြ။ မင္းကိုယ့္ကိုယ္ အျမင့္ဆံုးထိတြန္းတင္ရလိမ့္မယ္။

step (4) Hunger
(မင္းဟာ အျမဲတမ္း တြန္းအားေတြျပည့္ေနရမယ္ အမွန္တကယ္ ဘ၀တိုးတက္မွဳကို အျမဲဆာေလာင္ေနဖို ့လိုမယ္။)

တစ္ရက္ တစ္ရက္ မင္းဘ၀တိုးတက္ဖို ့မင္းဘယ္ေလာက္ထိ ရင္ႏွီးမလဲ။ မင္းတိုးတက္ဖို ့မင္း ဘာေတြ ေလ့လာမယ္ ဘာေတြသင္ယူမလဲ။ ငါဆိုခ်င္တာကေတာ့ မင္းကိုယ့္ကိုယ္ကို ဘယ္ေတာ့မွမလိမ္နဲ ့။ မင္းရဲ့ တိုးတက္ျခင္းကို ဆာေလာင္မွဳဟာ အျမဲရွိေနရမယ္။ ေအး ဟုတ္ျပီ ဒါဆိုရင္ မင္းစူပါမင္းလို အားေတြ အျမဲရွိေနလိမ့္မယ္။ မင္းကိုယ္မင္း စူပါမင္းလို ့စိတ္ထဲ ညႊတ္ယူၾကည့္စမ္း မင္းစူပါမင္းလို အားေတြရွိလာမယ္။ မင္းကိုယ္မင္း လက္ေ၀ွ ့အေက်ာ္အေမာ္ မိုက္တိုင္ဆန္လို ျမင္ၾကည့္လိုက္စမ္း ဘယ္ျပိဳင္ဖက္မ်ိဳးမဆို မင္းထိုးသတ္ဖို ့၀န္မေလးေတာ့ဘူး။

ေနာက္ဆံုးအဆင့္ Step (5) Adaptable သို ့မဟုတ္ Antifragile ( မင္းဘယ္ေလာက္ခံႏိုင္ရည္ရွိမလည္းဆိုတာပဲ)

မင္းဘ၀မွ ဘယ္လိုစိန္ေခၚမွဳမ်ိဳးကိုမွ မင္းတုန္လွဳပ္မေနနဲ ့။ အသစ္အဆန္းတစ္ခုလုပ္မလား လုပ္လိုက္။ ပညာရပ္တစ္ခု လက္မွဳအတတ္ျဖစ္ျဖစ္ သစ္ဖို ့လိုအပ္မလား သင္လိုက္စမ္း။ မင္း ရဲ့ လုပ္ငန္း ၾကီးက်ယ္ဖို ့ပိုက္ဆံလိုက္ေခ်းဖို ့လိုမလား မင္းလိုက္ေခ်းလိုက္။ မင္းလုပ္ငန္းတိုးတက္ဖို ့တစ္ျမိဳ ့လံုးပတ္ျပီး အလုပ္လုပ္ဖို ့လိုအပ္မလား လုပ္လိုက္စမ္း။ ကမၻာ့သမိုငး္ထဲက ပံုျပင္ေတြ မင္းေတြ ့့မယ္ အလက္ဇန္းဒါး ဘုရင္တို ့ ဂ်ိမ္းမက္ကမ္းတို ့လို မင္းကမၻာၾကီးကို ကိုင္လွဳပ္ႏိုင္မလား။ ဘယ္လုပ္ႏိုင္ပါ့မလည္းကြာ။ သူတို ့နဲ ့မင္းတို ့ငါတို ့မတူညီတဲ့ အခ်က္ဟာ ခံႏိုင္ရည္ ဘယ္ေလာက္ရွိသလဲဆိုတာ မွာကြားျခားသြားတာပဲ။

