ခ်စ္သူမသိေအာင္ ေျခရႈပ္ေဖာက္ျပန္ၾကတဲ့သူေတြရဲ႕ ရင္ဖြင့္စကားမ်ား

အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ကိုယ့္ခ်စ္သူအေပၚ ေဖာက္ျပန္ၾကသူေတြဟာ ေယာက္်ားျဖစ္ေစ၊ မိန္းမျဖစ္ေစ ႐ွိႏုိင္ပါတယ္။ ေဖာက္ျပန္ခ်င္တဲ့လူက တစ္ဖက္သားကို ငဲ့ကြက္ျခင္းလည္း မရွိပါဘူး။ လူမႈကြန္ရက္ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Reddit မွာေတာ့ ေနာက္ကြယ္မွာ ေျခ႐ႈပ္ရတဲ့အေပၚ ခံစားခ်က္ကုိ ေယာက္်ားသားအခ်ိဳ႕က ေျပာျပထားတာကိုလည္း ေတြ႔ရပါတယ္။

" ပထမဆံုးအႀကိမ္တုန္းက ေၾကာက္လန္႔ဖုိ႔ေကာင္းတယ္။ အဲ့ဒီအျပစ္က ကၽြန္ေတာ့္စိတ္ကို ဖိစီးႏွိပ္စက္ေနခဲ့တာ။ သိပ္မၾကာပါဘူး သီတင္းပတ္နည္းနည္းေလာက္ၾကာေတာ့ အဲ့ခံစားခ်က္ ေပ်ာက္သြားတာပဲ။ ေနာက္ဆံုးက်ေတာ့ ေျခ႐ႈပ္တာက ရပ္လို႔မရေတာ့ဘူး။  လက္ထပ္ထားလို႔သာ ကၽြန္ေတာ့္မိန္းမကို ေဖာက္ျပန္ေနရတာဆုိတဲ့ ဆံုးျဖတ္ခ်က္နဲ႔ ကြာရွင္းခဲ့တယ္။ ကၽြန္ေတာ္ လံုးဝ မေပ်ာ္ေတာ့ဘူးဗ်ာ။ ေျခ႐ႈပ္ေဖာက္ျပန္သူလည္း မဟုတ္ေတာ့ပါဘူး "

" ကၽြန္ေတာ္က ကၽြန္ေတာ့္ခ်စ္သူမရွိေအာင္ ေပြတတ္တဲ့လူမ်ိဳး၊ ခုလည္းပဲ ေျခ႐ႈပ္ေနတုန္းပဲ။ ကၽြန္ေတာ္တုိ႔ၾကားက ခ်စ္မႈေရးရာကလည္း အားလံုးအဆင္ေျပေနတာ။ အစပိုင္းတုန္းကေတာ့ အျပစ္႐ွိတယ္လုိ႔ ခံစားမိခဲ့ေသးတယ္။ ထူးဆန္းတဲ့အခ်က္ကေတာ့ ကၽြန္ေတာ္ေျခ႐ႈပ္ရျခင္းဟာ ကၽြန္ေတာ့္ခ်စ္သူနဲ႔ ဘာမွလုပ္စရာမရွိေတာ့လို႔ ေျခရႈပ္တာပဲ။ အျခားတစ္ေယာက္ေယာက္နဲ႔ အေတြ႔အၾကံဳကိုလည္း ရခ်င္တယ္ေလ။ ၿပီးေတာ့မွ ကၽြန္ေတာ့္ခ်စ္သူနဲ႔ အတူေနတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေကာင္းေကာင္းရွိၿပီး ခ်စ္ေရးခ်စ္ရာ ပိုသာယာတာေပါ့"

" ကၽြန္မကေတာ့ ကၽြန္မေယာက္်ားမသိေအာင္ ေျခ႐ႈပ္ခဲ့တာ။ အမ်ိဳးသားမိတ္ေဆြေတြနဲ႔လည္း ေဖာက္ျပန္တယ္။ ရည္းစားေဟာင္းနဲ႔လည္း ေျခ႐ႈပ္လိုက္ေသးတယ္။ ေယာက္်ားဆီကရတဲ့ အထိအေတြ႔ထက္ တျခားေယာက္်ားေတြဆီက အထိအေတြ႔ကို ပိုသာယာေနမိတာ။ ကိုယ့္ကိုယ္ကိုယ္လည္း မထိန္းႏိုင္ေတာ့ဘူး။ ေနာက္ဆံုးေတာ့ ကၽြန္မေယာက္်ားကို ကြာ႐ွင္းလိုက္တယ္။ သူက ကၽြန္မသူ႔ကို ထားခဲ့တဲ့အထိေအာင္ ဘာလို႔ကြာ႐ွင္းရတယ္ဆုိတာ ရွင္းရွင္းလင္းလင္းမသိခဲ့ပါဘူး"

