အေျခခံဥပေဒကို တပ္မေတာ္က ခြင့္မျပဳရင္ ဘယ္သူမွ ျပင္လို႔မရဘူး

အေျခခံဥပေဒကို တပ္မေတာ္က ခြင့္မျပဳရင္ ဘယ္သူမွ ျပင္လို႔မရဘူး

၂ဝ၁၅ ႏွစ္ကုန္ပိုင္းက ေမာ္လၿမိဳင္ၿမိဳ႕ ျမေစတီပရိယတၱိစာသင္တိုက္မွာ ေတြ႕ရတဲ့ မဘသ ဗဟိုအတြင္းေရးမႉး ဆရာေတာ္ ဦးဝိမလဗုဒၶိ / ၿဖိဳးသီဟခ်ိဳ / Myanmar Now
ဦးကိုနီလိုမ်ိဳး အေျခခံဥပေဒ ျပင္ဆိုလိုသူေတြကို မုန္းတီးသူ၊ သတ္ခ်င္သူေတြ အမ်ားအျပား ရွိတယ္လို႔ အမ်ိဳးဘာသာ သာသနာ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ (မဘသ) ရဲ့ ထိပ္တန္းေခါင္းေဆာင္ မြန္ျပည္နယ္ ျမေစတီဆရာေတာ္ ဘဒၵႏၲ ဝိမလဗုဒၶိ က သတိေပးလိုက္ပါတယ္။

Myanmar Now သတင္းေထာက္ ထက္ေခါင္လင္းက မဘသ ဗဟိုအဖြဲ႕ အတြင္းေရးမႉး ဦးဝိမလဗုဒၶိ အား ဆက္သြယ္၍ ေလၽွာက္ထား ေမးျမန္းရာမွာ ဦးကိုနီ လုပ္ႀကံခံရမႈနဲ႔ ပတ္သက္တဲ့ မဘသ အဖြဲ႕ရဲ့ သေဘာထား၊ တပ္မေတာ္ အာဏာသိမ္းျခင္း၊ ဧည့္စာရင္း၊ အေျခခံဥပေဒ ျပင္ဆင္မႈ မျပဳေရး၊ အစိုးရသစ္ရဲ့ အုပ္ခ်ဳပ္ေရးတို႔ စသည့္ အေၾကာင္းမ်ားႏွင့္ ပတ္သက္တဲ့  မိန႔္ၾကားခ်က္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါတယ္။

ေမး။      ။ ဦးဝီရသူရဲ့ လူမူကြန္ရက္ စာမ်က္ႏွာမွာ ဦးကိုနီကို သတ္လိုက္တဲ့ သူေတြကို ေက်းဇူးတင္တဲ့ အေၾကာင္း ေရးသားထားတာနဲ႔ ပတ္သက္လို႔ သံဃာေတာ္ တပါးေနနဲ႔ ဒီလိုမ်ိဳး ေျပာရမလား ဆိုၿပီးေတာ့ ေဝဖန္ေနၾကပါတယ္။ ဘုန္းဘုန္း အေနနဲ႔ေရာ ဘယ္လိုမ်ား သေဘာရပါသလဲ ဘုရား။

ေျဖ။      ။ သူ႔ရဲ့ ပုဂၢလိက အာေဘာ္ပဲ။ မဘသ အေနနဲ႔ ေျပာတာ မဟုတ္ဘူးေလ။ ဘုန္းႀကီးတို႔ကေတာ့ ဒါေတြကို ဘာမွ မေဝဖန္လိုဘူး ေပါ့။ ကိုနီနဲ႔ ပတ္သက္တဲ့ လူေတြကေတာ့ ဘာပဲ ျဖစ္ျဖစ္ အျပစ္ျမင္မွာပဲေလ၊ မဟုတ္ဘူးလား၊  ဒီသေဘာေတာ့ ရွိတာေပါ့။ ဒါေပမယ့္ ဘုန္းႀကီးတို႔က အားလုံးအတြက္ ေၾကညာစာတမ္း ထုတ္ထားၿပီးၿပီေလ၊ ကိုနီ ေသတာကိုလည္း ဒါဟာ သတၱဝါ တဦးေသ သလို ဝမ္းနည္းတာပဲ ေပါ့။ အားလုံး ေသေနၾကတာပဲ မဟုတ္လား။ အသတ္ခံေနၾကရတာပဲ မဟုတ္လား။ ဘုရားက ေႁမြေဟာက္တေကာင္ကို ကာလသားေတြ ဝိုင္းရိုက္တာကို ဘုရားက မႀကိဳက္လို႔ တားခဲ့တယ္ ဆိုတဲ့ပုံစံေလ၊ ဖတ္ဖူးတယ္ ဟုတ္။ မည္သူတဦးဦးကို သတ္တာကမွ ဘုန္းႀကီးတို႔ အဖြဲ႕က မႀကိဳက္ဘူး ေလ။ ဒါ သေဘာထား ေၾကညာခ်က္ ထုတ္ျပန္ထားၿပီးၿပီပဲ ဟာ။ ဖတ္ရတယ္ မဟုတ္လား။

ေမး။      ။ အခုက သူ႔ရဲ့ အာေဘာ္ဆိုေပမယ့္ သံဃာေတာ္တပါးအေနနဲ႔ အဲဒီလိုမ်ိဳး ပရိသတ္ေတြကို အတည့္အလင္း ခ်ျပဖို႔ သင့္မသင့္ ဘယ္လိုျမင္လဲဘုရား။

ေျဖ။      ။ အဲဒါေတာ့ ဘုန္းႀကီး မေျပာလိုဘူးေလ။ ဒါ သူ႔ကိစၥနဲ႔သူပဲ ေလ။ ေသတာလည္း သူ႔ကိစၥနဲ႔သူပဲ ေလ။ အမွန္ကေတာ့၊ ဘုန္းႀကီးတို႔ အျမင္ကေတာ့ ကိုနီကို မုန္းေနတာ အမ်ားႀကီး ျဖစ္ေနတာကို။ သတ္ခ်င္တဲ့ သူကလည္း အမ်ားႀကီး ျဖစ္ေနတာ။ ကရင္ျပည္နယ္က DKBA တပ္ တတပ္လုံးက သတ္ခ်င္ေနတယ္လို႔ ဘုန္းႀကီးတို႔က သိထားတယ္။ ကိုနီကိုခ်ည္းပဲ မဟုတ္ဘူး၊ လုပ္ေနတဲ့ လုပ္ငန္းက တိုင္းျပည္ ေခ်ာက္က်ေအာင္ လုပ္ေနတယ္လို႔ ျမင္တဲ့ ပုဂၢိဳလ္အားလုံးက အဲဒီလုပ္ေနတဲ့ ပုဂၢိဳလ္ေတြကို သတ္ခ်င္ေနတာေနာ္၊ အဲဒါ သတိေပးလိုက္။