အဲ့လိုလူမ်ိဳးေတြက စိန္ေခၚမွဳတစ္ခုခုေၾကာင့္ ဘယ္ယိမ္းမလား ရတယ္ ညာယိမ္းမလားရတဲ့လူမ်ိဳးေတြၾကီးပဲ ဆိုတာသိထားလိုက္။ မင္းဟာ ေရ လိုက်င့္ရမယ္။ ေရဟာ ဘယ္လို ေနရာျဖစ္ျဖစ္ လိုအပ္သလို ပံုသြင္းလို ့ရတယ္။ ခံႏိုင္ရည္ရွိေနတယ္ေလ။ မင္းခံႏိုင္ရည္ရွိျပီလား ဆိုတာ ကိုယ့္ကိုယ္ ျပန္ေမးၾကည့္လိုက္။ ေအး မရွိေသးဘူးဆိုရင္ေတာ့ မင္းခုထိ အိပ္ပုပ္ၾကီးေနေသးလို ့ပဲ။

ကဲ ငါေျပာခ်င္တာ ဒါပဲ။ မင္းဒါေတြကို ဘယ္လို ကိုင္တြယ္ မလဲဆိုတာမူတည္ျပီး မင္းဘ၀ ဘယ္ေလာက္ထိ ေျပာင္းလဲ သြားမယ္ တိုးတက္သြားမလဲဆိုတာ မင္းသိလာလိမ့္မယ္။

အခ်ိန္ကာလ၏ တိုက္စားျခင္းမွ ကင္းေသာ ေမတၱာအနႏၱျဖင့္

Translate -ၾဆာသိန္း
from - Thein Htet Soe
=============

ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ ့မနောခွေ ့ဖြစ်နေတယ်။

သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။ခံစားကြည့်ရအောင်ပါ…

” ခင်ဗျားတို ့ကို ဘဝ အောင်မြင်ရေးနဲ ့စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို ့ကို ကျုပ်ပြောပြချင်တယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို ့ရာ ငွေရှိဖို ့လိုပါတယ်။

မင်းဘယ်လိုရှာမလဲ ဘယ်လောက်ထိလိုချင်သလဲ? မင်း ဘဏ် အကောင့်ထဲမှာ ဘယ်လောက်ထိ ဝင်နေသလဲ မင်းစိတ်ကူးကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ ့ဦးနှောက်အရင်အနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ ့။

မင်းလည်း မင်းကိုယ့်ကိုယ်ကိုယ် ပြောဖူးပါလိမ့်မယ်။ ငါအရမ်းချမ်းသာချင်တယ် ဒါမှ ငါ့မိသားစု အတွက် ငါကျေးဇူးပြုနိုင်မယ်။ ငါ့ပတ်ဝန်းကျင်အတွက် ငါလုပ်ပေးနိုင်တာလုပ်ပေးလို ့ရမယ်။ စသည်ဖြင့်ပေါ့။

ကောင်းပါပြီ။

ပထမ အဆင့်အနေနဲ ့ဘဝ အောင်မြင်ဖို ့အတွက်အရေးအကြီးဆုံးကတော့
နောက်ကလိုက်ဆိုကြည့်…

step (1) Wake the fuck up(မင်းကိုယ်မင်း အရင်နိုးထလိုက်ပါ။)
ဘယ်သူကမှ ရော့အင့် ပိုက်ဆံ တစ်ဘီလျံ ရော့အင့် လုပ်ငန်းကြီးတစ်ခု၊ ရောဒီမှာ ချမ်းသာဖို ့ဆေးတစ်ခွက်ဆိုပြီးတော့ မင်းကို အဆင်သင့် လာပေးမယ်တော့ မအောင့်မေ့လိုက်နဲ ့။

ဘယ်သူကမှလည်း မင်းကိုယ်လုံးလေးလှအောင်ရော့အင့်၊ မင်းလူတွေနဲ ့ဆက်ဆံရင် အဆင်ပြေစေဆိုပြီး ရော့အင့်ဆိုပြီး လာပေးမှာတော့မဟုတ်ဘူး။

ဒါတွေအားလုံး မင်းလိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးရလိမ့်မယ်။ မင်းအရင်ဆုံး ခြေလှမ်းတွေ လှမ်းရလိမ့်မယ်။

မင်အလုပ်တစ်ခုလုပ်နေမယ် မင်းမကြိုက်ဘူး မင်းထွက်လိုက်။ မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းဘယ်လိုမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး နားလိုက်တော့။ တစ်ချို ့လူတွေမင်းအပေါ် မကောင်းကြဘူး ဘာအားနာနေမလဲ လှစ်ပေါ့။ သွားခွင့်ပေးလိုက်တော့။

