ေရႊတိဂုံဘုရားဖူးမ်ားထံမွ ဖိနပ္အပ္ခ ႏွင့္ အိမ္သာအသုံးျပဳခ က်ပ္ ၁၀၀ စီ ေကာက္ခံမႈစနစ္ရပ္ဆုိင္း

ေရႊတိဂုံဘုရားဖူးမ်ားထံမွ ဖိနပ္အပ္ခ ႏွင့္ အိမ္သာအသုံးျပဳခ က်ပ္ ၁၀၀ စီ ေကာက္ခံမႈစနစ္ ရပ္ဆုိင္းမိန္႔ ့ ၀န္ၾကီးဌာန ထုတ္ျပန္

ေရႊတိဂုံသုိ ့ဘုရားဖူး လာၾကသူမ်ားထံမွ ဖိနပ္တစ္ရံလွ်င္ က်ပ္ ၁၀၀ ေကာက္ခံေနမႈကုိ ရုတ္သိမ္းလုိက္ျပီျဖစ္ျပီး အကယ္၍ ဆက္လက္ ေကာက္ခံေနမႈမ်ား ရွိပါက တိတိက်က် တုိင္ၾကားႏုိင္ျပီဟုလည္း သိရသည္။
ဘုရားဖူးလာသူမ်ားမွာ ဖိနပ္အပ္ႏွံလွ်င္ျဖစ္ေစ၊ မအပ္သည္ျဖစ္ေစ ပလတ္စတစ္အိတ္တစ္လုံးအတြက္ က်ပ္ ၁၀၀ ကုိ ဘုရားေျခရင္း ဖိနပ္စင္ေကာင္တာမွမည္သည့္ပုံစံျဖင့္ တာ၀န္ရွိသည္ကုိ မသိရေသာသူမ်ား၏ ေကာက္ခံမႈအရ ေပးေခ်ေနရျခင္းျဖစ္ျပီး
ယင္းတြင္လည္း မူလက ကပ္ထားေသာ ဆုိင္းဘုတ္၌ က်ပ္ ၅၀ ဟု သတ္မွတ္ထားသည့္တုိင္ က်ပ္ ၁၀၀ အထိ ၄င္းတုိ ့သေဘာျဖင့္ေကာက္ခံေနျခင္းကုိ ဘုရားဖူး ျပည္သူမ်ား ေန ့စဥ္ခံစားေနရျခင္းလည္းျဖစ္သည္။
ယင္းအတြက္ တုိင္ၾကားသူမ်ားလည္း ရွိလာခဲ့ျပီး ေဖေဖာ္၀ါရီ ၂၈ ရက္၌ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ၾကီးဌာနက တရား၀င္စာထုတ္ျပန္လုိက္ျပီး ဖိနပ္အပ္ခံႏွင့္သန္ ့စင္ခန္းအသုံးျပဳခ ကန္ထရုိက္စနစ္ျဖင့္ က်ပ္ ၁၀၀ စီေကာက္ခံေနျခင္းကုိ ရပ္ဆုိင္းျပီျဖစ္ေၾကာင္း သိရသည္။ သုိ ့ေသာ္ ေငြေၾကးေကာက္ခံမႈကုိ ရပ္ဆုိင္း လုိက္သည့္တုိင္ ေမလ ၁ ရက္မွစ၍
ေဂါပကအဖြဲ ့ရုံးမွ ၀န္ထမ္းမ်ားျဖင့္ ဖိနပ္အပ္ႏွံခံျခင္းကုိ ေဆာင္ရြက္သြားမည္ ျဖစ္ျပီး သီးသန္ ့ေငြေၾကးေကာက္ခံျခင္းကုိ လုပ္ခြင့္ျပဳမည္ မဟုတ္ဟုလည္းသိရသည္။ အလားတူပင္ ျပည္နယ္ႏွင့္ တုိင္းေဒသၾကီးအသီးသီးရွိ ဘုရားမ်ားတြင္ ဖိနပ္အပ္ႏွံခ ေကာက္ခံျခင္းမ်ားကုိ ကန္ထရုိက္သက္တမ္းကုန္ဆုံးပါက လုံး၀ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္းလည္း သိရသည္။
Credit.
==========
ရွှေတိဂုံဘုရားဖူးများထံမှ ဖိနပ်အပ်ခ နှင့် အိမ်သာအသုံးပြုခ ကျပ် ၁၀၀ စီ ကောက်ခံမှုစနစ် ရပ်ဆိုင်းမိန့့် ဝန်ကြီးဌာန ထုတ်ပြန်

ရွှေတိဂုံသို့ဘုရားဖူး လာကြသူများထံမှ ဖိနပ်တစ်ရံလျှင် ကျပ် ၁၀၀ ကောက်ခံနေမှုကို ရုတ်သိမ်းလိုက်ပြီဖြစ်ပြီး အကယ်၍ ဆက်လက် ကောက်ခံနေမှုများ ရှိပါက တိတိကျကျ တိုင်ကြားနိုင်ပြီဟုလည်း သိရသည်။
ဘုရားဖူးလာသူများမှာ ဖိနပ်အပ်နှံလျှင်ဖြစ်စေ၊ မအပ်သည်ဖြစ်စေ ပလတ်စတစ်အိတ်တစ်လုံးအတွက် ကျပ် ၁၀၀ ကို ဘုရားခြေရင်း ဖိနပ်စင်ကောင်တာမှမည်သည့်ပုံစံဖြင့် တာဝန်ရှိသည်ကို မသိရသောသူများ၏ ကောက်ခံမှုအရ ပေးချေနေရခြင်းဖြစ်ပြီး
ယင်းတွင်လည်း မူလက ကပ်ထားသော ဆိုင်းဘုတ်၌ ကျပ် ၅၀ ဟု သတ်မှတ်ထားသည့်တိုင် ကျပ် ၁၀၀ အထိ ၎င်းတို့သဘောဖြင့်ကောက်ခံနေခြင်းကို ဘုရားဖူး ပြည်သူများ နေ့စဉ်ခံစားနေရခြင်းလည်းဖြစ်သည်။
ယင်းအတွက် တိုင်ကြားသူများလည်း ရှိလာခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင်စာထုတ်ပြန်လိုက်ပြီး ဖိနပ်အပ်ခံနှင့်သန့်စင်ခန်းအသုံးပြုခ ကန်ထရိုက်စနစ်ဖြင့် ကျပ် ၁၀၀ စီကောက်ခံနေခြင်းကို ရပ်ဆိုင်းပြီဖြစ်ကြောင်း သိရသည်။ သို့သော် ငွေကြေးကောက်ခံမှုကို ရပ်ဆိုင်း လိုက်သည့်တိုင် မေလ ၁ ရက်မှစ၍
ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများဖြင့် ဖိနပ်အပ်နှံခံခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပြီး သီးသန့်ငွေကြေးကောက်ခံခြင်းကို လုပ်ခွင့်ပြုမည် မဟုတ်ဟုလည်းသိရသည်။ အလားတူပင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရားများတွင် ဖိနပ်အပ်နှံခ ကောက်ခံခြင်းများကို ကန်ထရိုက်သက်တမ်းကုန်ဆုံးပါက လုံးဝခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း သိရသည်။
Credit.

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...