ေမး။      ။ တိုင္းျပည္ေခ်ာက္က်ေအာင္ဆိုေတာ့ ဘယ္လိုလုပ္ငန္းမ်ိဳးလဲ ဘုရား။

ေျဖ။      ။ ယိုးဒယားကို ဒကာ အခုတေလာမွာ ၾကည့္လိုက္။ ယိုးဒယားမွာ ဒီမိုကေရစီဆိုတဲ့ သေဘာမ်ိဳးနဲ႔ လုပ္ေနေပမယ့္ ကမၻာမွာ ယိုးဒယားက အာဏာသိမ္းတာ အမ်ားဆုံးပဲ၊ သိမ္းၿပီးရင္လည္း မူဝါဒက  နဂိုအတိုင္းပဲ သြားေနတဲ့ အခါက်ေတာ့ အေမရိကန္က ႏႈတ္ပိတ္ၿပီးေတာ့ ဒီအတိုင္း မေနေနဘူးလား။ ဗမာျပည္က အာဏာ သိမ္းလိုက္တဲ့အခါက်ေတာ့ အေမရိကန္က သူ႔မူဝါဒ အတိုင္းမလိုက္ဘဲနဲ႔  ဦးေနဝင္းတို႔ ဆိုရွယ္လစ္ဘက္ကို လုပ္လိုက္တဲ့ အခါက်ေတာ့ အေမရိကန္က ကလန္တယ္ေလ။ အကယ္၍ ဦးေနဝင္းသာ အေမရိကန္နဲ႔ တည့္ေအာင္ ေပါင္းေနမယ္ တည့္ေနတယ္ ဆိုရင္ ဒါဟာ သူတို႔ ေျမႇာက္စားေနမွာပဲ။

ပါကစၥတန္မွာလည္း အာဏာသိမ္းတဲ့ ဗိုလ္ခ်ဳပ္ေတြကို သူ႔မူဝါဒအတိုင္း လုပ္တဲ့အခါက်ေတာ့ လက္တြဲၿပီးေတာ့ ေဆာင္ရြက္ေနတယ္။ သူ႔မူဝါဒအတိုင္း လုပ္မယ္ ဆိုရင္ ဘယ္သူသိမ္းသိမ္း သူႀကိဳက္တယ္။ ကေန႔ ယိုးဒယားရဲ့ လႊတ္ေတာ္မွာ မြတ္စလင္ေတြ ရာနဲ႔ခ်ီၿပီးေတာ့ ေရာက္သြားၿပီ၊ ၾကားဖူူးတယ္ ေနာ္။ အခု ယိုးဒယားက မကၠာသြားတဲ့ ကုလားေတြကို အစိုးရရဲ့ ခရီးစရိတ္ ထုတ္ေပးရတဲ့အျဖစ္ ေရာက္သြားၿပီ။ ၿပီးေတာ့ ယိုးဒယား အေျခအေနမွာ ဓမၼာကာယ ဂိုဏ္း ဆိုတာ ဂိုဏ္း ၂ ဂိုဏ္းထဲမွာ အဓိက ဂိုဏ္းကို အစိုးရက ၿဖိဳခြင္းေနတာေရာ ၾကားလား။ ၾကားတယ္မလား။ ဒီလိုစေနၿပီေပါ့။

ဗမာျပည္မွာ အဲဒီအႏၲရာယ္ကို ကာကြယ္ဖို႔ရန္ အတြက္ ေရွးကတည္းက ဦးေနဝင္းတို႔ လက္ထက္ကတည္းက ဘာသာျခားေတြကို ရာထူးႀကီးႀကီး မေပးခဲ့ဘူး။ ဗိုလ္မႉးခ်ဳပ္ေအဘယ္ တေယာက္ပဲ အရည္အခ်င္းရွိလို႔ နဂိုကတည္းက ဒီရာထူးနဲ႔ပဲ ေနတယ္။ ဒါေပမယ့္ အေရးပါတဲ့ေနရာမွာ မထားဘဲနဲ႔ နိုင္ငံျခားဘက္မွာပဲ ထားသြားတယ္။ ေနာက္ထပ္ ေနာက္ထပ္ ဘယ္သူမွ ဗိုလ္မႉးႀကီး မျဖစ္လာရဘူး။

ကိုနီက ၿခံစည္းရိုးဆိုတဲ့ ဥပေဒကို တေခ်ာင္းခ်င္း တေခ်ာင္းျခင္း ဖယ္ရွားေနတယ္။ တျဖည္းျဖည္း သူ႔လူေတြကို ဝင္လာနိုင္ေအာင္ လုပ္ေနတယ္။ ဒါကို ဉာဏ္မ်က္စိနဲ႔ ျမင္ေအာင္ ၾကည့္တတ္ၾကဖို႔ လိုတယ္။ ဒို႔ ဧည့္စာရင္းစစ္တဲ့ဟာ ကို ပထမဆုံး ဖ်က္ပစ္လိုက္တယ္။ ဧည့္စာရင္း တိုင္တဲ့ ေနရာမွာ ဟိုးလြန္ခဲ့တဲ့ အႏွစ္၂ဝ၊၂၅ ေလာက္တုန္းက ၁ က်ပ္လား ေပးရတယ္၊ တို႔ရြာမွာ။ ေနာက္ပိုင္း ဘယ္ေလာက္ေပးရလဲ မသိဘူး။ ဘာပဲျဖစ္ျဖစ္ လူေတြက ေပးရရင္ မႀကိဳက္ဘူးေလ။ လူေတြက ဧည့္စာရင္းကိစၥရႈပ္တယ္ ဆိုၿပီးေတာ့၊ ဒီအကြက္ကို သူတို႔က လူထုမႀကိဳက္ဘူး ဆိုၿပီး လုပ္လိုက္တာ။ အေၾကာင္းျပတာ။ ဒါဖ်က္လိုက္တာနဲ႔ တခါတည္း  ဒီၿခံစည္းရိုး တေခ်ာင္း က်ိဳးတာနဲ႔ တခါတည္း သူ႔မြတ္စလင္ ကုလားေတြ တန္းစီၿပီးေတာ့ ဝင္လာတာ မေတြ႕ဘူးလား။ ဒါက တိုင္းျပည္ အလားအလာ အတြက္ ဒီအတိုင္းသြားရင္ မေကာင္းဘူးဆိုတာ ျမင္တယ္။ ဒီေလာက္နဲ႔ေတာ့ မျဖစ္ေသးဘူး။ တျဖည္းျဖည္း၊  တျဖည္းျဖည္းခ်င္း လာမယ္။  အဲဒါတိုင္းျပည္ ေခ်ာက္က်မယ့္ သေဘာပဲ။