မကြိုက်ဘူးမလား ထွက်သွားလိုက် ထွက် ထွက် ထွက် ထွက်…
ဘယ်သူကမှ မင်းကို အတင်းကာရော ဆွဲမထားဘူးကွ။

တစ်ရက်တစ်ရက် အဆင်မပြေတာတွေ ငြီးတွားနေတာတွေ၊ ငြီးငြူနေတာတွေ စိတ်ပျက်စရာ စကားလုံးတွေပြောနေတာတွေ အားလုံး ရပ်ထားလိုက်တော့။

မင်းကိုယ်တိုင်ကလွဲလို ့ဘယ်သူကမှ မင်းကို အမှန်တကယ် မပြောင်းနိုင်ဘူးဆိုတာ နားလည်ထားလိုက်ဟေ့။

step (2) Invest in yourself(မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ရင်နှီးမြှုပ်နှံပါ)

အဟမ်း ငါပြောချင်တာက မင်းဘာနဲ ့ဘွဲ ့ရရ ဘယ်ကျောင်းကပဲ အောင်အောင် ငါလုံးဝ ဂရုမစိုက်ဘူး။ အားလုံး ခုချိန်ကစလို ့ခေါက်ထားလိုက်တော့။

ငါလုပ်စေချင်တာတွေက
# မင်း တစ်နေ ့စာအုပ်တစ်အုပ်ပြီးအောင်ဖတ်
# Workshop ဆိုတဲ့ ပညာရှင်တွေ ရှင်းပြတဲ့ ဦးဆောင်တဲ့ ဟောပြောပွဲ သင်တန်းတိုတွေတက်
# မင်းကို အကောင်းဆုံးသင်ပေးမည့် လမ်းညွှန်သူ နည်းပြကောင်းကောင်းတစ်ယောက်ရှာ
# စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ ့သင်ပေးမယ့် ပညာရှင်တွေဆီသွားစေချင်တာ။

ဒါတွေကို မင်းတကယ် လုပ်ချင်ပြီဆိုရင်တော့ မင်းကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။

မင်းကိုယ့်ကိုယ် မေးခွန်းတစ်ခွန်းမေးကြည့်
နောက်ဆုံးဘယ်တုန်းက အကျိုးရှိတဲ့ စာအုပ်တစ်အုပ်လှန်လိုက်သလဲလို ။့

ဒီမှာ ပြောမယ်။ လေ့လာချက်တွေအရ တက္ကသိုလ်တစ်ခုခုက အောင်လာတဲ့ လူတွေရဲ့ ၇၀% က စာအုပ်တွေ မဖတ်ကြတော့ဘူးတဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်ဖို ့ကောင်းလိုက်သလဲ။

# မင်းရဲ့ စိတ်ဓာတ်တွေ မြှင့်တင်လိုက်
# မင်းရဲ့ ယုံကြည့်ချက်တွေကို ပြုပြင်လိုက်
# မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဆေးကြောလိုက်စမ်းပါ
# မင်းရဲ့ ဒိတ်အောက်နေတဲ ရှေးဟောင်း အတွေးအခေါ်တွေကို ခေါက်ထားလိုက်တော့ကွာ

ငါကတော့ ငါကို အကြံလာတောင်းတဲ့ ကုမ္ပဏီတွေ လူငယ်အဖွဲ ့တွေကို
ပြောလေ့ရှိတယ်။ မင်းတို ့တစ်တွေ Workshop လေးတွေလုပ်ကြပါ။
အနညး်ဆုံး တစ်လ တစ်ခါတော့လုပ်ပါပေါ့။ မင်းရဲ့ ခေါင်းထဲကအသိတွေကို အဆင့်မြှင့်ဖို ့လိုတယ်။ ဘာမှာ ဆင်ခြေဆင်လက်တွေ လာပေးမနေနဲ ့တော့ဟုတ်ပြီလား။

မင်းကိုယ်မင်းခု အမေရိကန်မှာသဘောထား
မနက်ဖန် မင်းတရုတ်ပြည်သူ ့သမ္မတနိုင်ငံရောက်ပြီ
ကယ်နောက်နေ ့အင်္ဂလန် သဘက်ခါ သြဇီသွားတယ်ဆိုပါတော့ကွာ။
ဘာတွေ မင်းတွေ ့မလဲ
တစ်နိုင်ငံနဲ ့တစ်နိုင်ငံကြားမှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ အများကြီးမှ အများကြီး မင်းလေ့လာနိုင်တယ်လေ။

