သားျဖစ္သူက ဖခင္အရင္းကို လက္သီးျဖင့္ အေသထိုးသတ္မွဳ

သားျဖစ္သူက ဖခင္အရင္းကို လက္သီးျဖင့္ အေသထိုးသတ္မွဳ

ဆရာေမာင္ မူဆယ္ မတ္၁၅
ဖခင္ျဖစ္သူကို လက္သီးျဖင့္ ထိုးရာမွ ေသဆံုးခဲ့မႈကို ဖခင္က ေရခ်ိဳးခန္းထဲ ေခ်ာ္လဲရာမွ ေသဆံုးခဲ့သည္ဟု လီဆယ္ ေျပာေၾကားေသာ သားျဖစ္သူကို လူသတ္မႈျဖင့္ ဖမ္းဆီး အေရးယူထားေၾကာင္း ဒဂံုအေရွ႕ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ဒဂံုအေရွ႕ၿမိဳ႕နယ္၊ ၁၃၃ ရပ္ကြက္၊ တေကာင္း(၂) လမ္းတြင္ ေနထိုင္သူ ရန္မ်ိဳးေအာင္မွာ မတ္လ ၁၁ ရက္ မြန္းလြဲပိုင္းက ေနအိမ္သို႔ အရက္မူးၿပီး ျပန္လာစဥ္ ဖခင္အရင္းျဖစ္သူ အသက္ ၅၄ ႏွစ္အ႐ြယ္ ဦးရန္ေအာင္ႏွင့္ စကားမ်ား ရန္ျဖစ္ရာမွ ၎က လက္သီးျဖင့္ ထိုးႀကိတ္ခဲ့ေသာေၾကာင့္ ဦးရန္ေအာင္မွာ ေသဆံုးခဲ့သည္။
ေသဆံုးခဲ့သည့္ ဖခင္မွာ ေနအိမ္ရွိ ေရခ်ိဳးခန္းေရွ႕တြင္ ေမွာက္လ်က္ လဲက်ရာမွ ေသဆံုးခဲ့ေၾကာင္း ၎က လီဆယ္ ထြက္ဆိုခဲ့ၿပီး ႐ုပ္အေလာင္းကို ေဆး႐ံုသို႔ တင္ပို႔၍ ရင္ခြဲစစ္ေဆးခဲ့ရာ ဦးရန္ေအာင္မွာ ဘယ္နံ႐ိုး ကိုးေခ်ာင္း က်ိဳး၍ နံ႐ိုးအပိုင္းအစမ်ားက အဆုတ္ကို ထိုးေဖာက္ရာမွ ေသဆံုးခဲ့ေၾကာင္း ေဆးစာအေျဖ ရရွိခဲ့သည္။
ယင္းေနာက္ ရဲတပ္ဖြဲ႔မွ ေသဆံုးသူ ေနထိုင္သည့္ ေနအိမ္အနီးတြင္ ေနထိုင္သူမ်ားကို စစ္ေဆးေမးျမန္းရာမွ အခင္းျဖစ္ေန႔က သားျဖစ္သူ ရန္မ်ိဳးေအာင္ အရက္မူးၿပီး လက္သီးျဖင့္ ထိုးႀကိတ္ေနသည္ကို ျမင္ေတြ႔ခဲ့ေၾကာင္း ထြက္ဆိုခဲ့သျဖင့္ မတ္လ ၁၂ ရက္ေန႔တြင္ ဒဂံုအေရွ႕ ၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းမွ လူသတ္မႈ ပုဒ္မ ေျပာင္းဖြင့္ၿပီး ရန္မ်ိဳးေအာင္ကို ဖမ္းဆီး အေရးယူခဲ့သည္။
Maung Maung
==============

သားဖြစ်သူက ဖခင်အရင်းကို လက်သီးဖြင့် အသေထိုးသတ်မှု

ဆရာမောင် မူဆယ် မတ်၁၅
ဖခင်ဖြစ်သူကို လက်သီးဖြင့် ထိုးရာမှ သေဆုံးခဲ့မှုကို ဖခင်က ရေချိုးခန်းထဲ ချော်လဲရာမှ သေဆုံးခဲ့သည်ဟု လီဆယ် ပြောကြေားသော သားဖြစ်သူကို လူသတ်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း ဒဂုံအရှေ့မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံအရှေ့မြို့နယ်၊ ၁၃၃ ရပ်ကွက်၊ တကောင်း(၂) လမ်းတွင် နေထိုင်သူ ရန်မျိုးအောင်မှာ မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက နေအိမ်သို့ အရက်မူးပြီး ပြန်လာစဉ် ဖခင်အရင်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးရန်အောင်နှင့် စကားများ ရန်ဖြစ်ရာမှ ၎င်းက လက်သီးဖြင့် ထိုးကြိတ်ခဲ့သောကြောင့် ဦးရန်အောင်မှာ သေဆုံးခဲ့သည်။
သေဆုံးခဲ့သည့် ဖခင်မှာ နေအိမ်ရှိ ရေချိုးခန်းရှေ့တွင် မှောက်လျက် လဲကျရာမှ သေဆုံးခဲ့ကြောင်း ၎င်းက လီဆယ် ထွက်ဆိုခဲ့ပြီး ရုပ်အလောင်းကို ဆေးရုံသို့ တင်ပို့၍ ရင်ခွဲစစ်ဆေးခဲ့ရာ ဦးရန်အောင်မှာ ဘယ်နံရိုး ကိုးချောင်း ကျိုး၍ နံရိုးအပိုင်းအစများက အဆုတ်ကို ထိုးဖောက်ရာမှ သေဆုံးခဲ့ကြောင်း ဆေးစာအဖြေ ရရှိခဲ့သည်။
ယင်းနောက် ရဲတပ်ဖွဲ့မှ သေဆုံးသူ နေထိုင်သည့် နေအိမ်အနီးတွင် နေထိုင်သူများကို စစ်ဆေးမေးမြန်းရာမှ အခင်းဖြစ်နေ့က သားဖြစ်သူ ရန်မျိုးအောင် အရက်မူးပြီး လက်သီးဖြင့် ထိုးကြိတ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် မတ်လ ၁၂ ရက်နေ့တွင် ဒဂုံအရှေ့ မြို့မ ရဲစခန်းက သေမှုသေခင်းမှ လူသတ်မှု ပုဒ်မ ပြောင်းဖွင့်ပြီး ရန်မျိုးအောင်ကို ဖမ်းဆီး အရေးယူခဲ့သည်။
Maung Maung

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...