ေမး။      ။ အေျခခံဥပေဒက ျပင္ဆင္ဖို႔ မလိုဘူးလို႔ ယူဆပါသလား။

ေျဖ။      ။ ေလာေလာဆယ္ဆယ္ ျပင္ဆင္ဖို႔ မလိုေသးဘူး။ ျပင္ဆင္ဖို႔ ဆိုတာလည္း မရေသးဘူး။ မရေသးတဲ့ အတြက္ေၾကာင့္ ျပင္မယ္လို႔ ေျပာေနတာကလည္း အမုန္းပြားတာပဲ အဖတ္တင္မယ္၊ ငါလည္း စိတ္ပူၿပီးေတာ့ ေျပာဖူးတယ္။ ဗိုလ္ခ်ဳပ္ႀကီး တေယာက္ ေျပာတယ္၊ ဆရာေတာ္ ဘာမွ မပူပါနဲ႔၊  တပ္မေတာ္သည္ အေျခခံဥပေဒကို ကာကြယ္ရမည္လို႔ စာေၾကာင္းပါတယ္။ တေလာက ေဆာင္းပါးမွာ ဖတ္လိုက္ရတာက အေျခခံဥပေဒ ထိန္းသိမ္းဖို႔ရန္ တပ္မေတာ္သည္ အဓိက တာဝန္ရွိသည္။ ဒီလိုစာသားနဲ႔ ေရးထားတာ ရွိတယ္။ ဟို ဗိုလ္ခ်ဳပ္ေျပာတာကေတာ့ ဗမာလို ေျပာခ်လိုက္တာပဲေလ။ တပ္မေတာ္သည္ အေျခခံဥပေဒကို ကာကြယ္ရမည္။ ဒီအေျခခံဥပေဒကို တပ္မေတာ္က ခြင့္မျပဳရင္ ဘယ္သူမွ ျပင္လို႔ မရဘူး။ ျပင္ခ်င္ရင္ တပ္မေတာ္နဲ႔ သင့္ေလ်ာ္ေအာင္ေပါင္း၊ ညႇိ။ ဟုတ္ၿပီလား။

အဲဒီလို ကာကြယ္ရတဲ့ အပိုင္းေတြ အမ်ားႀကီး ရွိတယ္။ ဟိုေကာင္ေတြက ဥပေဒဆိုတဲ့ ၿခံစည္းရိုးကို တေခ်ာင္းခ်င္း၊  တေခ်ာင္းခ်င္း၊ ျဖည္းျဖည္း မသိမသာ ျဖဳတ္။ သူတို႔က ဘာမွ နားမလည္တဲ့ လူထုကို ဘာမဟုတ္တာေလး တခုေပး၊   ဘာမဟုတ္တဲ့ တက်ပ္၊  ငါးမူး သက္သာတာကို။ တကယ္ သူ႔လူ သူသြင္းခ်င္တာကိုကေတာ့ ျမႇုပ္ထားတယ္။ ဒီ့အျပင္အေရးႀကီးတဲ့ဟာေတြ ရွိေသးတယ္။

အဲဒါ တိုင္းျပည္ ေခ်ာက္က်သြားမွာပဲ။ ေခ်ာက္ေတာ့ အက်မခံဘူး။ ေျပာလို႔ မရရင္ေတာ့ တို႔ မ်ိဳးခ်စ္လူေတြက၊  ဘုန္းႀကီးေတြ ကေရာ လက္ခံနိုင္မွာ မဟုတ္ဘူး။ လက္မခံနိုင္ရင္ တိုင္းျပည္ ပြက္မယ္။ တိုင္းျပည္ပြက္လို႔ အစိုးရက ထိန္းမနိုင္ သိမ္းမနိုင္ ျဖစ္ရင္ တပ္က အာဏာသိမ္းမယ္၊  ဒီလမ္းစဥ္ပဲရွိတာ။ အဲဒီလိုဆိုရင္ တို႔ဒီမိုကေရစီ ဘာျဖစ္သြားမလဲ။ ငါတို႔က အဲဒီ ဒီမိုကေရစီကို ေပးမပ်က္ေစခ်င္လို႔။ ဒီကိုနီ ေမႊေနပုံက တေန႔ေတာ့ ဒုကၡေတာ့ ေပးေတာ့မွာပဲ လို႔၊  ဒီလိုေတာ့ သိတယ္ေလ။

