အမျိုးသမီးအားလုံး ရှဲယူ မှတ်ထားသင့်တဲ့ သူများယောင်္ကျားကို အလစ်သုတ်ဖောက်ပြန်ချင်တဲ့ ကမများကို ပညာပေးနည်း...
Credit: ကာရံငယ်
===========
အမျိုးသမီးများအားလုံး မှတ်သားထားသင့်တဲ့ Post ကောင်းလေးပါ..
မယားငယ် - ဟယ်လို၊ ဦးကျော်ရဲ့ မိန်းမပါလား
မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ
မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မ်ိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။
မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ
မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ
မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ
မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ
မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ
မယားငယ် - ရှင်ငကြောင်ပဲ
မိန်းမ - သူခိုးကလူဟစ်လို့ရှင်
မယားငယ် - ရှင်မကွာပေးဘဲ နေတော့ရော သိသိကြီးနဲ့ ရှင်ဒီလို နေရတာကောင်းမလားရှင့်
မိန်းမ - ဒါကျွန်မကိစ္စပါ။ ကျွန်မကျေနပ်တယ်။ ဘာဖြစ်လဲ
မယားငယ် - ကျွန်မသူနဲ့ နေ့တိုင်းတွေ့တယ်။ အရမ်းချစ် အရမ်းကို ယုယကြင်နာတာ နေ့တိုင်းပဲ
မိန်းမ - အဲဒါရှင်တို့ကိစ္စလေ။ ကျွန်မကို အစီရင်ခံနေစရာမလိုပါဘူး။ ဒါပေမယ့် ရှင်အစီရင်ခံမှတော့ ကျွန်မက ခွင့်ပြုပေးရမှာပေါ့။ တစ်ခုပဲ သတိပေးလိုက်မယ်။ နောက်ကလေးရှိမှ မီးဖွားစရိတ်မရှိဖြစ်နေအုံးမယ်နော့
မယားငယ် - ကျွန်မတို့မှာ ကလေးမွေးစရာ ပိုက်ဆံမရှိဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ။
မိန်းမ - သိတာပေါ့။ ကျွန်မယောက်ျားရဲ့ ပိုက်ဆံတွေအကုန် ကျွန်မကို သူအပ်ရတာလေ။ ရှင့်ကို ပေးတာရှိခဲ့မယ်ဆိုရင်တောင် အဲဒါ ကျွန်မ နှုတ်ဆိတ်ခွင့်ပြုခဲ့တဲ့ ပိုက်ဆံပဲ။ ယောက်ျားတွေဆိုတာ ဒီလိုပဲလေ ထမင်းစားရတာ များတော့လည်း အချို အချဉ်လေး ပြောင်းစားချင်ကြတာပေါ့။ အမှိုက်တွေမှန်း သိပေမယ့်လည်း ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ကြတာမဟုတ်ဘူးလေ။ ဒီတော့ ကျွန်မကလည်း သူ့ကို အဲဒီ အမှိုက်စားဖို့ မုန့်ဖိုးလောက်တော့ ပေးရတော့တာပေါ့။ နောက်ပြီး ရှင်ကရော သူရှင်နဲ့ တကယ် ကလေးမွေးချင်ပါတယ်လို့ ရှင်ထင်နေတာလား
မယားငယ် - ကျွန်မမွေးကို မွေးဦးမယ်။ ရှင်ကွာမလား မကွာမလား စောင့်ကြည့်ကြတာပေါ့။
မိန်းမ - မကွာပါဘူး။ ရှင်မွေးပီးတဲ့ အခါမှသာ။ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မ တရားရုံးကသူတွေနဲ့ လာခဲ့မယ်။ လင်ခိုးမှုနော်။ ရှင်သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကျွန်မကို ပြန်ပေးရမှာ......ရှင့်ကလေးကို မွေးပီးမှ ကျွေးမွေးစောင့်ရှောက်တဲ့သူမရှိ ဖြစ်မှာမကြောက်ဘူးဆိုရင် မွေးသာမွေး။ အဲဒါ ရှင့်ကိစ္စပဲ
မယားငယ် - ရှင့်ယောက်ျား အခြားမိန်းမနဲ့ အတူတူနေတာကို ရှင်လက်ခံနိုင်လို့လား။
မိန်းမ - လက်ခံနိုင်တာပေါ့။ ပိုက်ဆံမပေးရတဲ့ကြက်က ပိုက်ဆံပေးရတဲ့ကြက်ထက် အများကြီးသက်သာတယ် မဟုတ်လား။ ကျွန်မ ယောက်ျားက အဲလိုချွေတာလိုက်လို့ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကျွန်မလည်း ကြက်ကလေး ဘာလေးဝယ်ပေါင်း ပြီး ကိုယ့်ကိုကိုယ် အားဖြည့်လို့ရတာပေါ့
ဒီမှာတင်ပဲ မယားငယ်ဟာ ငိုပြီးဖုန်းချသွားသတဲ့ကွယ်
ကဲ မမ တို ့ညီမလေး တို ့ရေ Fighting.....
Credit: ကာရံငယ်
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...