ရွှေတိဂုံဘုရားပေါ်မှာ ဒို့အရေးဆိုပြီး ဘုန်းကြီးတွေ ပွဲကြမ်းနေတဲ့ (ရုပ်သံ)

၁၃.၃.၂၀၁၇ရက်နေ့က လူမှုကွန်ရက်ဖေ့ဘုတ်မှာပြန့်နှံ့လာတဲ့ ရုပ်သံပါ “ရွှေတိဂုံ ဘုရားပေါ်တက်ပြီး မဘသ ဘုန်းကြီးတစု ရဲ့ လုပ်ရပ်များ ကြောင့်ဘုရားဖူးပြည်သူများ
စိတ်အနှောက်အယှက် ဖြစ်လျှက်ရှိ… ” ခေါင်းစဉ်နဲ့ ပြန့်နှံ့နေတဲ့ ရုပ်သံဖြစ်ပါတယ်။

(အောက်ဆုံးတွင် ရုပ်သံ video တွဲတင်ပေးထားပါတယ်။)

ဘာပြသနာတွေဖြစ်လို့အဲလို ဆူပူနေကြလဲဆိုတာ သတင်းအတိအကျတော့ မသရသေးပါဘူး။ ဒါပေမယ့် လူထုကြားထဲမှာ ဘုန်းဘုန်းတွေ ဒီလိုဒေါသတကြီးနဲ့ ဆူပူနေတာတော့ မသင့်တော်ဘူးလို့ထင်ပါတယ်။

video ကြည့်ပြီး လူအများစုကလဲ ဒါမဖြစ်သင့်သော အရာတစ်ခုဖြစ်တယ်လို့ပြောကြတယ်။ FB သုံးစွဲသူတစ်ယောက်ကတော့

“ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ် အရင် ဘုန်းကြီးတွေက နိုသ်ငံရေးမှာ ပါခဲ့တယ်ဆိုတာတာ ဥပမာ အရှင်ဦးဥုတ္တမဆိုရင်လည်း ဆွမ်းဘုန်းမပေးဘဲ ဆန္ဒပြတယ်လို့ကြားမိပါတယ် ၂၀၀၇ရွှေဝါရောင်မှာလည်း မေတ္တာသုတ်ရွတ်တယ်လို့ဘဲကြားမိပါတယ် ဘယ်ဘုန်းဘုန်းမှ ဒို့အရေး ဒို့အရေးအော်တယ်လို့မကြားမိလိုပါ အခုမဘသက ဘုရားပေါ်တတ်ပြီး ဒို့အရေးအော်နေတာတွေတော့ အင်း ဘယ်လိုပြောရမလဲဗျာ ပြောပြန်ရင်လည်း ဗမာစစ်စစ်က နေကုလားပါပြောပြီး အဆဲခံရပြန်အုန်းမယ်” ပြောသွားခဲ့တယ်။
နောက်စာဖတ်သူတစ်ဦးကလဲ “ဘုရားပေါ်တက်ပြီး ဒို့အရေး တက်အော်နေရအောင် ဘုရားကနိုင်ငံရေးမှာ မပါဘူး…တရားလဲနိုင်ငံရေး မှာမပါဘူး..ခုငါကလွန်လွန်းတယ်..မြန်မာပြည်ရဲ့ တန်ဖိုးထားဆုံး ဘုရားပေါ်မှာ ဒို့အရေး အော်မှာတော့ အော်နေတဲ့ သူတွေတစ်နေ့ဘယ်လောက်ရပြီ ဘယ်လောက်တန်ဖိုး ရှိသွားလို့လဲ အဲလောက် အော်ချင်နေရင်နေပြည်တော်မှာ သွားအော်နေပါလား. ကျက်သရေရေကိုမရှိ နိုင်ငံသိက္ခာကြတယ်. ဗုဒွဘာသာသိက္ခာကြတယ်. ခုဟာကဘုရားပေါ်မှာ တတစ်ခါမှမကြားဘူးတာ. မြန်မာပြည်ကြီးတော့ ပျက်ကိန်း ဆိုက်တော့မယ်.” ပြောသွားပါတယ်။

ရုပ်သံအပြည့်အစုံကို အောက်မှာ တင်ထားပေးထားပါတယ်။ ကိုယ်တိုင်ကြည့်ပြီးတော့ လွှတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...