အခုသည္ပင္လၽွင္ တပ္မေတာ္က ငါတို႔ အတြင္းက်က်သိထားတဲ့ အသိတခုက၊  မွားရင္လည္း မွားမယ္၊  မွန္ရင္လည္း မွန္မယ္၊  ဒီမိုကေရစီနဲ႔ ဒကာမႀကီး ေဒၚေအာင္ဆန္းစုၾကည္ ဘယ္ေလာက္ တိုင္းျပည္ကို တိုးတက္ေအာင္ သူလုပ္နိုင္ သလဲ။ သူ႔လုပ္ေဆာင္ခ်က္က တိုင္းျပည္ အတြက္ ဘယ္ေလာက္ေတာင္ အႏၲရာယ္ မ်ားသြားသလဲ။ ဒါကို တပ္မေတာ္က ေစာင့္ၾကည့္ေနတယ္၊ လူထုက သူ႔ကို တအား ယုံၾကည္ေနတာကို။ ကေန႔အထိေတာ့ တိုင္းျပည္ ကေသာင္းကနင္း ျဖစ္ေလာက္ေအာင္ မျဖစ္ေသးဘူး။ မျဖစ္ေသးတဲ့ အတြက္ေၾကာင့္ ဒီအတိုင္ပင္ခံ ဆိုင္ရာ၊  ဒီ ကိုနီတို႔ လုပ္လိုက္တဲ့ အခါက်ေတာ့၊ အေျခခံဥပေဒနဲ႔မညီတဲ့ အခါက်ေတာ့၊ တပ္မေတာ္က ေတာက္တခ်က္ ေခါက္သြားတယ္၊ သည္းခံလိုက္တယ္၊ မလုပ္ေသးဘူး၊ ေစာင့္ၾကည့္ေနတယ္။ ဒီလိုဟာ မ်ားေနရင္ ပါးစပ္က ေတာက္ခတ္႐ုံတင္ မကေတာ့ဘဲ လက္ပါလာမယ္။ ဒါေတြကို သတိျပဳမိၾကရဲ့လား ဆိုတာေတာ့ မေျပာနိုင္ဘူးေလ။ ငါတို႔ကေတာ့ စိတ္ပူေနတယ္။

ေမး။      ။ ဒီလုပ္ႀကံမႈမွာ အၿငိမ္းစားယူသြားတဲ့ တပ္မေတာ္ အရာရွိႀကီးေဟာင္းေတြ ပါဝင္ေနတယ္ လို႔ ယူဆသူေတြလည္း ရွိပါတယ္။ ဒီလို ယူဆခ်က္ေတြကိုေရာ ဘယ္လိုထင္ပါသလဲ။

ေျဖ။      ။ ဒါကကြာ လယ္ျပင္မွာ ဆင္သြားသလိုပဲ ထင္ရွားေနတာပဲ။ ဉာဏ္မ်က္စိနဲ႔ ၾကည့္ရင္ျမင္တယ္ေလ။ ဒီမိုုကေရစီကို မင္းတို႔၊  ငါတို႔ ျပည္သူေတြက ေအာ္ဟစ္ တိုက္ခိုက္လို႔ ရလာတာမွ မဟုတ္တာ။ ဟိုတုန္းက ငါတို႔ ေအာ္ဟစ္ တိုက္ခိုက္လို႔ ေသတာပဲ အဖတ္တင္ခဲ့တယ္ေလ။ ရရဲ့လား၊  မရဘူးေနာ္။ ေနာက္ဆုံး အေျခခံ ၇ ခ်က္ ဆိုၿပီး ယိုးဒယားက ေျပာလို႔ ဦးခင္ညြန႔္တို႔က ဘာေျမပုံဆိုလဲ အဲဒါေတြနဲ႔ အေျခခံေတြ ဆြဲၿပီး ၿငိမ္ဝပ္ပိျပားေရး လက္ထက္မွာ ေလ၊ ဆြဲၿပီးလို႔ အားလုံး လမ္းခင္းၿပီးတဲ့ အခါက်မွ ဒီမိုကေရစီ ပါတီစုံေရြးေကာက္ပြဲကို ခ်ေပးခဲ့တယ္ေလ။

ခ်ေပး လိုက္တဲ့ အခါက်ေတာ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ အဖြဲ႕က ပထမအသုတ္မွာ ဝင္မၿပိဳင္ဘူးေလ။ အဲဒါ ဘယ္သူက မၿပိဳင္ခိုင္းလို႔ မဝင္သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင္ ေလွေမွာက္တယ္ ဆိုတဲ့ ဂ်ာနယ္တေစာင္ေရးတဲ့ ေဆာင္းပါး၊ ဒကာ ဖတ္လိုက္ပါ၊  အဲဒီမွာ ၆ ခ်က္ ေတြ႕လိမ့္မယ္၊ ေနာက္ဆုံးတခ်က္ ငါေျပာမယ္၊ အဲဒီမွာ ကိုနီက အႀကံဉာဏ္ ေပးတယ္၊ ေရြးေကာက္ပြဲနိုင္ရင္လည္း ေဒၚစု သမၼတ မျဖစ္ဘူး၊ အေျခခံဥပေဒ မျပင္တဲ့ အတြက္ေၾကာင့္။ နိုင္ေတာ့ နိုင္မယ္၊ သမၼတလုပ္လို႔ မရဘူး။ အေျခခံဥပေဒကို အစကေန ျပန္ေရးမယ္ ဆိုတဲ့ အသံေရာ မၾကားဘူးလား။ အဲ့ဒီမွာ ေဒၚစုကို သူက ေျပာတဲ့အခါမွာ ေဒၚစုက သူ႔အေပၚမွာ သံသယျဖစ္တယ္လို႔ တို႔ၾကားတယ္။ သူက မလုပ္နဲ႔၊  လုပ္ရင္ တပ္မေတာ္နဲ႔ ထိပ္တိုက္ေတြ႕မယ္ လို႔ ေျပာတယ္ ဆိုလားပဲ။

ဦးကိုနီကိုလည္း နိုင္ငံျခား OIC ကေန ေငြေၾကးေတြ ေထာက္ပံ့ေပးၿပီး မင္းဒါေတြ မလုပ္ေသးဘူးလား လို႔ ဖိအားေတြ ေပးေနတယ္။ သူ လုပ္ျပန္ေတာ့လည္း ေဒၚစုတို႔က လက္မခံျပန္ဘူး။ မလုပ္ေသးဘူး။ ဆိုင္းထားတယ္ေပါ့။ သူ႔ကို တဖက္ကလည္း ေငြအားနဲ႔ ဖိအားေပး အက်ပ္ကိုင္ေနေတာ့ သူလုပ္ထားတဲ့ အလုပ္ကို စာအုပ္ ရိုက္ၿပီး ေဝလိုက္တယ္ ေလ။ အဲဒီမွာ ေဒၚေအာင္ဆန္းစုၾကည္ ေဒါပြတယ္ ဆိုတာ ၾကားတယ္။ ေဒၚစုက သူနဲ႔ ၃ လေလာက္ တန္းသြားၿပီး အေတြ႕မခံဘူး လို႔လည္း ၾကားတယ္။ ဟုတ္ မဟုတ္ေတာ့ မသိဘူးေနာ္၊ ၾကားတာ။ အဲ့ဒီရဲ့အရွိန္နဲ႔ အခုလို အသတ္ခံရတယ္ ဆိုေတာ့ ဘယ္လိုေတြ၊  ဘယ္ဝါေတြေတာ့ မေျပာနိုင္ဘူးေပါ့။

