သႀကၤန္ ႐ံုးပိတ္ရက္ ၁၀ ရက္ကေန ၅ရက္သာ သတ္မွတ္ရန္ ျပည္ေထာင္စုအစိုးရ သံုးသပ္ေန

လာမည့္ မဟာသႀကၤန္ ႏွစ္သစ္ကူး႐ံုးပိတ္ရက္အား သႀကၤန္အႀကိဳေန႔မွစၿပီး ႏွစ္ဆန္းတစ္ရက္ေန႔အထိ ၅ရက္သာ သတ္မွတ္မည္ဆိုပါက ထိခိုက္နစ္နာမႈႏွင့္ အဆင္ေျပမႈ ရွိ၊ မရွိ အေၾကာင္ျပန္ေပးရန္ ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုးက ျပည္ေထာင္စုဝန္ႀကီးဌာနအားလံုးထံ မတ္လ ၈ရက္ ရက္စြဲျဖင့္ အေၾကာင္းၾကားစာ ေပးပို႔လိုက္သည္။

ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုး၏ အေၾကာင္းၾကားစာတြင္ “ႏွစ္သစ္ကူး႐ံုးပိတ္ရက္မ်ားအား မဟာသႀကၤန္အႀကိဳေန႔ မတိုင္မီ တစ္ရက္မွစ၍ ၁၀ရက္တိတိ သတ္မွတ္ခဲ့သည့္အတြက္ ရက္ရွည္ကာလ ႐ံုးပိတ္ရက္ႏွင့္ ဘဏ္ပိတ္ရက္ရွည္ ျဖစ္ေပၚခဲ့သျဖင့္ ႏုိင္ငံတကာႏွင့္ ဆက္သြယ္ေဆာင္ရြက္ရာတြင္ ႐ံုးလုပ္ငန္းမ်ားႏွင့္ ဘဏ္လုပ္ငန္းမ်ား အခက္အခဲမ်ား ျဖစ္ေပၚလာႏုိင္ျခင္းႏွင့္ ကုန္စည္စီးဆင္းမႈမ်ား ေႏွာင့္ေႏွးၾကန္႔ၾကာျခင္း ျဖစ္ေပၚခဲ့ေၾကာင္း ေတြ႔ရွိရပါသည္” ဟု ေရးသားထားသည္။

ထို႔ေၾကာင့္ သႀကၤန္အႀကိဳေန႔မွစၿပီး ႏွစ္ဆန္းတစ္ရက္ေန႔အထိ ၅ရက္သာ ႏွစ္သစ္ကူး ႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္ၿပီး က်န္ရွိသည့္ ႐ံုးပိတ္ရက္ ၅ရက္အား သီတင္းကၽြတ္႐ံုးပိတ္ရက္မ်ား၊ တန္ေဆာင္တိုင္႐ံုးပိတ္ရက္မ်ားႏွင့္ ႏုိင္ငံတကာႏွစ္သစ္ကူး႐ံုးပိတ္ရက္မ်ားတြင္ အစားထိုးျဖည့္တင္း၍ ေဆာင္ရြက္မည္ဆိုပါက ထိခိုက္နစ္နာမႈႏွင့္ အဆင္ေျပမႈ ရွိ၊ မရွိ စိစစ္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုးသို႔ မတ္လ ၉ရက္၊ ညေန ၃နာရီတြင္ ျပန္လည္ေပးပို႔ရန္ ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုး၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဇာ္သန္းသင္းက လက္မွတ္ေရးထိုးၿပီး ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားသို႔ အေၾကာင္းၾကားစာ ေပးပို႔လိုက္ျခင္းျဖစ္သည္။

ထိုသို႔ ပိတ္ရက္ေလွ်ာ့ရန္မွာ သံုးသပ္ေနဆဲသာျဖစ္ၿပီး တရားဝင္ေၾကျငာမွသာ အတည္ျဖစ္မည္ဟု သမၼတ႐ံုးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာသည္။

“အဓိက အခ်က္က ႐ံုးပိတ္ရက္ ရွည္တဲ့အတြက္ ဘဏ္ပိတ္ရက္မ်ားတာ၊ သယ္ယူပို႔ေဆာင္ေရး အခက္အခဲေတြျဖစ္တာ စတဲ့ အဆင္မေျပမႈေတြေၾကာင့္ ပိတ္ရက္ ေလွ်ာ့ဖို႔ သံုးသပ္ေနပါတယ္။ ခုေလာေလာဆယ္ ပိတ္ရက္ေလွ်ာ့ျခင္းေၾကာင့္ ဌာနဆိုင္ရာေတြက ဘာအဆင္မေျပျဖစ္ႏုိင္မလဲ။ သေဘာထားေမးထားတုန္း ရွိပါေသးတယ္။ တရားဝင္ေၾကျငာမွသာ အတည္ျဖစ္ပါမယ္” ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။

Mizzima - News in Burmese
=============

လာမည့် မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်အား သင်္ကြန်အကြိုနေ့မှစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ သတ်မှတ်မည်ဆိုပါက ထိခိုက်နစ်နာမှုနှင့် အဆင်ပြေမှု ရှိ၊ မရှိ အကြောင်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနအားလုံးထံ မတ်လ ၈ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အကြောင်းကြားစာတွင် “နှစ်သစ်ကူးရုံးပိတ်ရက်များအား မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်မှစ၍ ၁ဝရက်တိတိ သတ်မှတ်ခဲ့သည့်အတွက် ရက်ရှည်ကာလ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည် ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်” ဟု ရေးသားထားသည်။

ထို့ကြောင့် သင်္ကြန်အကြိုနေ့မှစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ကျန်ရှိသည့် ရုံးပိတ်ရက် ၅ရက်အား သီတင်းကျွတ်ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးဖြည့်တင်း၍ ဆောင်ရွက်မည်ဆိုပါက ထိခိုက်နစ်နာမှုနှင့် အဆင်ပြေမှု ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ မတ်လ ၉ရက်၊ ညနေ ၃နာရီတွင် ပြန်လည်ပေးပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဇော်သန်းသင်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုဝန်ကြီးဌာနများသို့ အကြောင်းကြားစာ ပေးပို့လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပိတ်ရက်လျှော့ရန်မှာ သုံးသပ်နေဆဲသာဖြစ်ပြီး တရားဝင်ကြေငြာမှသာ အတည်ဖြစ်မည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

“အဓိက အချက်က ရုံးပိတ်ရက် ရှည်တဲ့အတွက် ဘဏ်ပိတ်ရက်များတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေဖြစ်တာ စတဲ့ အဆင်မပြေမှုတွေကြောင့် ပိတ်ရက် လျှော့ဖို့ သုံးသပ်နေပါတယ်။ ခုလောလောဆယ် ပိတ်ရက်လျှော့ခြင်းကြောင့် ဌာနဆိုင်ရာတွေက ဘာအဆင်မပြေဖြစ်နိုင်မလဲ။ သဘောထားမေးထားတုန်း ရှိပါသေးတယ်။ တရားဝင်ကြေငြာမှသာ အတည်ဖြစ်ပါမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

Mizzima - News in Burmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...