အထက္က ရင္ဖြင့္ခ်က္ေတြကို ၾကည့္လိုက္မယ္ဆုိရင္ ေနာက္ကြယ္မွာ ေျခ႐ႈပ္ျခင္းဟာ ကိုယ့္အတြက္ေတာ့ ေကာင္းက်ိဳး မျဖစ္ေစတာကိုပဲ ေတြ႔ရမွာပါ။ ကိုယ့္ခ်စ္သူ/အိမ္ေထာင္ဘက္အေပၚ သစၥာမရွိဘဲ ေဖာက္ျပန္ျခင္းက ယာယီအေနနဲ႔သာ သာယာမႈကို ေပးႏုိင္ပါတယ္။ ေရ႐ွည္လည္း တည္တံ့ျခင္းမရွိဘဲ အားလံုးကို ဆံုး႐ႈံးသြားရတာပဲ အဖတ္တင္ က်န္ေနရစ္ခဲ့မွာပါ။

Credit : Duwun


#Unicode Version
 အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကိုယ့်ချစ်သူအပေါ် ဖောက်ပြန်ကြသူတွေဟာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရှိနိုင်ပါတယ်။ ဖောက်ပြန်ချင်တဲ့လူက တစ်ဖက်သားကို ငဲ့ကွက်ခြင်းလည်း မရှိပါဘူး။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Reddit မှာတော့ နောက်ကွယ်မှာ ခြေရှုပ်ရတဲ့အပေါ် ခံစားချက်ကို ယောက်ျားသားအချို့က ပြောပြထားတာကိုလည်း တွေ့ရပါတယ်။

" ပထမဆုံးအကြိမ်တုန်းက ကြောက်လန့်ဖို့ကောင်းတယ်။ အဲ့ဒီအပြစ်က ကျွန်တော့်စိတ်ကို ဖိစီးနှိပ်စက်နေခဲ့တာ။ သိပ်မကြာပါဘူး သီတင်းပတ်နည်းနည်းလောက်ကြာတော့ အဲ့ခံစားချက် ပျောက်သွားတာပဲ။ နောက်ဆုံးကျတော့ ခြေရှုပ်တာက ရပ်လို့မရတော့ဘူး။  လက်ထပ်ထားလို့သာ ကျွန်တော့်မိန်းမကို ဖောက်ပြန်နေရတာဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကွာရှင်းခဲ့တယ်။ ကျွန်တော် လုံးဝ မပျော်တော့ဘူးဗျာ။ ခြေရှုပ်ဖောက်ပြန်သူလည်း မဟုတ်တော့ပါဘူး "

" ကျွန်တော်က ကျွန်တော့်ချစ်သူမရှိအောင် ပွေတတ်တဲ့လူမျိုး၊ ခုလည်းပဲ ခြေရှုပ်နေတုန်းပဲ။ ကျွန်တော်တို့ကြားက ချစ်မှုရေးရာကလည်း အားလုံးအဆင်ပြေနေတာ။ အစပိုင်းတုန်းကတော့ အပြစ်ရှိတယ်လို့ ခံစားမိခဲ့သေးတယ်။ ထူးဆန်းတဲ့အချက်ကတော့ ကျွန်တော်ခြေရှုပ်ရခြင်းဟာ ကျွန်တော့်ချစ်သူနဲ့ ဘာမှလုပ်စရာမရှိတော့လို့ ခြေရှုပ်တာပဲ။ အခြားတစ်ယောက်ယောက်နဲ့ အတွေ့အကြုံကိုလည်း ရချင်တယ်လေ။ ပြီးတော့မှ ကျွန်တော့်ချစ်သူနဲ့ အတူနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကောင်းကောင်းရှိပြီး ချစ်ရေးချစ်ရာ ပိုသာယာတာပေါ့"

" ကျွန်မကတော့ ကျွန်မယောက်ျားမသိအောင် ခြေရှုပ်ခဲ့တာ။ အမျိုးသားမိတ်ဆွေတွေနဲ့လည်း ဖောက်ပြန်တယ်။ ရည်းစားဟောင်းနဲ့လည်း ခြေရှုပ်လိုက်သေးတယ်။ ယောက်ျားဆီကရတဲ့ အထိအတွေ့ထက် တခြားယောက်ျားတွေဆီက အထိအတွေ့ကို ပိုသာယာနေမိတာ။ ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းနိုင်တော့ဘူး။ နောက်ဆုံးတော့ ကျွန်မယောက်ျားကို ကွာရှင်းလိုက်တယ်။ သူက ကျွန်မသူ့ကို ထားခဲ့တဲ့အထိအောင် ဘာလို့ကွာရှင်းရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူး"

အထက်က ရင်ဖွင့်ချက်တွေကို ကြည့်လိုက်မယ်ဆိုရင် နောက်ကွယ်မှာ ခြေရှုပ်ခြင်းဟာ ကိုယ့်အတွက်တော့ ကောင်းကျိုး မဖြစ်စေတာကိုပဲ တွေ့ရမှာပါ။ ကိုယ့်ချစ်သူ/အိမ်ထောင်ဘက်အပေါ် သစ္စာမရှိဘဲ ဖောက်ပြန်ခြင်းက ယာယီအနေနဲ့သာ သာယာမှုကို ပေးနိုင်ပါတယ်။ ရေရှည်လည်း တည်တံ့ခြင်းမရှိဘဲ အားလုံးကို ဆုံးရှုံးသွားရတာပဲ အဖတ်တင် ကျန်နေရစ်ခဲ့မှာပါ။

Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...