သတ္တာမွာ လူတေယာက္သတ္တာ ဘယ္ေနရာသတ္သတ္ ရတာပဲ။ ဒီေလာက္ လက္နက္ေတြ ေပါေနတာ။ လူေကာင္ မေပၚဘဲနဲ႔ကို သတ္လို႔ ရတာပဲ။ မဂၤလာေဆာင္မွာလည္း သတ္လို႔ရတာပဲ။ အားလုံးရရဲ့သားနဲ႔ လူျမင္ကြင္း ျဖစ္တဲ့ ကမၻာသိ ျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ မဂၤလာဒုံေလဆိပ္မွာ ေျဗာင္ႀကီး လုပ္ပစ္လိုက္တာက တိုင္းျပည္က ဘယ္လို ျဖစ္ေနလဲ ဆိုတာကို ဉာဏ္မ်က္စိ၊ ဉာဏ္နားနဲ႔ နားေထာင္လိုက္ရင္ သိနိုင္တယ္။

ေမး။      ။ ဒါဟာ ျပည္သူ ထိတ္လန႔္ေစေအာင္ ခ်ိန္းေခ်ာက္လိုက္တဲ့ သေဘာပဲလို႔ ဘုန္းဘုန္းတို႔ ယူဆတယ္ ေပါ့။

ေျဖ။      ။ အဲ့ဒီေလာက္ မဟုတ္ဘူး။ ျပည္သူလူထုနဲ႔ ဘာမွ မဆိုင္ဘူး။ ျမန္မာျပည္ႀကီးက ရန္ကုန္မွာ၊  အေစာင့္ေရွာက္ ေတြ ထူထပ္တဲ့ မဂၤလာဒုံမွာ မလုံျခဳံေတာ့ဘူး ဆိုတာကို ကမၻာကို လက္ေတြ႕ျပလိုက္တဲ့ သေဘာပါ။ ကမၻာက သိသြားတယ္ ေလ။ ေသတာနဲ႔ နာရီဝက္ေလာက္မွာပဲ နိုင္ငံျခားတခုက ခ်က္ခ်င္း ေၾကညာတယ္။ သူ႔ကို ႀကိဳးကိုင္ေနတဲ့ အဖြဲ႕က အရင္ဆုံး ေၾကညာတာ။ အဂၤလိပ္လို နာမည္ မမွတ္မိဘူး။ အျပင္ေလာကမွာ အဲ့ဒီအဖြဲ႕ကပဲ သတ္ခိုင္းသလိုလို ေတာင္ ၾကားလိုက္တယ္။ သူတို႔ ခိုင္းတဲ့ အတိုင္း မျဖစ္လာလို႔၊ သူက အဲ့ဒီက ေငြေတြ အမ်ားႀကီး ယူထားတယ္။

ေမး။      ။ လုပ္ႀကံတာ သူ႔ေနာက္ကြယ္က အဖြဲ႕အစည္းလို႔ပဲ ယူဆတယ္ ေပါ့။

ေျဖ။      ။ ဘယ္သူမွန္းေတာ့ မသိဘူးေလ။ တို႔အျပင္မွာ ၾကားေနတာက ေဒၚေအာင္ဆန္းစုၾကည္ ဘက္မွာ ပါေနတဲ့ အဖြဲ႕အစည္းထဲက တခ်ိဳ႕ကေတာင္ လုပ္တယ္လို႔ေတာင္ ၾကားတာ။

ေမး။      ။ ဒါဆိုလို႔ရွိရင္ စစ္အရာရွိေဟာင္းေတြ ပါတဲ့ အဖြဲ႕အစည္းက လုပ္တယ္လို႔ ဘုန္းဘုန္းတို႔ မယူဆဘူး ေပါ့။

ေျဖ။      ။ အဲ့ဒီဟာက နည္းနည္းေတာ့ ပါးတယ္။ သူတို႔ အဖြဲ႕ထဲမွာကို သူခ်ယ္လွယ္ေနတာကို မႀကိဳက္တဲ့သူ အမ်ားႀကီး ရွိတယ္။ တိုင္းျပည္ တခုလုံးကို တဦးတည္း ႀကိဳးကိုင္ၿပီး ေမႊေနတယ္ ဆိုေတာ့…။ သူတို႔ထဲမွာလည္း တိုင္းျပည္ကို တကယ္ေခ်ာက္က်သြားမွာ ေၾကာက္တဲ့သူ အမ်ားႀကီး ရွိတယ္ ေလ။ ေျဗာင္ မေျပာရဲတဲ့ သူေတြေလ၊ ေျဗာင္ ေျပာရင္ ေဘးေရာက္သြားမယ္ ေလ။ ဒီလိုေတြေရာ မရွိနိုင္ဘူးလား၊ အမ်ားႀကီးပဲ။ သိမ္ေမြ႕တယ္ ေလ။ အဲ့ဒီလိုေတြ အမ်ားႀကီး အႏၲရာယ္ ျဖစ္လာနိုင္ရင္ေတာ့ ဒီလိုရွင္းျပစ္မယ္ ဆိုတာေတြ လာလိမ့္ဦးမယ္။ ေနာက္ထပ္ ဘယ္သူေတြ ဘာထပ္ျဖစ္မလဲ ဆိုတာေတာ့ မေျပာနိုင္ဘူး။

ေမး။      ။ ဒါဆို ေနာက္ထပ္ ဒီလိုေတြ ထပ္ျဖစ္နိုင္ေသးတယ္ လို႔ ယူဆပါသလား။

ေျဖ။      ။ ဘယ္သူေတြ ဘယ္လိုထပ္ျဖစ္မယ္ ဆိုတာ မသိနိုင္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္လည္း လုံျခဳံေရး တင္းတင္းက်ပ္က်ပ္ ေနထိုင္သြားလာဖို႔၊  က်န္တဲ့ပုဂၢိဳလ္ေတြလည္း ဒီတိုင္းပဲေပါ့ေလ။ တို႔က ဘယ္သူ႔ကိုမွ၊  အေရးႀကီးတဲ့ သူေတြကို ဘာမွ ထပ္မျဖစ္ေစခ်င္ဘူး။