မင်းကိုယ့်ခေါင်းထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေဟာ ဘယ်နေရာမဆို မင်းယူသွားလို ့ ရပြီလေ။

ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဝေါရန် ့ဘူဖတ် တစ်ခါကပြောဖူးတယ်။
သူ ့တစ်သက်နဲ ့တစ်ကိုယ် သူ ့ဘဝမှာ အမှန်ဆုံးနဲ ့အကောင်းဆုံး ရင်နှီးမြှုပ်နှံမှုဟာ ဘာလည်းဆိုတော့ သူအင်တာဗျူး တစ်ခုမှာပြောခဲ့ဖူးတယ်။

သူဟာ ဒေါ်လာ ၅ဝဝတန်တဲ့ ဒေးလ်ကာနဂျီရဲ့ သင်တန်းကို တက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာခုတော့ သူဟာ ဘီလျံနာဖြစ်နေပြီ။

ကဲ ဘယ်လောက် လေးစားအံ့သြဖို ့ကောင်းလိုက်သလဲ။ မင်းကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ဖို ့မသတီဘူးလား မင်းသောက်ရမ်းမတော်လာချင်ဘူးလား။

အေး… မင်းတစ်ခုတော့ သိထားရမယ်။ မင်းစာအုပ်တွေဖတ် အရည်ကျိုသောက်နေရုံနဲ ့တော့ဘာမှ ဖြစ်လာမှာတော့မဟုတ်ဘူး။ မင်းဖတ်ရမယ်၊ သင်ကြားရမယ်၊ လက်တွေ ့ဘဝမှာ မင်းအသုံးချရမယ်ကွ။ ဒီမယ် မင်း အူတူတူ အတတတော့ လုပ်မနေနဲ ့တော့။ မင်းလူတိုင်းထက် ပိုတော်ရမယ် ထက်မြက်အောင်လုပ်ရမယ်။

မင်းပတ်ဝန်းကျင် လောက ကမ္ဘာကြီးထဲကို နည်းနည်းလေး လေ့လာကြည့်လိုက်။ ခေါင်းဆောင်ကြီးတွေ ဘီလျံနာကြီးတွေ သူတို ့ဘာတွေထူးခြားနေလည်း။ အဖြေကရှင်းရှင်းလေး မင်းတို ့ငါတို ့ထက်သူတို ပိုပြီး Smart ဖြစ်တယ် ပို်ကြိုးစားတယ်လေ။ မင်းတို ့ငါတို ့မသိသေးတာတွေ သူတို ့အများကြီးသိတယ်ကွ။ ဒါဟာဘာကိုပြသလည်းဆိုရင် ငါတို ့ကြိုးစားရမယ် အများကြီးလေ့လာရမယ်။ ကိုယ့်ဖာသာကိုယ် ရင်နှီးမြှုပ်နှံတာတွေ လုပ်ကြရလိမ့်မယ်။ နေ ့တိုင်းနေ ့တိုင်း နောက်နေ ့တွေ မရှိသကဲ့သို ့အကောင်းဆုံးမင်းကြိုးစားရမယ်ကွ။

step (3) Friends (မိတ်ဆွေ အပေါင်းအသင်းတွေ)
မင်းခု ဘယ်လိုလူတွေနဲ ့မိတ်ဆွေလုပ်ထားလည်း မင်းရဲ့ သူငယ်ချင်းတွေ ငါ့ကို ပြစမ်း မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပုံရိပ်ကို ငါမင်းကိုပြောပြလိုက်မယ်။ မင်းရဲ့သူငယ်ချင်းဟာ ချီးထုတ်တွေ၊ အသုံးမကျတဲ့ကောင်တွေ ၊ငြီးတွားပြီး ဆင်ခြေတွေ ပေးနေတဲ့ ကောင်တွေဆိုရင်မင်းတော့သွားပြီမှတ်။ မင်းလည်း ချီးထုတ်ကောင် ငြီးတွားတဲ့ကောင် ၊ဆင်ခြေဆင်လက်တွေ လောက်ပဲ ပေးဖို ့လောက်ပဲသိတဲ့ကောင်ဖြစ်လာမှာပဲ။

