ရန္ကုန္၊ မတ္ ၁၄
အင္းဝ အပ္ခ်ုဳပ္ဆိုင္ မိသားစု၏ ႏိွပ္စက္ျခင္းကိုခံရသည့္ အိမ္အကူ မိန္းကေလး နွစ္ဦးအေၾကာင္းကို ေဖာ္ထုတ္ခဲ့သူ Myanmar Now သတင္းေထာက္ခ်ဳပ္ ကိုေဆြဝင္းကို ယေန႔ (မတ္လ ၁၄ ရက္) ညေနပိုင္းတြင္ လူတစ္စုက ေျမာင္းျမလမ္းထိပ္တြင္ ရန္ျပဳတိုက္ခိုက္ရန္ ႀကံစည္ခဲ့ေၾကာင္း Myanmar Now အယ္ဒီတာ အဖြဲ႔ထံမွ သိရသည္။
“ဒီေန႔ ညေနပိုင္းက လူတစ္စုကေန ၀ိုင္းလာၿပီး ရန္ျပဳတာလို႔ သိရပါတယ္၊ အခုပဲ ကိုေဆြဝင္းနဲ႔ အဆက္အသြယ္ ရတယ္၊ ရဲကိုဖုန္းဆက္လိုက္လို႔ ရဲေရာက္လာတဲ့ အခ်ိန္က်မွ သူတို႔ ထြက္သြားတာ၊ ဘာမွေတာ့ ျဖစ္မသြားဘူး၊ အခုေတာ့ ရဲက လုံၿခံဳေရး တိုးျမႇင့္ေပးထားတယ္လို႔ သိရတယ္”ဟု Myanmar Now သတင္းဌာန အယ္ဒီတာ ကိုဇာနည္၀င္းက ေျပာၾကားသည္။
“မ႐ိုက္ခံရပါဘူး၊ စကား မ်ားတာပါ၊ ဘီယာဆိုင္က ထြက္လာတဲ့ သုံးေယာက္က မင္းက ေဆြဝင္းလား၊ ဘာလား ဆိုၿပီး ရန္စတာလို႔ သိရတယ္၊ ရဲေတြ ေရာက္ေတာ့မွ ထြက္ေျပးသြားတာ၊ သူတို႔ကိုေတာ့ လိုက္လံ စုံစမ္းေနပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားသည္။
ရန္ျပဳခံရမႈႏွင့္ပတ္သတ္၍ ကိုေဆြဝင္းက ယခု သတင္း ေရးသားခ်ိန္ ည ၁၁ နာရီခြဲတြင္ စမ္းေခ်ာင္းၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားလ်က္ရိွၿပီး ရဲတပ္ဖြဲ႔က ရန္ျပဳသူမ်ားကို ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ရန်ကုန်၊ မတ် ၁၄
အင်းဝ အပ်ချုပ်ဆိုင် မိသားစု၏ နှိပ်စက်ခြင်းကိုခံရသည့် အိမ်အကူ မိန်းကလေး နှစ်ဦးအကြောင်းကို ဖော်ထုတ်ခဲ့သူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ယနေ့ (မတ်လ ၁၄ ရက်) ညနေပိုင်းတွင် လူတစ်စုက မြောင်းမြလမ်းထိပ်တွင် ရန်ပြုတိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း Myanmar Now အယ်ဒီတာ အဖွဲ့ထံမှ သိရသည်။
“ဒီနေ့ ညနေပိုင်းက လူတစ်စုကနေ ၀ိုင်းလာပြီး ရန်ပြုတာလို့ သိရပါတယ်၊ အခုပဲ ကိုဆွေဝင်းနဲ့ အဆက်အသွယ် ရတယ်၊ ရဲကိုဖုန်းဆက်လိုက်လို့ ရဲရောက်လာတဲ့ အချိန်ကျမှ သူတို့ ထွက်သွားတာ၊ ဘာမှတော့ ဖြစ်မသွားဘူး၊ အခုတော့ ရဲက လုံခြုံရေး တိုးမြှင့်ပေးထားတယ်လို့ သိရတယ်”ဟု Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဇာနည်၀င်းက ပြောကြားသည်။
“မရိုက်ခံရပါဘူး၊ စကား များတာပါ၊ ဘီယာဆိုင်က ထွက်လာတဲ့ သုံးယောက်က မင်းက ဆွေဝင်းလား၊ ဘာလား ဆိုပြီး ရန်စတာလို့ သိရတယ်၊ ရဲတွေ ရောက်တော့မှ ထွက်ပြေးသွားတာ၊ သူတို့ကိုတော့ လိုက်လံ စုံစမ်းနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ပြုခံရမှုနှင့်ပတ်သတ်၍ ကိုဆွေဝင်းက ယခု သတင်း ရေးသားချိန် ည ၁၁ နာရီခွဲတွင် စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလျက်ရှိပြီး ရဲတပ်ဖွဲ့က ရန်ပြုသူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
0 comments :
Post a Comment