ေမး။      ။   ေနာက္ထပ္ ျဖစ္လာနိုင္ေၿခ ရွိတယ္ ဆိုေတာ့ NLD ရဲ့ ဥပေဒအႀကံေပးေတြ လႊတ္ေတာ္ ကိုယ္စားလွယ္ ထဲမွာလည္း အစၥလမ္ဘာသာဝင္ မရွိဘူး။ ပါတီရဲ့ ဗဟိုေကာ္မတီဝင္ေတြမွာလည္း မပါဘူး။ အဲ့ဒီေတာ့ အေျခခံဥပေဒ ကို ျပင္ဆင္ဖို႔ ပါတီထဲက ႀကိဳးစားေနတဲ့ ဗုဒၶဘာသာဝင္ တေယာက္ ျဖစ္လာနိုင္တယ္ လို႔ ယူဆသလား။

ေျဖ။      ။ အေျခခံဥပေဒကို အဲဒီလိုပဲ လုပ္လာၿပီးေတာ့ ကိုးရိုးကားယားေပါ့…၊ ဥပမာ ဦးကိုနီလိုပဲ ေမႊလာမယ့္သူ ရွိလာရင္ေတာ့ သတ္မယ့္လူလည္း ေပၚလာဦးမွာပဲ။ တိုင္းျပည္ ထိတ္လန႔္ရင္ ဗုဒၶဘာသာပဲ ျဖစ္ျဖစ္၊  ဘာပဲ ျဖစ္ျဖစ္ ရွင္းၾကမွာပဲ။ တိုင္းျပည္ ဒုကၡေရာက္သြားမယ္ ဆိုရင္။

ေမး။      ။ အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုင္တြယ္ေနတာ သိမ္ေမြ႕တယ္။  ဒါေပမယ့္ တခ်ိန္မွာ သူကိုယ္တိုင္ ထုတ္ေျပာမယ္၊  ပါတီဗဟိုအလုပ္အမႈေဆာင္ေတြကလည္း အေျခခံဥပေဒနဲ႔ ပတ္သက္ၿပီး ထုတ္ေျပာမယ္ ဆိုရင္ သူတို႔လည္း အႏၲရာယ္ ရွိနိုင္တယ္ ေပါ့။

ေျဖ။ ။ ကိုးရိုးကားယား ျဖစ္မယ့္ အေနအထား ဆိုရင္ေတာ့ အႏၲရာယ္ ရွိနိုင္တာခ်ည္းပဲ ေလ။ အားလုံး အႏၲရာယ္ ရွိနိုင္တာေပါ့။ တို႔လည္း အႏၲရာယ္ ရွိတာပဲ။ သြားရင္ အေစာင့္အေရွာက္နဲ႔ သြားေနရတာပဲ။ ကုလားရဲ့အႏၲရာယ္ေပါ့။ အႏၲရာယ္ႀကီးတာနဲ႔ ငယ္တာပဲ ကြာတာ။ အဲဒါေၾကာင့္ ငါတို႔က ဘယ္သူ႔ကိုမွ ဘာမွ မေပးျဖစ္ေစခ်င္တာ အမွန္ပဲ။ တို႔ အဖြဲ႕အစည္းက ဘယ္လုပ္ႀကံမႈကိုမွ အားမေပးဘူးေလ။ အားလုံး ေအးေအးေဆးေဆး ျဖစ္ေစခ်င္တယ္။ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းနဲ႔ ဒီမိုကေရစီပန္းတိုင္ေရာက္ေအာင္ေပါ့။

အခုက ပန္းတိုင္မေရာက္ေသးဘဲ အစမွာပဲ ခ်ာလပတ္လည္ေနတယ္။ တို႔ကေတာ့ တကယ္ တိုင္းျပည္ ေကာင္းေစ ခ်င္တာ။ ေရြးေကာက္ပြဲ မလုပ္ခင္ကတည္းက ငါတို႔ညီလာခံမွာ ေျပာခဲ့တာပဲ၊ တြဲၿပီးေတာ့ တကယ္ အုပ္ခ်ဳပ္။ ကၽြမ္းက်င္တဲ့ သူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ဘက္က တကယ္ေတာ္တဲ့သူနဲ႔ ၃ ပုံ ၁ ပုံ၊  ဒါမွမဟုတ္ ၃ ပုံ ၂ ပုံ ပါဝင္ၿပီး တြဲအုပ္ခ်ဳပ္သြားရင္၊  တျဖည္းျဖည္းနဲ႔ ဟိုပုဂၢိဳလ္ေတြကို ေဘးဖယ္ဖယ္သြားရင္ ကိုယ္လည္း အုပ္ခ်ဳပ္ေရး တတ္သြား မယ္။ အခုက အုပ္ခ်ဳပ္ေရး မတတ္တဲ့သူက အစိုးရျဖစ္ေနတယ္။    ။

https://burma.irrawaddy.com/opinion/interview/2017/03/01/131155.html
==============

အခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး

၂ဝ၁၅ နှစ်ကုန်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ / ဖြိုးသီဟချို / Myanmar Now
ဦးကိုနီလိုမျိုး အခြေခံဥပဒေ ပြင်ဆိုလိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင် မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ က သတိပေးလိုက်ပါတယ်။

Myanmar Now သတင်းထောက် ထက်ခေါင်လင်းက မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိ အား ဆက်သွယ်၍ လျှောက်ထား မေးမြန်းရာမှာ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့ရဲ့ သဘောထား၊ တပ်မတော် အာဏာသိမ်းခြင်း၊ ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှု မပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့ စသည့် အကြောင်းများနှင့် ပတ်သက်တဲ့  မိန့်ကြားချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး။      ။ ဦးဝီရသူရဲ့ လူမူကွန်ရက် စာမျက်နှာမှာ ဦးကိုနီကို သတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့ အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော် တပါးနေနဲ့ ဒီလိုမျိုး ပြောရမလား ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်း အနေနဲ့ရော ဘယ်လိုများ သဘောရပါသလဲ ဘုရား။

