အျမန္လမ္းမွာ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး လမ္းလယ္ကပ္တုံးမ်ားအား တိုက္မိ


ေနျပည္ေတာ္၊ မတ္ ၁၄
ယေန႔ နံနက္ ၁ နာရီ ၂၀ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္အမွတ္(၆၃/၁-၂)ၾကားတြင္ ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ အုတ္ရွစ္ကုန္း အျမန္လမ္းမႀကီးရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။ စစ္ေဆးခ်က္အရ ေနျပည္ေတာ္ဘက္မွ ရန္ကုန္ဘက္သို႔ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကၽြန္း ၿမိဳ႕နယ္ေန ေအာင္သန္းမင္း(၂၉)ႏွစ္ ေမာင္းႏွင္လာေသာ BB/×××× COROLLA VAN ခဲျပာေရာင္ယာဥ္သည္ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး အရွိန္မထိန္းနိုင္ဘဲ လမ္းလယ္ကပ္တုံးမ်ားအား ဝင္တိုက္မိခဲ့ရာ လူထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ယာဥ္မွာ တန္ဖိုးေငြက်ပ္(၅)သိန္းခန႔္ ပ်က္စီးဆုံးရႈံးခဲ့၍ ယာဥ္ေမာင္း ေအာင္သန္းမင္းအား အုတ္ရွစ္ကုန္းအျမန္လမ္းမႀကီးရဲစခန္းယာဥ္(ပ)၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္

ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကပ်တုံးများအား တိုက်မိ
နေပြည်တော်၊ မတ် ၁၄
ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၃/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်နေ အောင်သန်းမင်း(၂၉)နှစ် မောင်းနှင်လာသော BB/×××× COROLLA VAN ခဲပြာရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးများအား ဝင်တိုက်မိခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့၍ ယာဉ်မောင်း အောင်သန်းမင်းအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...