မင်း မိတ်ဆွေတွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ငါးသောင်းထိ ရှာနိုင်ရင် ဘာဖြစ်မယ်ထင်လည်း မင်းလည်း အဲ့ဒီလောက် ရှာနိုင်လာမှာပဲကွ။ ဒီတော့ ငါပြောချင်တာက မင်းရဲ့ အပေါင်းအသင်းဆိုတဲ့ အဝန်းအဝိုင်းကို မင်းအဆင့်မြှင့်တင်ရလိမ့်မယ်။

ဂျွန်စတီဗင်နဲ ့ငါတို ့ပြောခဲ့ဖူးတယ်။ မင်းအပေါင်းအသင်း မိတ်ဆွေတွေကို ABC အုပ်စုခွဲပြီး မြင်ကြည့်လိုက်ပါ။ မင်းသိထားရမှာက မင်းအချိန်ဟာ သိပ်တန်ဖိုးရှိတယ် မင်းရဲ့ စွမ်းအင်တွေဟာ တန်ဖိုးရှိတယ်။ ဒီတော ့မင်းကို အရေမရ အဖတ်မရလာပြောတဲ့ လူတွေနဲ ့မင်း မချိန်ဖြုန်းချင်သေးလား။ ဘယ်ဟုတ်ပါ့မလည်းကွာ။ မင်းဘဝကို မြှင့်တင်ပေးမယ့် A အဆင့် မိတ်ဆွေတွေနဲ ့ပဲမင်းအချိန်ကုန်ခံတော့မှာပေါ့။

ဘာဖြစ်လို့လည်းဆိုရင်တော့ ငါဟာ အဲ့ဒီလူတွေရဲ့ အရည်အချင်းတွေကို အတုယူချင်တယ်။ သူတို ့ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါလေ့လာချင်တယ်။ သူတို ့ပြောတဲ့ ဗဟုသုတတွေကို ရှာဖွေဆည်းပူးချင်တယ်လေ။ သူတို ့ရဲ့ အဆင့်အတန်းရောက်အောင်ငါကြိုးစားချင်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။

သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုရင် မင်းရဲ့သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကို ပေါင်းလိုက် ဘယ်လောက်ထိ အရည်အသွေးရှိသလည်း ဆင်ခြင်လိုက်။ ပြောချင်တာက မင်းရဲ့ သူငယ်ချင်းလောက်ပဲမဟုတ်ဘူးနော်။ မင်းဘေးမှာ ဝန်းရံထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ မိသားစုဝင်တွေ အားလုံး အားလုံး မင်းဟာ ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာကို သူတို ့တွေဟာ သွယ်ဝိုက်ပြီးကိုယ်စားပြုနေကြတာပဲလေ။ ဒါကြောင့် မင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေကို မင်းဆီကနေ ထွက်ခွာခွင့်ပေးလိုက်။ မိတ်ဆွေကောင်းတွေ များများရှာ။ ဟုတ်ပြီလား။

မင်းကိုယ်မင်းဘယ် အတိုင်းအတာအထိ သွားမလည်းပေါ်မူတည်ပြီး မင်းရဲ့ Frequency ဆိုတဲ့ ပေါက်ရောက်နိုင်မယ့် လိုင်းထဲရောက်အောင် မင်းညှိယူရလိမ့်မယ်။ မင်းခပ်နိမ့်နိမ် လိုင်းထဲမှာနေရင် မင်းဟာ ခပ်ညံ့ညံ့ အတန်းအစားကနေ တက်လာမှာကိုမဟုတ်ဘူးကွ။ မင်းကိုယ့်ကိုယ် အမြင့်ဆုံးထိတွန်းတင်ရလိမ့်မယ်။

step (4) Hunger
(မင်းဟာ အမြဲတမ်း တွန်းအားတွေပြည့်နေရမယ် အမှန်တကယ် ဘဝတိုးတက်မှုကို အမြဲဆာလောင်နေဖို ့လိုမယ်။)