ဖြေ။      ။ သူ့ရဲ့ ပုဂ္ဂလိက အာဘော်ပဲ။ မဘသ အနေနဲ့ ပြောတာ မဟုတ်ဘူးလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူး ပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့ လူတွေကတော့ ဘာပဲ ဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊ မဟုတ်ဘူးလား၊  ဒီသဘောတော့ ရှိတာပေါ့။ ဒါပေမယ့် ဘုန်းကြီးတို့က အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီ သေတာကိုလည်း ဒါဟာ သတ္တဝါ တဦးသေ သလို ဝမ်းနည်းတာပဲ ပေါ့။ အားလုံး သေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။ ဘုရားက မြွေဟောက်တကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့ တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊ ဖတ်ဖူးတယ် ဟုတ်။ မည်သူတဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့ အဖွဲ့က မကြိုက်ဘူး လေ။ ဒါ သဘောထား ကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲ ဟာ။ ဖတ်ရတယ် မဟုတ်လား။

မေး။      ။ အခုက သူ့ရဲ့ အာဘော်ဆိုပေမယ့် သံဃာတော်တပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတည့်အလင်း ချပြဖို့ သင့်မသင့် ဘယ်လိုမြင်လဲဘုရား။

ဖြေ။      ။ အဲဒါတော့ ဘုန်းကြီး မပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲ လေ။ သေတာလည်း သူ့ကိစ္စနဲ့သူပဲ လေ။ အမှန်ကတော့၊ ဘုန်းကြီးတို့ အမြင်ကတော့ ကိုနီကို မုန်းနေတာ အများကြီး ဖြစ်နေတာကို။ သတ်ချင်တဲ့ သူကလည်း အများကြီး ဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ် တတပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည် ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။

မေး။      ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲ ဘုရား။

ဖြေ။      ။ ယိုးဒယားကို ဒကာ အခုတလောမှာ ကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့် ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊ သိမ်းပြီးရင်လည်း မူဝါဒက  နဂိုအတိုင်းပဲ သွားနေတဲ့ အခါကျတော့ အမေရိကန်က နှုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာ သိမ်းလိုက်တဲ့အခါကျတော့ အမေရိကန်က သူ့မူဝါဒ အတိုင်းမလိုက်ဘဲနဲ့  ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့ အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ အမေရိကန်နဲ့ တည့်အောင် ပေါင်းနေမယ် တည့်နေတယ် ဆိုရင် ဒါဟာ သူတို့ မြှောက်စားနေမှာပဲ။

ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့အခါကျတော့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။ သူ့မူဝါဒအတိုင်း လုပ်မယ် ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့ လွှတ်တော်မှာ မွတ်စလင်တွေ ရာနဲ့ချီပြီးတော့ ရောက်သွားပြီ၊ ကြားဖူူးတယ် နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့ ယိုးဒယား အခြေအနေမှာ ဓမ္မာကာယ ဂိုဏ်း ဆိုတာ ဂိုဏ်း ၂ ဂိုဏ်းထဲမှာ အဓိက ဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။

ဗမာပြည်မှာ အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ရန် အတွက် ရှေးကတည်းက ဦးနေဝင်းတို့ လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီး မပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ် တယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲ နေတယ်။ ဒါပေမယ့် အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ် နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်လာရဘူး။

ကိုနီက ခြံစည်းရိုးဆိုတဲ့ ဥပဒေကို တချောင်းချင်း တချောင်းခြင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင် လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့ မြင်အောင် ကြည့်တတ်ကြဖို့ လိုတယ်။ ဒို့ ဧည့်စာရင်းစစ်တဲ့ဟာ ကို ပထမဆုံး ဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်း တိုင်တဲ့ နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊၂၅ လောက်တုန်းက ၁ ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ် ဆိုပြီးတော့၊ ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူး ဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တခါတည်း  ဒီခြံစည်းရိုး တချောင်း ကျိုးတာနဲ့ တခါတည်း သူ့မွတ်စလင် ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာ အတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊  တဖြည်းဖြည်းချင်း လာမယ်။  အဲဒါတိုင်းပြည် ချောက်ကျမယ့် သဘောပဲ။

မေး။      ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။

ဖြေ။      ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့ မလိုသေးဘူး။ ပြင်ဆင်ဖို့ ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့ အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီး တယောက် ပြောတယ်၊ ဆရာတော် ဘာမှ မပူပါနဲ့၊  တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။ တလောက ဆောင်းပါးမှာ ဖတ်လိုက်ရတာက အခြေခံဥပဒေ ထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာ ရှိတယ်။ ဟို ဗိုလ်ချုပ်ပြောတာကတော့ ဗမာလို ပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့ မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ ညှိ။ ဟုတ်ပြီလား။

အဲဒီလို ကာကွယ်ရတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တချောင်းချင်း၊  တချောင်းချင်း၊ ဖြည်းဖြည်း မသိမသာ ဖြုတ်။ သူတို့က ဘာမှ နားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေး တခုပေး၊   ဘာမဟုတ်တဲ့ တကျပ်၊  ငါးမူး သက်သာတာကို။ တကယ် သူ့လူ သူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင်အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။

အဲဒါ တိုင်းပြည် ချောက်ကျသွားမှာပဲ။ ချောက်တော့ အကျမခံဘူး။ ပြောလို့ မရရင်တော့ တို့ မျိုးချစ်လူတွေက၊  ဘုန်းကြီးတွေ ကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည် ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊  ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။ ငါတို့က အဲဒီ ဒီမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တနေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲ လို့၊  ဒီလိုတော့ သိတယ်လေ။

အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျသိထားတဲ့ အသိတခုက၊  မှားရင်လည်း မှားမယ်၊  မှန်ရင်လည်း မှန်မယ်၊  ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင် သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည် အတွက် ဘယ်လောက်တောင် အန္တရာယ် များသွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊ လူထုက သူ့ကို တအား ယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း ဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့် ဒီအတိုင်ပင်ခံ ဆိုင်ရာ၊  ဒီ ကိုနီတို့ လုပ်လိုက်တဲ့ အခါကျတော့၊ အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တချက် ခေါက်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင် မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လား ဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။

မေး။      ။ ဒီလုပ်ကြံမှုမှာ အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ် လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။      ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်မြင်တယ်လေ။ ဒီမိုုကရေစီကို မင်းတို့၊  ငါတို့ ပြည်သူတွေက အော်ဟစ် တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ် တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊  မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ ချက် ဆိုပြီး ယိုးဒယားက ပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေ ဆွဲပြီး ငြိမ်ဝပ်ပိပြားရေး လက်ထက်မှာ လေ၊ ဆွဲပြီးလို့ အားလုံး လမ်းခင်းပြီးတဲ့ အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။

ချပေး လိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ် ဆိုတဲ့ ဂျာနယ်တစောင်ရေးတဲ့ ဆောင်းပါး၊ ဒကာ ဖတ်လိုက်ပါ၊  အဲဒီမှာ ၆ ချက် တွေ့လိမ့်မယ်၊ နောက်ဆုံးတချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ် ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတ မဖြစ်ဘူး၊ အခြေခံဥပဒေ မပြင်တဲ့ အတွက်ကြောင့်။ နိုင်တော့ နိုင်မယ်၊ သမ္မတလုပ်လို့ မရဘူး။ အခြေခံဥပဒေကို အစကနေ ပြန်ရေးမယ် ဆိုတဲ့ အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကို သူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူက မလုပ်နဲ့၊  လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ် လို့ ပြောတယ် ဆိုလားပဲ။

ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေ ထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလား လို့ ဖိအားတွေ ပေးနေတယ်။ သူ လုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကို တဖက်ကလည်း ငွေအားနဲ့ ဖိအားပေး အကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့ အလုပ်ကို စာအုပ် ရိုက်ပြီး ဝေလိုက်တယ် လေ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ် ဆိုတာ ကြားတယ်။ ဒေါ်စုက သူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူး လို့လည်း ကြားတယ်။ ဟုတ် မဟုတ်တော့ မသိဘူးနော်၊ ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ် ဆိုတော့ ဘယ်လိုတွေ၊  ဘယ်ဝါတွေတော့ မပြောနိုင်ဘူးပေါ့။

သတ်တာမှာ လူတယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက် လက်နက်တွေ ပေါနေတာ။ လူကောင် မပေါ်ဘဲနဲ့ကို သတ်လို့ ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်း ဖြစ်တဲ့ ကမ္ဘာသိ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီး လုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လို ဖြစ်နေလဲ ဆိုတာကို ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။

မေး။      ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ချိန်းချောက်လိုက်တဲ့ သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ် ပေါ့။

ဖြေ။      ။ အဲ့ဒီလောက် မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှ မဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊  အစောင့်ရှောက် တွေ ထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူး ဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့ သဘောပါ။ ကမ္ဘာက သိသွားတယ် လေ။ သေတာနဲ့ နာရီဝက်လောက်မှာပဲ နိုင်ငံခြားတခုက ချက်ချင်း ကြေညာတယ်။ သူ့ကို ကြိုးကိုင်နေတဲ့ အဖွဲ့က အရင်ဆုံး ကြေညာတာ။ အင်္ဂလိပ်လို နာမည် မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလို တောင် ကြားလိုက်တယ်။ သူတို့ ခိုင်းတဲ့ အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီက ငွေတွေ အများကြီး ယူထားတယ်။

မေး။      ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ် ပေါ့။

ဖြေ။      ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာ ကြားနေတာက ဒေါ်အောင်ဆန်းစုကြည် ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင် ကြားတာ။

မေး။      ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေ ပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူး ပေါ့။

ဖြေ။      ။ အဲ့ဒီဟာက နည်းနည်းတော့ ပါးတယ်။ သူတို့ အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကို မကြိုက်တဲ့သူ အများကြီး ရှိတယ်။ တိုင်းပြည် တခုလုံးကို တဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ် ဆိုတော့…။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီး ရှိတယ် လေ။ ဗြောင် မပြောရဲတဲ့ သူတွေလေ၊ ဗြောင် ပြောရင် ဘေးရောက်သွားမယ် လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ် လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ် ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပြစ်မယ် ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲ ဆိုတာတော့ မပြောနိုင်ဘူး။

မေး။      ။ ဒါဆို နောက်ထပ် ဒီလိုတွေ ထပ်ဖြစ်နိုင်သေးတယ် လို့ ယူဆပါသလား။

ဖြေ။      ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ် ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊  ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊  အရေးကြီးတဲ့ သူတွေကို ဘာမှ ထပ်မဖြစ်စေချင်ဘူး။

မေး။      ။   နောက်ထပ် ဖြစ်လာနိုင်ခြေ ရှိတယ် ဆိုတော့ NLD ရဲ့ ဥပဒေအကြံပေးတွေ လွှတ်တော် ကိုယ်စားလှယ် ထဲမှာလည်း အစ္စလမ်ဘာသာဝင် မရှိဘူး။ ပါတီရဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်လာနိုင်တယ် လို့ ယူဆသလား။

ဖြေ။      ။ အခြေခံဥပဒေကို အဲဒီလိုပဲ လုပ်လာပြီးတော့ ကိုးရိုးကားယားပေါ့…၊ ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ်၊  ဘာပဲ ဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည် ဒုက္ခရောက်သွားမယ် ဆိုရင်။

မေး။      ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတာ သိမ်မွေ့တယ်။  ဒါပေမယ့် တချိန်မှာ သူကိုယ်တိုင် ထုတ်ပြောမယ်၊  ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြောမယ် ဆိုရင် သူတို့လည်း အန္တရာယ် ရှိနိုင်တယ် ပေါ့။

ဖြေ။ ။ ကိုးရိုးကားယား ဖြစ်မယ့် အနေအထား ဆိုရင်တော့ အန္တရာယ် ရှိနိုင်တာချည်းပဲ လေ။ အားလုံး အန္တရာယ် ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ် ရှိတာပဲ။ သွားရင် အစောင့်အရှောက်နဲ့ သွားနေရတာပဲ။ ကုလားရဲ့အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ ငယ်တာပဲ ကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှ မပေးဖြစ်စေချင်တာ အမှန်ပဲ။ တို့ အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေး ဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။

အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည် ကောင်းစေ ချင်တာ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာ ပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ် အုပ်ချုပ်။ ကျွမ်းကျင်တဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊  ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီး တွဲအုပ်ချုပ်သွားရင်၊  တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်း အုပ်ချုပ်ရေး တတ်သွား မယ်။ အခုက အုပ်ချုပ်ရေး မတတ်တဲ့သူက အစိုးရဖြစ်နေတယ်။    ။
https://burma.irrawaddy.com/opinion/interview/2017/03/01/131155.html

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...