တစ်ရက် တစ်ရက် မင်းဘဝတိုးတက်ဖို ့မင်းဘယ်လောက်ထိ ရင်နှီးမလဲ။ မင်းတိုးတက်ဖို ့မင်း ဘာတွေ လေ့လာမယ် ဘာတွေသင်ယူမလဲ။ ငါဆိုချင်တာကတော့ မင်းကိုယ့်ကိုယ်ကို ဘယ်တော့မှမလိမ်နဲ ့။ မင်းရဲ့ တိုးတက်ခြင်းကို ဆာလောင်မှုဟာ အမြဲရှိနေရမယ်။ အေး ဟုတ်ပြီ ဒါဆိုရင် မင်းစူပါမင်းလို အားတွေ အမြဲရှိနေလိမ့်မယ်။ မင်းကိုယ်မင်း စူပါမင်းလို ့စိတ်ထဲ ညွှတ်ယူကြည့်စမ်း မင်းစူပါမင်းလို အားတွေရှိလာမယ်။ မင်းကိုယ်မင်း လက်ဝှေ ့အကျော်အမော် မိုက်တိုင်ဆန်လို မြင်ကြည့်လိုက်စမ်း ဘယ်ပြိုင်ဖက်မျိုးမဆို မင်းထိုးသတ်ဖို ့ဝန်မလေးတော့ဘူး။

နောက်ဆုံးအဆင့် Step (5) Adaptable သို ့မဟုတ် Antifragile ( မင်းဘယ်လောက်ခံနိုင်ရည်ရှိမလည်းဆိုတာပဲ)

မင်းဘဝမှ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မင်းတုန်လှုပ်မနေနဲ ့။ အသစ်အဆန်းတစ်ခုလုပ်မလား လုပ်လိုက်။ ပညာရပ်တစ်ခု လက်မှုအတတ်ဖြစ်ဖြစ် သစ်ဖို ့လိုအပ်မလား သင်လိုက်စမ်း။ မင်း ရဲ့ လုပ်ငန်း ကြီးကျယ်ဖို ့ပိုက်ဆံလိုက်ချေးဖို ့လိုမလား မင်းလိုက်ချေးလိုက်။ မင်းလုပ်ငန်းတိုးတက်ဖို ့တစ်မြို ့လုံးပတ်ပြီး အလုပ်လုပ်ဖို ့လိုအပ်မလား လုပ်လိုက်စမ်း။ ကမ္ဘာ့သမိုငး်ထဲက ပုံပြင်တွေ မင်းတွေ ့့မယ် အလက်ဇန်းဒါး ဘုရင်တို ့ ဂျိမ်းမက်ကမ်းတို ့လို မင်းကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မလား။ ဘယ်လုပ်နိုင်ပါ့မလည်းကွာ။ သူတို ့နဲ ့မင်းတို ့ငါတို ့မတူညီတဲ့ အချက်ဟာ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာ မှာကွားခြားသွားတာပဲ။

အဲ့လိုလူမျိုးတွေက စိန်ခေါ်မှုတစ်ခုခုကြောင့် ဘယ်ယိမ်းမလား ရတယ် ညာယိမ်းမလားရတဲ့လူမျိုးတွေကြီးပဲ ဆိုတာသိထားလိုက်။ မင်းဟာ ရေ လိုကျင့်ရမယ်။ ရေဟာ ဘယ်လို နေရာဖြစ်ဖြစ် လိုအပ်သလို ပုံသွင်းလို ့ရတယ်။ ခံနိုင်ရည်ရှိနေတယ်လေ။ မင်းခံနိုင်ရည်ရှိပြီလား ဆိုတာ ကိုယ့်ကိုယ် ပြန်မေးကြည့်လိုက်။ အေး မရှိသေးဘူးဆိုရင်တော့ မင်းခုထိ အိပ်ပုပ်ကြီးနေသေးလို ့ပဲ။

ကဲ ငါပြောချင်တာ ဒါပဲ။ မင်းဒါတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတာမူတည်ပြီး မင်းဘဝ ဘယ်လောက်ထိ ပြောင်းလဲ သွားမယ် တိုးတက်သွားမလဲဆိုတာ မင်းသိလာလိမ့်မယ်။

အချိန်ကာလ၏ တိုက်စားခြင်းမှ ကင်းသော မေတ္တာအနန္တဖြင့်

Translate -ဆြာသိန်း
from - Thein Htet Soe

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...